Sunday, September 11, 2011

ကြည့်လိုက်ရတဲ့ “ဒေါ်ဆွေဇင်ထိုက် နှင့် အင်တာဗျူး”

မြန်မာရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ကျွန်မ စိတ်အဝင်စားဆုံး အလေးစားမိဆုံး သရုပ်ဆောင်ကို ပြောပါဆိုရင် မင်းသမီးကြီးဟောင်း အန်တီဂရေ့စ် (ခ) ဒေါ်ဆွေဇင်ထိုက် လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီးဘဝကို တခန်းရပ်ပြီးတဲ့နောက် ပညာတွေ အထပ်ထပ် ဆက်သင်ခဲ့သလို သင်ထားတဲ့ ပညာတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ထက်ထက်မြက်မြက် အားသွန်ခွန်စိုက် လုပ်နေလို့ပါပဲ။ အဲဒါကြောင့် သူနဲ့ အင်တာဗျူးတွေဆိုရင် အမြဲမက်မက်မောမော ဖတ်ဖြစ်ပါတယ်။

စောစောလေးကတင် သူငယ်ချင်းတစ်ယောက် Share လုပ်လာလို့ သူနဲ့ လောလောလတ်လတ် (ဒီလ ၆ ရက်နေ့မှာပဲ လုပ်ထားပုံရတဲ့) အင်တာဗျူးတစ်ခုကို ကြည့်ခွင့်ရလိုက်တော့ အားလုံးကို ပြန်ဝေမျှချင်လာပါတယ်။ ဒေါ်ဆွေဇင်ထိုက်ဟာ အမေရိကန်နိုင်ငံကို မေရီလန်း ပြည်နယ် Montgomery College မှာ Digital Communications Management and Social Media Marketing Course ကို လေ့လာဖို့ ခေတ္တရောက်နေတယ်လို့ သိရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် အသစ်အသစ် ထွက်ပေါ်လာတဲ့ ပညာတွေကို မပြတ်လေ့လာသင်ကြားနေတဲ့ ဒေါ်ဆွေဇင်ထိုက်ရဲ့ Positive အမြင်နဲ့ အင်မတန် ပညာတတ်ဆန်သော အဖြေတွေကို နားထောင်ရတာ ကျွန်မအတွက် စိတ်အင်အားတစ်မျိုး ဖြစ်စေသလို သူပြောသွားတဲ့ အကြောင်းအရာကလည်း အခုတလော ဖတ်ဖြစ်နေတဲ့ Article တချို့နဲ့ ဆက်စပ်နေတာကြောင့် ဒီအင်တာဗျူးကို ကြည့်ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အောက်က YouTube Video ထဲမှာ ကြည့်နိုင်ပါတယ် နော်း)



ဒီ Video ရဲ့ Link ကို ဝေမျှပေးခဲ့တဲ့ ချစ်သူငယ်ချင်း MK ကို ကျေးဇူးအများကြီးတင်ပါတယ်း)

15 comments:

  1. တစ်ဆင့်ပြန်လည် မျှဝေပေးတဲ့ မမရေ ကျေးဇူးပါလို့...

    ReplyDelete
  2. ကျွန်တော် မနေ့ကတင် ဒေါက်တာလွမ်းဆွေ မှာ နားထောင်ဖြစ်လိုက်ပါတယ် . . . အန်တီဂေ၇့က ပညာတတ်တစ်ဦးပီပီ ဖြေသွားတာ အရမ်းကို ပညာသားပါတယ် . . မေးတဲ့သူက သူမေးတဲ့မေးခွန်းတောင် . . မမေးတတ်ဘူး လည်ပြီးရင် လည်နေတာ စကားလုံးတွေ . . အန်တီဖြေသွားလိုက်ပုံများ ပါးပါးနပ်နပ်လေး . . . အရမ်းနှစ်သက်တဲ့ အဖြေလေးတွေပါ . . . .

    ဗညားရှိန်

    ReplyDelete
  3. လွန်ခဲ.တဲ.နှစ်ပေါင်းများစွာက လီကွမ်ယုကပြောသွားတယ် နောက်နှစ်သုံးဆယ်နေရင် သူ.တိုင်းပြည်ကို မြန်မာပြည်လို ဖြစ်အောင်လုပ်ပေးမယ်တဲ. ..စင်ကာပူလူမျိုးတွေကို အဲ.စကားပြန်ကြားစေချင်တယ်မရယ်...... ဟိုတုန်းကရွှေထီးဆောင်းခဲ.တာကိုြ ပန်ပြောတယ်ပဲပြောပြောပေါ. ......း)Thanks alot for sharing sis :)

    ReplyDelete
  4. ဆွေဇင်ထိုက်ကို သူ့ရဲ့ အနုပညာရော၊ သူ့ရဲ့ ထက်မြက်တဲ့ ပညာတတ် မိန်းမတစ်ယောက်ပုံစံကိုရော နှစ်သက် သဘောကျမိတယ်။ ဖြေသွားတာတွေက ပညာတတ်မိန်းမတစ်ယောက်ရဲ့ ပကတိစိတ်ထားကို ဖော်ပြနေတယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ညီမရေ..။

    ReplyDelete
  5. မျှဝေပေးတာ ကျေးဇူးပါပဲ၊ အန်တီကြီးက သင်ယူနေချင်တာ ဂုဏ်ယူမိပါတယ်၊

    ReplyDelete
  6. thxs for your sharing. let me share!! :)

    ReplyDelete
  7. တဆင့် ပြန်လည်မျှဝေလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. Angelhlaing ◄ မျှဝေခွင့်ရတာလည်း ဝမ်းသာပါတယ် ညီမလေးရေး)

    ဗညားရှိန် ◄ ဟုတ်တယ် ကိုဗညားရေ... ဒေါ်ဆွေဇင်ထိုက်ရဲ့ အဖြေတွေက သူ့ရဲ့ ပညာတတ်ဆန်မှုကို ပြသွားတာကို အကြိုက်ဆုံးပါပဲ...

