Blog Day 2011 အတွက်...
ပထမဆုံး အစ္စရေးနိုင်ငံသား Nir Ofir ကို ကျေးဇူးတင်မိပါတယ်။ ဘလော့ဂါတွေ အားလုံး တစ်ယောက်နဲ့တစ်ယောက် နှုတ်ခွန်းဆက်ပြီး ချစ်ခင်ရင်းနှီးမှုပြခွင့်ရတဲ့ ပို့စ်တွေရေးဖြစ်အောင် Blog Day ကို စတင်ခဲ့လို့ပါ။ Blog Day ရဲ့ Website မှာ ပြောပြထားတာက နှစ်တိုင်းရဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ဘလော့ဂါတွေအားလုံး (ဖြစ်နိုင်ရင် ကိုယ်နဲ့ ယဉ်ကျေးမှု၊ အမြင်နဲ့ စိတ်သဘောထားခြင်း ကွဲပြားတဲ့) ဘလော့အသစ် (၅)ခုအကြောင်း ဖော်ပြပြီး မိတ်ဆက်ပေးဖို့ပါ။ ရည်ရွယ်ချက်ကတော့ ဘလော့ဂါတွေ အရင်က မသိသေးတဲ့ Blog အသစ်တွေနဲ့ အချင်းချင်း လည်ပတ်ဖတ်ရှုရင်း ဒီနေ့ကို Celebrate လုပ်ဖို့လို့ နားလည်မိပါတယ်။
ဘလော့အသစ်ဆိုတဲ့ စကားလုံးကိုမြင်တော့ ကျွန်မဘလော့လေးရဲ့ အသစ်ဘဝ အချိန်တွေကို ပြန်လွမ်းသွားမိပါတယ်။ ဘလော့ဂါတစ်ယောက်ရဲ့ ရေးသက်တလျှောက်မှာ ဘယ်အချိန်ကို အပျော်ဆုံးလဲလို့ မေးလာရင် ဘလော့စရေးခါစ ကာလတွေကို အပျော်ဆုံးလို့ ရိုးသားစွာ ဖြေမိမှာပါပဲ။ ကိုယ့်ကိုချစ်ခင်စိတ်နဲ့ စာလာဖတ်ပြီး အားပေးခဲ့တဲ့ သူငယ်ချင်းတွေရယ်၊ အဖြူသက်သက် စိတ်ရင်းနဲ့ ဖေးမ အားပေးတတ်တဲ့ ဘလော့ဂါမောင်နှမတွေရယ်နဲ့ ဘလော့လေး စအသက်ဝင်လာခဲ့တဲ့ အချိန်ဟာ ကိုယ့်ဝါသနာလေး ရှင်သန်ဖို့ ကမ္ဘာသစ်တစ်ခု ရှာတွေ့သလို ဖြစ်ခဲ့လို့ပါ။ (ဘလော့ဂါဘဝအစနဲ့ ဖြတ်သန်းမှု အမှတ်တရလေးတွေကိုတော့ ပို့စ် (၁၀၀) ပြည့်တုန်းက ရေးခဲ့တဲ့ “ရာပြည့်ကျေးဇူးတင်လွှာ”မှာ တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးခဲ့ပြီးသား မို့ ဒီပို့စ်မှာ အသေးစိတ် ထပ်မရေးတော့ပါဘူးနော်။)
ဒီလိုဆိုတော့ ကျန်တဲ့အချိန်တွေ မပျော်ခဲ့ဘူးလားလို့ဆိုတော့လည်း မပျော်ဘဲနေပါ့မလားနော်။ ပျော်တာပါပဲး) ဒါပေမယ့် ဘလော့ရေးသက် ၃ နှစ်နဲ့ ၁၀ လ သာသာလောက်မှာ ကြုံခဲ့ရသမျှက ပျော်စရာတွေချည်းလို့ ဆိုရင် ကျွန်မ ညာရာရောက်မှာပါး) ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်တဲ့ ဖန်တီးမှုတချို့ကို သူများ လုယူသွားတာတွေ ကြုံရပြီးတဲ့အခါ၊ ကိုယ့်ကို ချစ်ခင်သူတွေရဲ့ မေတ္တာကြောင့် အားတွေ ဖြစ်ရပေမယ့် မချစ်ခင် မနှစ်သက်သူတွေရဲ့ နာကျင်စေလိုမှုတွေကြောင့် ယိုင်နဲ့ချင်လာတဲ့အချိန်တွေလည်း ရှိပြီးတဲ့အခါ… ပျော်ရတဲ့အပျော်က ဓားရှထားရင်းကနေ ပျော်ရသလိုမျိုးလေး ဖြစ်သွားတာပါပဲ။ ပျော်လည်းပျော် နာလည်းနာပေါ့း) ဘာပဲဖြစ်ဖြစ် ဓားရှရာတွေကလည်း ကာလတစ်ခုကြာရင် ပျောက်သွားပါလိမ့်မယ်။ ထိရာရှာရာအသစ်တွေလည်း ထပ်ထပ်ဖြစ်နေဦးမှာပါပဲ (လူ့ဘဝကိုး…နော်)။ ဒါပေမယ့် ကျွန်မကတော့ အားပေးသူတချို့ ရှိနေသရွေ့ ကျွန်မရေးတတ်သလောက်လေးနဲ့ စာတွေ ဆက်ရေးဖြစ်နေဦးမှာပါပဲ။
