ကြာသပတေး ညနေ
“ငါ… ငါ စာကြည့်တိုက် သွားစရာ ရှိသေးတယ် နင်တို့ ပြန်နှင့်နော်”
ရိုးရှင်းတဲ့ ဒီစကားလေးကိုပဲ သူမ မလုံမလဲ ပြောမိတော့ ခင်သက်နဲ့ နော်နော်တို့က နားမလည်သလို ကြည့်သည်။
“စာကြည့်တိုက်? ဘာလုပ်ဦးမလို့လဲဟ။ ဒီနေ့က နင်ကျောင်းမှာရှိတဲ့ နောက်ဆုံးနေ့လေ။ အတူတူပြန်ချင်တယ်ဟာ…”
“ငါ စာအုပ် ပြန်အပ်စရာ ရှိလို့ပါ။ နင်တို့ ညကျရင် အိမ်လာဦးမှာ မဟုတ်လား။ အဲဒီအခါကျ တွေ့မယ်လေဟယ် နော်”
ခင်သက်နဲ့ နော်နော်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ပြုံးယောင်ယောင်နဲ့ ကြည့်ပြီး…
“နင်ခုတလော တခုခုကို ဖုံးကွယ်ထားသလိုပဲ။ ဒါဆိုလည်း ငါတို့ သွားနှင့်မယ်။ ညကျမှ မရရအောင် စစ်မယ်”
သူမ နော်နော့်စကားကို မကြားတချက် ကြားတချက်။ ယောင်ယမ်းပြီး ခေါင်းငြိမ့်ပြတော့ သူတို့ရယ်ပြီး ထွက်သွားကြသည်။ သူတို့ ကျောခိုင်းလိုက်တာနဲ့ သူမ ခြေလှမ်းတွေကို စာကြည့်တိုက်ဆီ ဦးတည်ရင်း ခေါင်းထဲမှာလည်း အတွေးတွေ လုံးချာလည်စ ပြုလာသည်။ သူငယ်ချင်းတွေကို မညာစဖူး ညာလိုက်မိပြီလား။ သူမ ရွေးချယ်စရာ မရှိတော့ပါ။ သူ့ကို တွေ့ဖို့က ဒီနောက်ဆုံး အခွင့်အရေးလေး တစ်ခုပဲ ရှိတော့သည်လေ။ နောက်ဆုံး… ဟုတ်သည်။ ဘဝမှာ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်သည်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ စာကြည့်တိုက်ထဲမှာ သူ့ကို ခက်ခက်ခဲခဲ ရှာစရာ မလိုပါ။ ထိုင်နေကျ နေရာလေးမှာပဲ ကျောပိုးအိတ်ကလေး ဘေးမှာ ချရင်း ထိုင်နေသည်။ မျက်ခုံးထူတန်းတန်းလေးနှစ်ခုကို တင်းနေအောင်ကျုံ့ပြီး စာအုပ်တစ်အုပ်ကို သည်းကြီးမဲကြီး ဖတ်နေသည်။
သူမ သက်မကို ချရင်း သူ့မျက်နှာကို စာအုပ်စင်တွေကြားထဲကနေ လှမ်းမြင်ရတဲ့ ထိုင်နေကျ နေရာလေးမှာ ထိုင်ချလိုက်မိသည်။ အခုန်ကြီးခုန်လှုပ်နေတဲ့ ရင်ကို ပိုက်ထားတဲ့ ကျောပိုးအိတ်လေးနဲ့ တင်းတင်း ဖိထားရင်း သူ့ကို ခိုးကြည့်မိပြန်သည်။ တကယ်တမ်းတော့ သူမ ဒီလိုလုပ်နေမိတာ ရက်သတ္တပါတ်ပေါင်း မနည်းတော့ပါ။
