စာခါး
စိတ်ညစ်ညစ်နဲ့
တောင်ခြစ်မြောက်ခြစ်
ရေးပစ်ချင်ရဲ့…
ကဗျာတစ်ပုဒ်အသစ်
စာတစ်ပုဒ်ဖြစ်ဖြစ်
မဖြစ်ညစ်ကျယ်
ခပ်လွယ်လွယ် ရေးလိုက်ရရင်
ခဏကြာတော့
သက်သာလာပါလိမ့်မယ်…
ခက်ပါလားကွယ်…
မင်းအကြောင်းတော့
မပါစေရဘူး
ကိုယ်ရူးသွားရင်လည်း
အိပ်မက်ထဲတောင်
မ…လာ… ပါ… နဲ့…
စိတ်ညစ်ညစ်နဲ့
တောင်ခြစ်မြောက်ခြစ်
ရေးပစ်ချင်တာ
မင်းအကြောင်းမပါတဲ့
ကဗျာတစ်ပုဒ်ဖြစ်ဖြစ်
စာတစ်ပုဒ်အသစ် ရယ်ပါ…
ရွှေပြည်သူ
(12:43 AM ~ 19-Aug-2011)


အစ်မသူသူ... စိတ်ညစ်စရာတွေများ ရှိနေရင် စိတ်မညစ်နဲ့နော်... ရို့စ် ရှိတယ်း)။ ကဗျာလေး ရေးထားတာပဲ ဖြစ်ပါစေ။ အစ်မသူသူ စိတ်ညစ်နေတာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းသွားတယ်။
ReplyDeleteရေးဗျာ အားပေးတယ် ... :P
ReplyDeleteမင်းအကြောင်းတော့ မပါစေရဘူး ဆိုထဲက မင်း က စိတ်ထဲရောက်နေတာပါပဲ မေ့ပစ်ဖို့ ဆိုတာ လွယ်လွယ်နဲ့တော့ မရဘူးနော်...း((
ReplyDeleteရေးမရတဲ့
ReplyDeleteစာတစ်ပုဒ်ကြောင့်လား...
ဒါမှမဟုတ်
မတွေးပဲ
ရောက်ရောက်လာတဲ့
သူ..တစ်ယောက်ကြောင့်လား..။
သေခြာတာတစ်ခုတော့
တောင်ခြစ်မြောက်ခြစ်နဲ့
စိတ်ညစ်နေတယ် ဆိုတာပါပဲ..။
:))
ခက်ပါလားကွယ်
ReplyDeleteမင်းအကြောင်းတော့ မပါစေရဘူး
ကိုယ်ရူးသွားရင်လည်း
အိပ်မက်ထဲတောင် မလာပါနဲ့တဲ့း)
အမရေ တောင်ခြစ်မြောက်ခြစ်ကလည်း . . . ခံစားချက် အပြည့်ပါလားဗျး)
ညီမရေ တောင်ခြစ် မြောက်ခြစ် ကဗျာလေးကလည်း စွဲမက်စရာလေးပါပဲလား။ ခံစားချက်ကလေးကို ပုံဖေါ်ထားပုံကလေး သဘောကျတယ်။ တကယ်များ စိတ်ညစ်နေတာလား...
ReplyDeleteမရေ...စိတ်ညစ်နေလား..စိတ်မညစ်နဲ့နော်။ နောင့် က အရင်အပုဒ်လေးများ ဆက်မလားဆိုပီး စောင့်နေတာ။ စိတ်ညစ်နေရင်လဲ အေးဆေးမှ ရေးနော်...း)
ReplyDeleteနောင့်
စာခါးဆိုပေမယ့် ကဗျာသွား ကလေးကလှတယ် ချစ်သူး) တောင်ခြစ်မြောက်ခြစ်တောင် ကဗျာသစ်ဖြစ်အောင် ရေးတတ်ပါ့း)
ReplyDeleteမရွှေပြည်သာ အဲ မရွှေပြည်သူ ခင်ဗျာ ... :D
ReplyDeleteဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...
rose ◄ ညီမလေးရေ ဂရုတစိုက်နဲ့ အားပေးစကား ပြောသွားလို့ ကျေးဇူးတင်ပါတယ်နော်။ ညီမလေး တောင်းပေးတဲ့ဆုနဲ့ ပြည့်ရပါစေး)
ReplyDeleteကိုအောင်(ပျူနိုင်ငံ) ◄ ရေးမယ်ဗျား) (အားပေးတာ ကျေးဇူးပါ ကိုအောင်ရေ)
အစ်မသက်ဝေ ◄ ဟုတ်တယ်နော် အစ်မ။ “မေ့ပစ်ဖို့ ကြိုးစားနေရတယ်” ဆိုတာကြီးကိုက မဟုတ်သေးတား)
မြတ်မွန် ◄ “ရေးမရတဲ့ စာတစ်ပုဒ်ကြောင့်”ပဲ ဖြစ်ချင်ပါရဲ့ ညီမလေးရယ်...
လင်းခေတ်ဒီနို ◄ ခံစားချက်တွေ ဘယ်လိုက ဘယ်လိုထွက်လာတယ် မသိတော့ပါဘူး ကိုလင်းခေတ်ရယ်း))
မအိမ်သူ ◄ ကဗျာလေးကို ခံစားဖတ်ရှုပေးတဲ့အတွက်ရော ဂရုတစိုက်မေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် အစ်မး)
နောင့် ◄ နောင့်လေးရေ... စိတ်တွေရှုပ်နေလို့ ချရေးပစ်လိုက်တား) အရင်အပုဒ်ကို ဆက်ရေးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်နော် ညီမလေး...
မမပန်းချီ ◄ ကဗျာသွားလေးလှပေမယ့် တကယ့်တကယ်က ခါးတယ် မမပန်းချီရယ်...း) ဖတ်ပေးသွားတာ ကျေးဂျူးကမ္ဘာပါ...
မိကောက်ရဲ့အေ၇းအသားနဲ့တော့ ခပ်ဆင်ဆင်တူသလိုပဲ..
ReplyDeleteဒါပေမဲ့ မ ရေးတာအမြဲဖတ်ဖြစ်ပါတယ် (း
Anonymous ◄ စာလာဖတ်ပေးတာ ကျေးဇူးပါနော်း) မိကောက်ရဲ့ကဗျာတွေကို သေချာမဖတ်ဖူးလို့ ရှာဖတ်ပါဦးမယ်...
ReplyDeleteစောင့်ရတာ ကြာနေပြီနော် အမ။
ReplyDeleteဟုတ်ကဲ့ပါရှင်း) နည်းနည်းလေး စိတ်ရှည်ပေးပါဦးနော်း)
Deleteသာမန် မိန်းကလေး ခင်ဗျား ..... ။ ကဗျာတွေ လာဖတ်ပါသည် ... :)
ReplyDeleteဟုတ်ကဲ့ ကို thaingarra ရေ... မတွေ့တာတာလို့ ပြန်တွေ့ရတာ ဝမ်းသာမိတယ်။ ကဗျာတွေ ဖတ်ပေးတာ ကျေးဇူးပါး)
Delete