ကျွန်မအရင်ကလည်း မကြာမကြာ ပြောခဲ့ဖူးတယ် ထင်ပါတယ်။ ဒီဘလော့လေးက စာလာဖတ်သူတွေရဲ့ အားပေးမှုကြောင့်သာ (ကျွန်မ ဘဝအမောထဲမှာ ဘယ်လောက်နစ်သွားသွား) ဒီအချိန်ထိ ဆက်ရှင်သန်နေတာပါ။ အဲဒီအတွက် အသံတိတ်ဖြစ်စေ၊ ကောမန့်ချန်ပြီး အားပေးလို့ဖြစ်စေ စာလာဖတ်ပေးကြသူ အားလုံး၊ ဘလော့ဂါမောင်နှမတွေ အားလုံး၊ ကျွန်မစာစရေးချိန်ကတည်းက စိတ်ခွန်အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံး ကို ကျေးဇူးတင်ကြောင်း ဒီကနေ အမှတ်တရ ထပ်ပြီးပြောချင်ပါတယ်။ တဆက်ထဲ ထပ်ပြီး ကျေးဇူးတင်ချင်တာက ကျွန်မဘလော့ကနေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ ခုလိုအချိန်မှာတောင် ကျွန်မကို သတိတရရှိပြီး သူတို့ရဲ့ Blog Day ပို့စ်ထဲမှာ ထည့်ရေးပေးခဲ့ကြတဲ့ ကိုအောင် (ပျူနိုင်ငံ) (ဒီပို့စ်လေး ရေးဖြစ်အောင် Tag လို့ ကျေးဇူးအထူးပါ အစ်ကိုရေ)၊ မမအိမ့် (မအိမ့်ချမ်းမြေ့) (ဘလော့စရေးဖြစ်ဖို့ Inspriration ပေးခဲ့တဲ့ အစ်မက သတိတရ ထည့်ရေးတော့ အရမ်းဝမ်းသာရပါတယ်)၊ ညီမလေး Angelhlaing (သတိတရရှိလို့ ကျေးဇူးပါ ညီမလေးရေး)၊ ကိုလင်းခေတ် (လင်းခေတ်ဒီနို) (ပျောက်နေသူကို သတိတရရှိလို့ ကျေးဇူးပါ မောင်လေးရေ)၊ ချော (အစိမ်းရောင်လွင်ပြင်) (ပို့စ်ဟောင်းလေးရဲ့ Link ကိုပါ တွေ့အောင်ရှာပြီး ဖော်ပြပေးထားလို့ အားထုတ်မှုအတွက် ကျေးဇူးအထူးပါ ချောရေ)၊ ကို sosegado ... တို့ကိုပါ။
Blog Day အတွက် မိတ်ဆက်ပေးဖို့ စဉ်းစားကြည့်တော့ Blog နဲ့ အဆက်ပြတ်နေတဲ့ ကျွန်မအတွက် ကောင်းလဲကောင်း သစ်လဲသစ်တဲ့ Blog ဆိုလို့ (၅)ခု မပြည့်ဘဲ (၃) ခုထဲ စိတ်ထဲမှာ ရှိပါတယ်။ Blog Day အတွက် ကျွန်မ မိတ်ဆက်ပေးချင်တဲ့ Blog လေးတွေကတော့…
■ Purple Vine (ညီမလေး ခရမ်းနွယ်) ~ လွတ်လပ်ချောမွေ့တဲ့ ရေးဟန်လေးက စာရေးသူလေးရဲ့ ဖြူစင်ပေါ့ပါးတဲ့ စိတ်ရင်းကို လှမ်းမြင်ရလို့ ချစ်ခင်စိတ်နဲ့ ဖတ်ဖြစ်တဲ့ ဘလော့လေးပါ။ ကဗျာတွေ၊ ဝတ္ထုတိုတွေ၊ နေ့စဉ်ဘဝရဲ့ အတွေးတွေကို ဖတ်ရမှာပါ…
■ April ရဲ့ ဒိုင်ယာရီ ~ ညက်ညောတဲ့ ရေးဟန်နဲ့ ဖွဲ့ထားတဲ့ ကဗျာနဲ့ ဝတ္ထုတိုလေးတွေ ကို ဖတ်ရမှာပါ…
■ သြချိ ရဲ့ စိတ်ကူးသစ် ~ Wordpress User လေး ဖြစ်ပြီး Technology ပိုင်းတွေပါ ဝေမျှတတ်တဲ့ ရှားရှားပါးပါး မိန်းကလေး Blogger လေးပါ…။ သူ့ ဘလော့ရဲ့ ရည်ရွယ်ချက်ကိုလည်း သိပ်သဘောကျရပါတယ်။