    MK ◄ Thank You, Again!

    သြချိ ◄ ညီမလေးပြောချင်တာကို နားလည်မိပါတယ်။ အစ်မလည်း အဲဒီစကားကြားရတိုင်း ခံစားချက်တမျိုး ဖြစ်မိတယ်။ ရွှေထီးတကယ်ဆောင်းခဲ့တဲ့ အချိန်တွေလည်း တကယ်ရှိခဲ့ဖူးတော့ ပြန်ပြောချင်မိကြမှာပါပဲ ညီမလေးရယ်။ မြန်မာတွေ မညံ့ခဲ့ကြဘူးဆိုတာကိုပဲ မှတ်ယူပြီး ခုလည်း မညံ့အောင် ကြိုးစားကြရမှာပေါ့နော်။

    မမြသွေးနီ ◄ မမြသွေးနီပြောသွားတဲ့ “ပညာတတ်မိန်းမတစ်ယောက်ရဲ့ ပကတိစိတ်ထား” ဆိုတဲ့စကားကို သိပ်သဘောကျမိပါတယ်။ မျှဝေခွင့်ရတာလည်း ဝမ်းသာမိပါတယ် အစ်မရေ...

    ကို soesegado ◄ ဟုတ်ကဲ့ မြန်မာပညာတတ်တွေအားလုံးဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာတွေ ချည်းပါပဲ...

    ကို Zay Aung ◄ The pleasure was all mine :o)

    Anonymous ◄ မျှဝေခွင့်ရလို့လည်း ဝမ်းသာမိပါတယ်း)

    ReplyDelete
  9. တိုက်တိုက်ဆိုင်ဆိုင် ညီမဆီမှာ ဒေါ်ဆွေဇင်ထိုက်ကို ကိုကိုလှမြင့် ဗျူးထားတဲ့ အင်တာဗျူးတခုရှိတယ်။ ဖတ်ရင်းနဲ့သဘောကျလို့ သိမ်းထားတာ။ မဟေသီမဂ္ဂဇင်းထဲက။ ခုနှစ်တော့ မမှတ်မိတော့ဘူး။ ကြာတာတော့ကြာဘီ။ ဒီတခါပြန်တော့ မှတ်မှတ်ရရပြန်ယူလာခဲ့တယ်။

    ReplyDelete
  10. ဆယ်တန်းနှစ်လောက်မှာကတည်းက ဆရာဦးအောင်သင်းက န၀ဒေးမဂ္ဂဇင်းမှာ ဒေါ်ဆွေဇင်ထိုက်ကို ဗျုးထားတာ လဆက်စောင့်ဖတ်ဖူးတယ်။ အဲ အချိန်ကတည်းက လှပတဲ့မင်းသမီးရဲ့ နောက်ကွယ်က ထက်မြက်စူးရှတဲ့ အတွေးတဲ့ ရုန်းကန်မှုတွေကို စိတ်ဝင်စားခဲ့မိတာ။
    မျှဝေပေးတာ ကျေးဇူးပါဗျို့။

    ReplyDelete
  11. PURPLE VINE ◄ ညီမလေး သိမ်းထားတဲ့ အင်တာဗျူးလေးကို ဖတ်ချင်လိုက်တာ...

    ကိုသတိုး ◄ ဟုတ်တယ် ကိုသတိုးရေ... Not just a pretty face လို့ ပြောရင် စကားဥပမာက သိမ်နုပ်နေမလားတောင် မသိပါဘူး။ မြန်မာမင်းသမီးတွေထဲမှာတော့ ဒီလို ထက်မြက်တာ ဒီနေ့အထိ တစ်ယောက်ပဲ ရှိသေးတယ်လို့ ထင်မိပါတယ်။ လာလည်ပြီး ခြေရာချန်ခဲ့တာလည်း ကျေးဇူးပါ အစ်ကိုရေ...

    ReplyDelete
  12. မဇွန်လေးစား အထင်ကြီးတဲ့ သရုပ်ဆောင်ထဲမှာ အန်တီဂရေ့စ်လည်းပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့သူလုပ်နိုင်တာ၊ ကြိုးစားသင်ယူနိုင်စွမ်း ရှိခဲ့တာတွေက တကယ့်ကို အားကျအတုယူစရာပဲနော် ညီမ။ အင်တားဗျူးလင့်ခ်ကို ပြန်ရှယ်ပေးလို့ ကျေးဇူးတင်တယ်။

    ဟိုးအရင်.... သူဂျာမန်စာသင်တဲ့အကြောင်းနဲ့ ပတ်သက်တဲ့ အင်တာဗျူးကိုလည်း မဇွန်သိပ်ကြိုက်တယ်။း)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)