ဦးဇာဂနာ နဲ့ ဒေါ်ဆွေဇင်ထိုက် အင်တာဗျူး
အားလုံးလည်း ကြည့်ပြီး ဖြစ်ဖို့များပါတယ်း) ကျွန်မ အင်မတန်လေးစားရတဲ့ အနုပညာရှင်ကြီး ၂ ယောက်ရဲ့ ထူးထူးခြားခြား အင်တာဗျူးဖြစ်တာကြောင့် မကြည့်ရသေးသူတွေများ ရှိခဲ့ရင် ကြည့်နိုင်အောင် ပြန်ဝေမျှပေးလိုက်ပါတယ်ရှင်...
(MikeMinMin Youtube Channel ကနေ ထပ်ဆင့် ပြန်ဝေမျှတာ ဖြစ်ပါတယ်ရှင်)
အပိုင်း (၁)
အပိုင်း (၂)



တန်ဖိုးရှိတဲ့ ဦးဇာဂနာ နဲ့ ဒေါ်ဆွေဇင်ထိုက် တို့ရဲ့ စကားတွေကို နောက်တစ်ခါနားထောင်ဖြစ်တော့လည်း တန်ဖိုးပြောင်းလဲမသွားပါဘူး ညီမလေး သူသူရေ။ ကျေးဇူးတင်ပါတယ်း)
ReplyDeleteတကယ် တန်ဖိုးရှိပြီး အားဖြစ်စေတဲ့စကားပါ မမပန်းချီရေ... ကျေးဇူးကတော့ Online မှာတင်ပေးတဲ့ MikeMinMin Channel ကိုပဲ တင်ရမှာပါး)
Deleteနှစ်ဦးစလုံးက နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်ပြီးသားလူတွေ..။ သူတို့စကားပြောနေတာကိုကြည့်ရတာ ဒီနေ့ခေတ်လူအတော်များများ( အထူးသဖြင့် public figure တွေ) ဆီမှာ မတွေ့ရသလောက်ဖြစ်နေတဲ့ " တစ်ဦးနဲ့တစ်ဦးကို လေးစား၊ယုံကြည်မှု " ကို အထင်းသားမြင်ရတယ်။ အားရကျေနပ်စရာ။ :)
ReplyDeletebtw, မကြည့်ရသေးဘူးအမ။ ဂုမှကြည့်ဖြစ်တာ။
ဟုတ်တယ် ညီမလေး mirrorရေ... အဘက်ဘက်က ပြည့်ဝပြီးသား ပုဂ္ဂိုလ်၂ယောက်ရဲ့ စကားဝိုင်းဆိုတော့ နားထောင်နေတဲ့သူတွေအတွက်လည်း လေးစားမှုတွေ တိုးစေသလို အားလည်းဖြစ်စေတယ်နော်။ ဒီမှာ ကြည့်ဖြစ်သွားလို့ ဝမ်းသာတယ် ညီမလေးရေး)
Deleteမရွှေပြည်သူဆိုတာ ကျွန်တော့် ဆရာပါ
ReplyDeleteတစ်ချိန်က စိတ်ထဲမှာကြိတ်လေးစားခဲ့ရသူပါ
မြင်ဆရာတစ်ပါးပါပဲ။ကျွန်တော် စာရေးချင်စိတ်တွေ
ပေါ်ပေါက်လာအောင်နှိုးဆော်ပေးတာ မရွှေပြည်သူပါ
ဝါသနာအရ ရေးဖြစ်လာရတာကလဲ အားကျမိသူတစ်
ယောက်ကြောင့်ပါ။ကျွန်တော်လွန်ခဲ့ တဲ့ငါးနှစ်လောက်
က မရွှေပြည်သူ ရဲ့ တပည့်အဖြစ်စိတ်ထဲမှာ ခံယူရင်း
စာတွေစရေးဖြစ်ခဲ့တာပါ။နောက်ပိုင်းမှာ ဘလော့လောကနဲ့
အဆက်အသွယ်ခေတ္တပြတ်ပြီးမရောက်ဖြစ်တော့တာပါ
အခုများတော့ပြန်လည်သင်ကြားခွင့်လေ့လာခွင့်တွေ
ပိုင်ဆိုင်လာရပြန်ပါပြီ။ကျွန်တော်ဘလော့သမိုင်းကိုပြန်လှန်
ကြည့်ရင်မရွှေပြည်သူ ရေးသားထားသောစာများကို
၂၀၀၈ ခုနှစ် ၂၀၀၉ ခုနှစ်အတောအတွင်းမှာ ၄-၅ပုဒ်ခန့်ကူးယူ
ဖော်ပြဖူးပါတယ်။ခွင့်မတောင်းခဲ့ရပေမဲ့ ရေးသားသူအမည်
ရင်းကိုတော့ဖော်ပြခဲ့ပါတယ်။ယခုအချိန်အမှန်အတိုင်းဝန်
ခံရရင်တော့မရွှေပြည်သူကိုကျွန်တော် ဆရာတင်နေလျှက်ပါပဲ
ခွင့်ပြုပေးပါလို့တောင်ဆိုပါတယ့်ကျွန်တော်စိတ်ထဲမှာပြင်မရ
တော့တဲ့ အစွဲမို့ပါ။တပည့်တစ်ယောက်လိုသဘောထားစေချင်ပါတယ်
ခင်ဗျာ့ရိုသေလေးစားစွာဖြင့့်
မောင်လေး ဖြိုးဇာနည် ရေ... ဒီစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အစ်မက သူများကို ဆရာလုပ်နိုင်တဲ့ အရည်အချင်းနဲ့ အဆင့်တစ်ခု ရှိတယ်လို့ ကိုယ့်ဘာသာ မထင်မိတာကြောင့် မောင်လေးရဲ့ ဆရာဆိုတာထက် အစ်မတစ်ယောက်လို သဘောထားနိုင်ပါတယ်။ ဘလော့မရေးတာ ကြာရာကနေ ပြန်ရေးတယ်ဆိုတာ သိရတော့ အဖိုးတန်စာတွေ အများကြီး ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်း)
Deleteဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်ဆွေဇင်ထိုက်ရယ်၊ ဂျူးရယ် ၃ယောက်တွေ့ဆုံစေချင်ပါသေးတယ်ရှင်။
ReplyDeleteဟုတ်တယ်နော် မမိုး... တကယ်သာ ဖြစ်ခဲ့ရင် သိပ်ကို စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တွေ့ဆုံမှုတစ်ခု ဖြစ်မှာ သေချာပါတယ်။ တနေ့တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...