ကောင်မလေးတွေ သိပ်စိတ်ဝင်စားတာ ခံရတဲ့ သူ့ကို အတန်းထဲမှာတော့ သူမယောင်လို့တောင် မကြည့်မိအောင် ထိန်းချုပ်မိစမြဲ။ တကယ်တော့ သူမ အရှက်သည်းနေမိတာသာ ဖြစ်သည်။ အတန်းထဲက မီမီကို့ သူငယ်ချင်း Mexican မလေးတစ်ယောက် ကျောင်းကို လာလည်တုန်းကတောင် သူ့ကိုကြည့်ပြီး “He’s so hot” လို့ ပြောသွားတာ ကြားရဖူးကတည်းက သူမကိုယ်သူမ ပိုသိမ်ငယ်တတ်လာသည်။ တကယ့် အချောအလှလေးတွေ စိတ်ဝင်စားတာ ခံရတဲ့သူက သူမနဲ့ တကမ္ဘာစီခြားနေသလိုသာ မြင်လာမိသည်။ သူကလည်း မီမီကိုတို့ ချောငယ်တို့နဲ့ဆို ပြုံးရယ် ရွှင်မြူးနေတတ်သလောက် သူမကိုတော့ ရှိတယ်လို့တောင် ထင်ပုံမရ။ တခါပဲ လမ်းမှာ မျက်နှာချင်းဆိုင် လျှောက်လာတုန်း မပြုံးမရယ်နဲ့ ခပ်တည်တည် သေချာကြည့်သွားဖူးသည်။ သူမမှာတော့ သိမ်ငယ်စိတ် ရင်ခုန်တုန်လှုပ်စိတ်တွေနဲ့ တညလုံး အိပ်လို့တောင် မပျော်ခဲ့။
ကြာသပတေး ညနေတစ်ခုမှာ သူ့ကို စာကြည့်တိုက်မှာ စတွေ့ရာက ကြာသပတေးနေ့တိုင်း အဲဒီနေရာလေးမှာ သူ စာလာဖတ်နေကျဆိုတာ သူမ သိသွားခဲ့သည်။ အဲဒီနေ့ကစလို့ ကြာသပတေးနေ့တိုင်း စာကြည့်တိုက်ကို သူမ ရောက်ဖြစ်ခဲ့သည်။ သူ အလွယ်တကူ မမြင်ရတဲ့ စာအုပ်စင်တွေနောက်က နေရာလွတ်လေး တစ်ခုကနေ ထိုင်ငေးမိစမြဲ။ သူမရဲ့ တဖက်သတ် စွဲလမ်းမှုကို သိမ်ငယ်ရှက်ရွံ့မိစမြဲ။ ဘယ်လောက်ပဲ ထိန်းချုပ်ပေမယ့် ကြာသပတေးနေ့တိုင်း အဲဒီနေရာလေးကို သူမ ရောက်လာမိစမြဲ။
တစ်ခုသော ကြာသပတေးညနေမှာတော့ သူ သူမကို မြင်သွားခဲ့သည်။ သူမ ပြာပြာသလဲ စာအုပ်ဖတ်ချင်ယောင် ဆောင်လိုက်ရသည်။ သူက ဘာမှ မဖြစ်သလို စာအုပ်ကို ဆက်ဖတ်နေသည်။ အဲဒီနောက် ကြာသပတေးနေ့တိုင်း သူ သူမရောက်လာတိုင်း တချက် လှမ်းကြည့်ပြီး စာဆက်ဖတ်နေတတ်သည်။
ပြီးခဲ့တဲ့ ကြာသပတေးတုန်းကတော့ ထိုင်နေကျ နေရာမှာ သူမရှိတော့ ဟိုဟိုဒီဒီ လိုက်ရှာနေတဲ့ သူမအဖြစ်ကို စာအုပ်ထရှာနေတဲ့ သူမြင်သွားသည်။ သူ့ကို လိုက်ရှာနေမှန်း သူ သိမသိ မသေချာပေမယ့် သူမရှက်ရွံ့စွာနဲ့ အိမ်ကို ပြန်ပြေးလာမိသည်။ သူမ အဖြစ်တွေကို အခင်ဆုံး ဖြစ်တဲ့ ခင်သက်နဲ့ နော်နော်တို့ကိုတောင် ပြောမပြဖြစ်ခဲ့။
ဖေဖေတာဝန်ကျတဲ့ မြို့ကြီးတစ်ခုကို တမိသားစုလုံး ပြောင်းပြီး အဲဒီမြို့က တက္ကသိုလ်ကို ပြောင်းတက်ရတော့မဲ့ အကြောင်း သိလိုက်ရချိန်မှာ ကြာသပတေးညနေတွေကို သူမ ဘယ်လောက် စွဲလမ်းနေမိလဲဆိုတာ ဘာသာ သိလိုက်ရသည်။ သူမမှာ ရွေးချယ်စရာ လမ်းမရှိခဲ့။ နောက်ဆုံး ကြာသပတေးညနေလေးကိုပဲ ရှက်နေတဲ့ကြားက မပျက်မကွက် သွားဖို့ ဆုံးဖြတ်ခဲ့မိသည်။ သူမ တကယ်လည်း ရောက်ခဲ့ပါသည်။
