ကြည့်လိုက်ရတဲ့ “ဒေါ်ဆွေဇင်ထိုက် နှင့် အင်တာဗျူး”
မြန်မာရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ကျွန်မ စိတ်အဝင်စားဆုံး အလေးစားမိဆုံး သရုပ်ဆောင်ကို ပြောပါဆိုရင် မင်းသမီးကြီးဟောင်း အန်တီဂရေ့စ် (ခ) ဒေါ်ဆွေဇင်ထိုက် လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီးဘဝကို တခန်းရပ်ပြီးတဲ့နောက် ပညာတွေ အထပ်ထပ် ဆက်သင်ခဲ့သလို သင်ထားတဲ့ ပညာတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ထက်ထက်မြက်မြက် အားသွန်ခွန်စိုက် လုပ်နေလို့ပါပဲ။ အဲဒါကြောင့် သူနဲ့ အင်တာဗျူးတွေဆိုရင် အမြဲမက်မက်မောမော ဖတ်ဖြစ်ပါတယ်။
စောစောလေးကတင် သူငယ်ချင်းတစ်ယောက် Share လုပ်လာလို့ သူနဲ့ လောလောလတ်လတ် (ဒီလ ၆ ရက်နေ့မှာပဲ လုပ်ထားပုံရတဲ့) အင်တာဗျူးတစ်ခုကို ကြည့်ခွင့်ရလိုက်တော့ အားလုံးကို ပြန်ဝေမျှချင်လာပါတယ်။ ဒေါ်ဆွေဇင်ထိုက်ဟာ အမေရိကန်နိုင်ငံကို မေရီလန်း ပြည်နယ် Montgomery College မှာ Digital Communications Management and Social Media Marketing Course ကို လေ့လာဖို့ ခေတ္တရောက်နေတယ်လို့ သိရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် အသစ်အသစ် ထွက်ပေါ်လာတဲ့ ပညာတွေကို မပြတ်လေ့လာသင်ကြားနေတဲ့ ဒေါ်ဆွေဇင်ထိုက်ရဲ့ Positive အမြင်နဲ့ အင်မတန် ပညာတတ်ဆန်သော အဖြေတွေကို နားထောင်ရတာ ကျွန်မအတွက် စိတ်အင်အားတစ်မျိုး ဖြစ်စေသလို သူပြောသွားတဲ့ အကြောင်းအရာကလည်း အခုတလော ဖတ်ဖြစ်နေတဲ့ Article တချို့နဲ့ ဆက်စပ်နေတာကြောင့် ဒီအင်တာဗျူးကို ကြည့်ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အောက်က YouTube Video ထဲမှာ ကြည့်နိုင်ပါတယ် နော်း)
ဒီ Video ရဲ့ Link ကို ဝေမျှပေးခဲ့တဲ့ ချစ်သူငယ်ချင်း MK ကို ကျေးဇူးအများကြီးတင်ပါတယ်း)

