ပခုက္ကူရေဘေးအတွက် ကူညီပေးလိုပါလျှင်
ရေးချင်စိတ်တွေ အားကြီးနေပေမယ့် အကြောင်းကြောင်းတွေကြောင့် Blog နဲ့ အဆက်ပြတ်သွားပြန်တာ တော်တော့ကို ကြာခဲ့ပါပြီ။ အဲလို ဖြစ်ရတဲ့ အကြောင်းကိုလည်း ပို့စ်သပ်သပ် ရေးပါဦးမယ်း)
အခုတော့ အမိမြန်မာနိုင်ငံရဲ့ ပခုက္ကူမှာ ရေဘေးဒဏ် ခံခဲ့ရသူတွေအတွက် လှူဒါန်းချင်ရက်နဲ့ လက်လှမ်းမမီ ဖြစ်နေတဲ့သူများ ရှိခဲ့ရင် လှူနိုင်အောင် ကျွန်မသိတဲ့ သတင်းလေး တဆင့်ပြန်ပေးချင်ပါတယ်ရှင်။ အလှူအထမြောက်အောင် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေသူ ညီမငယ်တစ်ယောက်ဆီက ရောက်လာတဲ့ Email လေးကို အောက်မှာ ပြန်ဝေမျှလိုက်ပါတယ်ရှင်။ရန်ကုန်က သူငယ်ချင်းတွေက အဝတ်အထည်၊ စောင်၊ ဒန်အိုး ဒန်ခွက်၊ ဆေး စတာတွေကို ဝယ်လို့တမျိုး အဟောင်းစုလို့တဖုံ နည်းမျိုးစုံနဲ့လိုရာ လှုဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ ဒီလ ၂၇ရက်နေ့ကို တသုတ်ထွက်ပါမယ်။ ပခုက္ကူမှာ တံတားကျိုးတယ်၊ မြစ်လက်တက်က ရေစီးသန်လွန်းလို့ ၂ထပ် ဘုန်းကြီးကျောင်းတောင် အလုံးလိုက် ရေထဲမျောတယ် ပြောပါတယ်။ လူ၂၀၀ကျော် သေတယ်လို့ သတင်းထွက်တယ်ဆိုတော့ အပျက်အစီး အသေအပျောက်များတာ သေချာပါတယ်။ ရခိုင်အရေး ဘယ်လိုရှိမယ် မသိသေးပေမဲ့ ပခုက္ကူအရေး လက်တလော ဖြစ်နေလို့ ပခုက္ကူလိုက်ပါတယ်။
အထက်ပါ စာလေးနဲ့ လှူဒါန်းကူညီဖို့ နှိုးဆော်လာတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကို မောင်နှမတွေရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှုက တကယ်ကို လေးစားစရာပါ။ ကျွန်မအနေနဲ့ လှူချင်တဲ့သူတွေ လှူနိုင်ဖို့ နှိုးဆော်ပေးရုံသက်သက် ဖြစ်တာကြောင့် လှူဒါန်းလိုစိတ်ဖြစ်ခဲ့ရင် အထက်မှာ ဖော်ပြထားတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကို မောင်နှမတွေကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ရှင်။
တကယ်လိုအပ်တဲ့သူတွေဆီကို ထိရောက်တဲ့ ကူညီမှုလုပ်အားပေးနိုင်မဲ့ သူတွေလည်းရှိတုန်း တတပ်တအား ပါဝင်နိုင်ကြစေဖို့ သတင်းပေးတာပါ။ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လှူပြီးကြတဲ့သူတွေလည်း ရှိမှာပါ။ မလှူရသေးဘူး၊ လှူဖို့လည်း အာရုံရတယ်ဆိုရင် ပါဝင်လှုဒါန်းနိုင်ကြပါတယ်လို့ နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ရှင့်။
အောက်ပါ အဆက်အသွယ်များတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မသဲသဲ - 8139 3066
ကိုညီညီမြင့်ထွန်း - 8201 8276
ကိုအောင်ဝင်းမြတ် – 9002 9114
မမေချယ်ရီအောင် - 9028 8206
ကိုရန်နောင်စိုး - 9060 6704
ဘယ်ကိုပဲလှုလှု ဘယ်သူကပဲ ကမကထ လုပ်လုပ် ဒုက္ခသည်တွေလက်ထဲ လိုတာရောက်ဖို့ လိုရင်းမလို့ ဘယ်အဖွဲ့အစည်း ဘယ်နာမည်မှ မတပ်ပါဘူး။ လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်။
အလှူငွေတွေကို အောက်တိုဘာလ ၂၉ ရက် ၂၀၁၁ နောက်ဆုံးထားပြီး လက်ခံမယ်လို့ သိရပါတယ်း)
အားလုံး ငြိမ်းချမ်းကြပါစေ...
လေးစားလျက်
ရွှေပြည်သူ