အတွေးမဆုံးခင် မျက်လုံးမှာ ဝေ့သီလာတဲ့ မျက်ရည်တွေကို ခပ်ဖွဖွသုတ်ရင်း သူရှိရာ လှမ်းကြည့်လိုက်တော့ သူမ တကိုယ်လုံး အေးစက်သွားသည်။ နံရံကို မီထိုင်နေတဲ့ သူ့မျက်လုံးတွေက သူမဆီမှာ စူးစူးစိုက်စိုက်။ သူမ ကျောပိုးအိတ်လေးကို ယောင်ယမ်းဆုပ်ပြီး မျက်လွှာချလိုက်မိသည်။ နောက် အိတ်ထဲက စာအုပ်တချို့ကို ထုပ်သလိုလို ထည့်သလိုလိုနဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်မိပြန်သည်။ နောက် သူမကြည့်နေဦးမှာလားဆိုတဲ့ စိတ်နဲ့ မသိမသာ ခိုးကြည့်မိပြန်တော့ သူမရင်တွေ ဟင်းလင်ပြင်ဖြစ်သွားသည်။ သူ… မရှိတော့။
သူမရဲ့ ကြာသပတေးညနေတွေ တကယ်ကို အဆုံးသတ်သွားခဲ့ပြီပဲ။ အင်အားမဲ့နေတဲ့ လက်တစ်ဖက်နဲ့ ကြမ်းပြင်ကော်ဇောကို အားယူထောက်ရင်း ထဖို့ ဟန်အပြင် ဘေးမှာ ရုတ်တရက် ထိုင်ချလိုက်တဲ့ အရိပ်တစ်ခုကြောင့် ထိတ်ကနဲ လှည့်ကြည့်မိတော့… သူ။ သူမနဲ့ ၂ပေလောက်သာ ကွာတော့သည်။
သူမ မယုံနိုင်စွာ ငေးကြည့်မိတော့ သူ သူမကို မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာ ကြည့်ရင်းပြောသည်။
“xxxxx ကို ပြောင်းတော့မလို့ဆို။ မီမီကို ပြောတာ ကြားလို့…”
“အင်း… ဟုတ်တယ်”
သူမ အိပ်မက်ထဲမှာ ရောက်နေသလို ခံစားချက်နဲ့ ပြန်ပြောမိသည်။ သူ အတန်ကြာ တိတ်သွားပြန်သည်။ သူမကတော့ သူ ရှိနေခြင်းသက်သက်ကို ကျေနပ်စိတ်နဲ့ ရင်ထဲမှာ ခံစားချက် မျိုးစုံ ဖြတ်ပြေးနေသည်။
ခဏကြာတော့ မထင်မှတ်စွာ သူမေးသည်။
“အဲဒီမြို့ကျရင် အခု Mobile နံပါတ်ပဲ သုံးမှာလား”
“ဟင်… သြော် အင်း… ဟုတ်တယ်။ ဒီနံပါတ်ပဲပေါ့” ပြောရင်း ဒါဟာ အိပ်မက်လို့သာ သူမ ထင်မိလာသည်။
“ကျွန်တော့ကို Missed Call ပေးပေးပါလား။ ကျွန်တော့နံပါတ်က xxxxxxxx” သူရွတ်သွားတဲ့ နံပါတ်တွေကို လှုပ်ခတ်လွန်းနေတဲ့ သူမစိတ်တွေက မဖမ်းလိုက်နိုင်။
“ဟင်… ဘာ… ဘာလဲဟင်”
“ခဏနော်…”