Deleteမမရေ အလုပ်ကျမှမြင်လို့ သေချာမှတ်သွားတယ်နားထောင်ဖို့ကို အိမ်ကျမှနားထောင်ရတော့မယ်
ReplyDeleteခင်မင်လျှက်
မဒိုးကန်
ဟုတ်ကဲ့ ညီမလေး မဒိုးကန် ရေ...း)
Deleteမင်္ဂလာပါမရွှေပြည်သူ။မ၀ါဝါရဲ့လင့်ကတဆင့်လာလည်သွားပါတယ်။ဇာဂနာနဲ့ဆွေဇင်ထိုက်တို့ရဲ့အင်တာဗျူးတွေကိုကြည့်သွားပါတယ်။ကျေးဇူးတင်ပါတယ်။
ReplyDeletegmail လိပ်စာယူသွားပါတယ်။
ReplyDeletegtalk online မှာတွေ့ရင်နှုတ်ဆက်ပါရစေ။
ခင်မင်ချင်လို့ပါခင်ဗျာ။
ကိုအောင်လေးခိုင်။
ဟုတ်ကဲ့ပါ ကို aunglaykhaingး) Gtalk မှာ Accept လုပ်လိုက်ပါပြီ။ ကျွန်မ Online ဝင်ဖြစ်တဲ့အခါတွေမှာ နှုတ်ဆက်ပါ့မယ်နော်။ လာလည်သွားတာ ကျေးဇူးတင်ပါတယ်။
Deleteဒီဖိုင်လေးကို မနေ့ကတင် မြန်မာ စလီဗရစ်တီမှာ ကြည့်လိုက်ရတယ်။ သူတို့ ဆွေးနွေးတဲ့ ပုံစံရယ်၊ အကြောင်းအရာတွေရယ်ကို တော်တော်သဘောကျတယ်။ ဦးဇာက အန်တီဆွေဇင်ထိုက်ကို လေးလေးစားစားဆက်ဆံသလို အန်တီဆွေဇင်ထိုက်ကလဲ လေးလေးစားစားပြန်ဆက်ဆံတာကိုတွေ့ရတယ်။ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လေးနက်လို့ ကြိုက်တယ်။
ReplyDeleteညီမလေးရွှေပြည်သူရေ မရောက်တာတောင် အတော်ကြာပေါ့။ နေကောင်းရဲ့နော် ?
ဟုတ်ကဲ့ အစ်မကြယ်ပြာ... အစ်မပြောလိုက်မှ ညီမစိတ်ထဲမှာ ဖြစ်နေပြီး ရေးမချတတ်တာလေး ပေါ်လွင်သွားတယ်။ ဟုတ်တယ်နော် "ပေါ့ပေါ့ပါးပါးနဲ့ လေးနက်"တာ။ သူတို့ရဲ့ အပြန်အလှန် စကားတွေ နားထောင်မိတိုင်း အားတွေဖြစ်လို့ ခဏခဏ ပြန်ကြည့်နေမိတယ်း)
Deleteရုပ်ရှင် ကားကောင်း တစ်ကား ကြည့်လိုက်ရတာ ထက် ကောင်းတယ်ဗျာ...
ReplyDeleteတကယ့်အဆီ အနှစ်တွေ ပါဘဲ...
တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့ အနုပညာရှင်များ ဖြစ်ပါစေ...
အမှန်ပါပဲ ကို Unknown ရေ...း)
Deleteကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ကိုသူရနဲ့ အန်တီဆွေဇင်ထိုက်တို့လို့ စိတ်ထားတွေ ရှိနေကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးမိတယ်ဗျာ.....
ReplyDeleteဟုတ်ပါတယ် ကို Anonymous ရေ... သူတို့လိုမျိုး စိတ်ထားတွေရော အရည်အချင်းတွေရော တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာတွေရော အားလုံးမှာ ရှိကြရင်တော့ ကျွန်မတို့နိုင်ငံ အမြန်ဆုံးထိပ်ဆုံး ရောက်သွားမှာပါပဲ။
DeleteHi Sayarma Shwepyithu,
ReplyDeleteCurrently u reading the book "MAO'S LAST DANCER" rite? I don't want to read Ebook,so please hurry translate .I am eager to read,waiting so tired:)
Best Reg,
Ko Myo
Hi Bro Ko Myo,
DeleteThank you for giving me a very nice idea to translate the book. I've never thought about it :o) I'll try to translate but I really hope my translation won't ruin the essence of book :D
Best Regards,
ShwePyiThu