သူ သူမလက်ထဲက ဖုန်းကို ညင်သာစွာ (အနည်းငယ်လည်း ပိုင်စိုးပိုင်နင်းနိုင်စွာ) ဆွဲယူသွားသည်။ အို သူ့လက်တွေလည်း တုန်လို့ပါလား။ အရာရာက မယုံနိုင်စရာ။ သူက သူမဖုန်းနဲ့ သူ့ဖုန်းကို ခေါ်ပြီး Missed Call လုပ်လိုက်သည်။ သူမကို ဖုန်းပြန်ပေးရင်း…
“အတန်းတွေ အများကြီးတူတူတက်ပြီး အခုမှ စကားပြောဖြစ်တယ်နော်” သူမ ခေါင်းငြိမ့်ပြမိသည်။ စိတ်ထဲမှာတော့ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလိုလို။ သူ ပြောနေတာကို ခဏရပ်ပြီးမှ ညင်ညင်သာသာပြုံးရင်း…
“ကျွန်တော်က ပြောချင်ပါတယ်။ ခင်ဗျားက အနေတည်လွန်းတော့” ပြောရင်း သူမ မျက်နှာကို အကဲခတ်သလို ငဲ့ကြည့်တော့ သူမ ရှက်ရွံ့စွာ ခေါင်းကို ငုံ့လိုက်မိသည်။ အို သူကပဲ သူမကို ရှက်ကြောက်နေသတဲ့လား…
သူမ ခေါင်းတော်တော်နဲ့ မော့မလာတော့ သူ နေရာက ဖြည်းဖြည်းထသည်။
“အနေရခက်နေပြီ ထင်တယ်။ ကျွန်တော် ပြန်တော့မယ်နော်”
သူမ အလန့်တကြား မော့ကြည့်တော့ သူက ကျောတောင် ခိုင်းနှင့်ပြီ။ သူ့ကျောပြင်ကို ငေးနေတုန်း သူ ဆက်ကနဲလှည့်ပြီး သူမနာမည်ကို ခပ်ဖွဖွ ခေါ်ရင်း…
“ကျွန်တော်… ကြာသပတေးနေ့ ညနေတိုင်း ဖုန်းဆက်ပါရစေနော်”
ပြောပြီးပြီးချင်း သူ လှည့်ထွက်သွားတော့ သူမ သူ့ကျောပြင်ကို မြင်ကွင်းက ပျောက်သည်အထိ ငေးကြည့်မိသည်။ သူမရဲ့ ခံစားတတ်တဲ့ နှလုံးသားတစ်စုံလုံး သူနဲ့အတူ ပါသွားသလိုပင်…
သူပျောက်ကွယ်သွားတော့ စောစောက အဖြစ်တွေကို သူမ မယုံနိုင်တော့။ သေချာအောင် သူမ ဖုန်းကို ခပ်မြန်မြန် ငုံ့ကြည့်မိတော့ သူ့နံပါတ်ကို ခေါ်ထားတဲ့ Call Record လေးက သူမကို နှစ်သိမ့်ပြုံးနဲ့ ပြန်ကြည့်နေသည်။
သူမ ဖုန်းလေးကို ရင်မှာကပ်ရင်း သွားညီညီလေးတွေ အစီအရီပေါ်အောင် ပြုံးလိုက်မိသည်။
အခုလိုပဲ လှတဲ့… ဒါမှမဟုတ် အခုထက်ပိုပြီး လှတဲ့ ကြာသပတေး ညနေပေါင်းများစွာကို ဆက်ပြီး ပိုင်ဆိုင်ရဦးမည်လို့ သူမယုံကြည်သွားပြီလေ…
ရွှေပြည်သူ
(11:04 PM ~ 28-Aug-2011)
သီကြိုးမဲ့ပုလဲသွယ်ကို အခုထိ ဇာတ်မသိမ်းနိုင်သေးတဲ့အတွက် သိမ်းဖို့ပြောနေတဲ့ စာဖတ်သူ မောင်နှမတွေအားလုံးကို တောင်းပန်ပါတယ်နော်း) ဆက်ရေးနိုင်ဖို့ တကယ်ကို ကြိုးစားနေပါတယ်။ အပေါ်က ဇာတ်လမ်းလေးကို Jessica Jarrell ရဲ့ Key To My Heart သီချင်းလေး နားထောင်ရင်း ရလာတဲ့အတွေးလေးနဲ့ ချရးခဲ့တာပါ...


ဖတ်လို့ကောင်းတဲ့ ၀ထ္တုတိုလေးပါ ညီမရေ။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မ ရေ....ကျေးဇူးး) ဒီဇတ်လမ်းလေးကို ကိုယ့်ဘာသာပဲ ဆက်တွေးပြီး ဟတ်ပီးအန်းဒင်းလေး လုပ်လိုက်တော့မယ်။ ဒီလိုလေးဇတ်လမ်းလေးတွေဆို အရမ်းချစ်တာပဲ။ အူယားစရာလေးး))
ReplyDeleteနောင့်
သီကြိုးမဲ့ပုလဲသွယ်လဲ စောင့်နေတယ်နော်။း)
တကယ်တော့ နှစ်တွေ အကြာကြီးစောင့် ရတတ်ပါတယ် ။ဘာပဲဖြစ်ဖြစ်လေ ဒီမှာတော့ ဝတ္ထုဆိုတော့ ဆုံနိုင်ခွင့် ရှိမှာပေါ့နော်..ဆက်လက်ရေးသားနိုင်ပါစေ။
ReplyDeleteကြာသမတေးနေ့ညနေတော့ ဖတ်ပြီးသွားပြီ၊ သောကြာနေ့ညနေလောက်တော့ ဇာတ်သိမ်းမယ်ထင်တယ်။ စောင့်ဖတ်ပါဦးမည်...
ReplyDeleteချမ်းမြေ့ပါစေ
ချယ်ရီမြေ
ကြည်နူးစရာလေး...မမရေ..
ReplyDeleteအခုလောလောဆယ်တော့ ဇတ်သိမ်းလှလှလေးတွေပဲ ဖတ်ချင်နေမိတယ် :)
So so touched!! Thanks for the lovely post, ma! :)
ReplyDeleteအမရဲ့ စာကိုဖတ်လိုက်ရင် ဘယ်တော့မဆို စိတ်ချမ်းသာ စရာကောင်းတယ်း)
ReplyDeleteအင်း မမရွှေပြည်သူရေ ..
ReplyDeleteဖတ်မိလိုက်တော့ ပျော်ရွှင်ဖွယ်ဇတ်သိမ်းမှာ
မဒိုးကန်တို့လင်မယားသမီးရည်းစားတုန်းကဘ၀ကိုပြန်တွေးပီး
သိမ်းပေးလိုက်တယ်...း)
ချစ်တဲ့
မဒိုးကန်
:):)
ReplyDeleteစာတွေလာဖတ်ဖြစ်ပါတယ်..။ အချစ်ဝတ္တုတွေကို သိမ်သိမ်မွေ့မွေ့ ဖွဲ့တတ်တာ အရမ်းနှစ်သက်မိတယ် ညီမရေ..။
ReplyDeleteအပေါ်က အစ်မမြသွေးနီ ပြောသွားတာကို အပြည့်အဝထောက်ခံပါတယ်ရှင်း) ဘာပဲဖြစ်ဖြစ် သီကြိုးမဲ့ပုလဲသွယ် ဇာတ်သိမ်းကိုတော့ မျှော်လျှက်ပါ..သူသူရေ..း))
ReplyDeleteko moe myint tane ◄ စာလာဖတ်ပေးတာ ကျေးဇူးပါ အစ်ကိုရေ။ အသံပြန်ကြားရလို့ ဝမ်းသာမိတယ်။
ReplyDeleteနောင့် ◄ ဟုတ်တယ် အစ်မလည်း Happy Ending လေးပဲ ဖြစ်စေချင်မိတာ နောင့်လေးရေ။ နောင့်နဲ့အစ်မ စိတ်ချင်းနီးစပ်တယ်။ သီကြိုးမဲ့ပုလဲသွယ်ကိုလည်း အမြန်ဆုံးသိမ်းနိုင်အောင် ကြိုးစားနေပါတယ်နော်း)
ကို ငဝန်နဒီ ◄ “နှစ်တွေအကြာကြီး စောင့်ရတတ်ပါတယ်” ဆိုတဲ့စကားကို ထောက်ခံမိတယ်။ စာလာဖတ်ပေးတာ ကျေးဇူးပါရှင်။
ချယ်ရီမြေ ◄ စာလာဖတ်သွားတာ ကျေးဇူးတင်ပါတယ်။
Angelhlaing ◄ တူတူပဲ ညီမလေးရေ။ ပျော်စရာ ဇာတ်လမ်းလေးတွေပဲ ရေးချင်နေမိတယ်။ တကယ့်ဘဝထဲက ခဏဖြစ်ဖြစ် လွတ်မလားလို့း)
Anonymous ◄ Thank you for your time to visiting here and reading the post too sis :o)
လင်းခေတ်ဒီနို ◄ စိတ်ချမ်းသာသွားတယ်ဆိုလို့ တကယ်ဝမ်းသာမိတယ် မောင်လေးကိုလင်းခေတ်ရေး)
မဒမ်ကိုး ◄ မဒိုးကန်တို့ သမီးရည်းစားဘဝကိုတွေးပြီး သိမ်းပေးလိုက်တယ် ဆိုတော့ တကယ့်ကို ပျော်စရာလေး ဖြစ်နေမှာပဲး)ကျေးဇူးပါ ညီမလေးရေ
မသိင်္ဂါကျော် ◄ အစ်မရယ်တာနဲ့ ရှက်သလိုလိုတောင် ဖြစ်သွားပြီး)
မမြသွေးနီ ◄ ညီမအားထုတ်မှုလေးကို သေချာခံစားပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မရေ။
မမပန်းချီ ◄ ချစ်မမ ပန်းချီ... ကျေးဇူးကမ္ဘာပါး) သီကြိုးမဲ့ပုလဲသွယ်ကို အမြန်ဆုံး ဇာတ်သိမ်းနိုင်အောင် ကြိုးစားနေပါတယ် မရေ....
အိုးးး ~ ဇာတ်သိမ်းလေးကလှလိုက်တာ .. မ .. ရေ ..
ReplyDeleteအဟီးး
ဖတ်ရင်းနဲ့  ပြုံးလိုက်ရတယ် ..
ပျော်ရွှင်ပါစေနော်
ခင်မင်စွာဖြင့်
April
April ◄ ဖတ်ရင်းနဲ့ ပြုံးရတယ်ဆိုလို့ ဝမ်းသာပါတယ် ညီမလေးရေး)
ReplyDeleteအမရေ
ReplyDeleteအမ၀တ္တုတွေကအမြဲဖတ်ဖြစ်ပါတယ်
ပျော်စရာလေးနဲ့အဆုံးသတ်ထားတာအရမ်းကိုကောင်းပါတယ်
Anonymous ◄ ဝတ္ထုလေးတွေ ဖတ်ပေးတဲ့အတွက်ရော ကောမန့်လေးချန်ခဲ့တဲ့ အတွက်ပါ ကျေးဇူးတင်ပါတယ်နော်း)
ReplyDeleteချစ်စရာလေးး))
ReplyDeleteဇာတ်လမ်းလေးဖတ်ရတာ သိမ့်သိမ့်ငြိမ့်ငြိမ့်လေး။ ဖတ်ရင်းနဲ့ ဇာတ်လမ်းထဲမှာမျောသွားတယ်။ အဲဒီလိုအဆုံးသတ်မျိုးလေးတွေကိုလဲ အရမ်းကြိုက်တယ်။ လမ်းကြောင်းလေးတခုဖွင့်ထားပေးပြီး ဖတ်တဲ့သူတွေ ကြိုက်သလို ဆက်တွေးယူလို့ရစေနိုင်တဲ့နိဂုံးမျိုးလေးတွေနဲ့ ဇာတ်ကိုထိန်းထားတာမျိုးလေး အရမ်းသဘောကျတာပဲ။
ReplyDeleteစာတွေက တဖြည်းဖြည်းနဲ့ သိမ်မွေ့လာတယ်လို့ ထင်မိတယ်။
ReplyDeletewowww....Happy Ending ....မနက်စောစောဖတ်လိုက်ရတာ ...ကျက်သရေရှိပါ့...:)
ReplyDeleteညီမလေး ရွှေပြည်သူရေ ... ၀တ္ထုလေးက ချစ်စရာကောင်းလိုက်တာ ... စာဖတ်ရင်း ကိုယ်တိုင် လိုက်ဘရီထဲရောက်သွားသလိုပဲ ...ယဉ်ယဉ်လေးနဲ့ ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းလေးဖတ်ခွင့်ရတာ ကျေးဇူးပါနော ....
ReplyDeleteအစ်မ ဇွန်မိုးစက် ◄ ကျေးဇူးပါ အစ်မး)
ReplyDeleteလွမ်းသုရင် ◄ အမြဲတမ်း စာတွေဖတ်ပေးနေလို့ ကျေးဇူးပါ ညီမလေးရေ...း)
MK ◄ စာလာဖတ်တာ ကျေးဇူးကမ္ဘာပါ... တခါတလေ အပျော်လေးရေးကြည့်တာ ;)
ကြယ်ပြာ ◄ အစ်မကြယ်ပြာရေ... စာကို သေချာခံစားပြီး ဖတ်ပေးသွားလို့လည်း ညီမက ကျေးဇူးတင်ပါတယ်နော်း)
စာဖတ်ပြီမှပဲ အသက်ရှူနိုင်တော.တယ်..သူမရဲံ ကြာသပတေးတွေ မရှိတော.မှာ စိုးရီမ်လို....း)
ReplyDeleteAnonymous ◄ ဟုတ်တယ် ကျွန်မလဲ ကြာသပတေးတွေကို ဆက်ရှိစေချင်တဲ့ စိတ်နဲ့ရေးခဲ့မိပါတယ်... စာလာဖတ်တာ ကျေးဇူးပါရှင်း)
ReplyDeleteအရမ်းကောင်းပါတယ်။တော်သေးတယ် ဖုန်းနံပါတ်လေးသိသွားလို့..။ကြာသပတေးတွေမှာ ပျော်ရွှင်မှုတွေ ယူဆောင်လာမယ်ပေါ့နော် :)
ReplyDeleteအရမ်းကောင်းတယ်။အခုလို ရေးတဲ့အတွက် ကျေးဇူးပဲ။
ReplyDeleteAnonymous ◄ စာလာဖတ်တာလည်း ကျေးဇူးပါး)
ReplyDeleteပန်းရင့်ရောင် ◄ စာလာဖတ်ပေးတာ ကျေးဇူးပါ ညီမလေးရေး)
ReplyDeleteဖတ်ရတာ အရမ်း ချစ်စရာ ကောင်းတာပဲ ညီမလေးရေ့။ ( မမေလေး )
ReplyDeleteမမမေလေး ◄ ကျေးဇူးအများကြီး တင်ပါတယ် မမး)
ReplyDelete