တခါတလေ Gtalk မှာ ဘလော့စရေးဖို့ စိတ်ကူးနေတဲ့ မောင်ငယ်ညီမငယ်လေးတွေနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ မကြာခဏမေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဘလော့ဆောက်ပြီးရင် ဘာရေးရမလဲ ဆိုတာပါ။ ကျွန်မ နားလည်သလောက်လေးနဲ့ ပြန်ဖြေလေ့ ရှိတဲ့ အဖြေကို ဘလော့စရေးမယ့် မောင်ငယ်ညီမငယ်တွေအတွက် ဒီကထပ်ပြီး ဝေမျှချင်ပါတယ်။ သူတို့ကို ကျွန်မရိုးရိုးရှင်းရှင်း ပြန်ဖြေဖြစ်တာက… ကိုယ့်ရင်ထဲမှာ ရှိသမျှ ကြုံတွေ့ရသမျှ ဘာမဆို ရေးနိုင်ပါတယ်လို့။ သူများတွေရဲ့ ပို့စ်ကို နှစ်သက်လို့ ကူးယူပြီး တင်တဲ့အခါ (Credit ပေးသည့်တိုင်အောင်) ကိုယ်တိုင်ရေး မဟုတ်တာကြောင့် ဘလော့ရေးရခြင်းရဲ့ တကယ့်ခံစားချက်ကို Enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီဟာ Unique ဖြစ်ပြီးသားဖြစ်သလို တစ်ဦးချင်းစီ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ ရှိနေတဲ့ ဗဟုသုတတွေ၊ အမြင်တွေဟာလည်း Unique ဖြစ်နေတာမို့ ဒါတွေဟာ မကုန်မခမ်းနိုင်တဲ့ ချရေးစရာတွေချည်းပါပဲလို့ ဖြေမိပါတယ်။ ကျွန်မကို မောင်ငယ်တစ်ယောက်လို ချစ်ခင်ရတဲ့ Aung Aung Sunday တစ်ခါက ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခု ရှိပါတယ်။ “Be Yourself အစ်မ” တဲ့။ ကျွန်မကလည်း မောင်လေးစကားကို ခဏငှားပြီး ဘလော့စရေးမယ်လို့ စိတ်ကူးနေတဲ့ မောင်ငယ် ညီမငယ်တွေကို စကားလက်ဆောင် ပါးချင်တာက “Be Yourself. And… Be Strong” ပါလို့း)
နောက်တစ်ခု အလေးအနက် ပြောချင်တာက Blogger ဆိုတာ Blog Reader တွေ မရှိဘဲ မတည်ရှိနိုင်တာကြောင့် ဒီ Blog Day ဟာ ဘလော့ဖတ်သူတွေနဲ့လည်း အသေအချာကို သက်ဆိုင်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ စာဖတ်တဲ့နှုန်းက စာအုပ်ထဲကစာကို ဖတ်တဲ့နှုန်းထက် ၂၅% ပိုနှေးတယ်လို့ ဖတ်ရဖူးပါတယ်။ ဒါကြောင့် ကွန်ပျူတာမျက်နှာပြင်ပေါ်မှာပဲ ရှိတဲ့ Blog တွေပေါ်က စာတွေကို ဖတ်ရတာ စာအုပ်ထဲကနေ ဖတ်ရတာလောက် သက်တောင့်သက်သာ မရှိသည့်တိုင်အောင် စာတွေဖတ်ရင်း အားပေးကြနေတဲ့ ဘလော့ဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါသေးတယ်း)
မနက်ဖြန် သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မယ့် Blog Day မှာ အားလုံး စာတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖတ်ဖြစ်ကြပါစေရှင်…း)


ဟက်ပီး ဘလော့ဒေးပါ မမရွှေပြည်သူ..။
ReplyDeleteမိတ်ဆက်ပေးတဲ့ ဘလော့သစ်လေးတွေကို သွားဖတ်လိုက်ပါ့မယ်။
မရွှေပြည်သူလဲ ပျော်ရွှင်စွာ စာတွေ ဆက်ရေးနိုင်ပါစေနော်..။
ခင်တဲ့
ညီမလေး မြတ်မွန် ◄ Happy Blog Day ပါ။ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ညီမလေး မြတ်မွန်ရေ...း)
ReplyDeleteထိရာရှရာ အသစ်တွေထပ်မဖြစ်တော့ဘဲ....
ReplyDeleteသက်ဆုံးတိုင် နှစ်သက်တဲ့ စာေ၇းခြင်းနဲ့
အခြားသောလိုအင်ဆန္ဒတွေပါပြည့်စုံပါစေ။
နုပျိုခြင်း အငွေ့အသက်တွေ အမြဲရလို့
ReplyDeleteနှစ်သက်ရတဲ့ ဘလော့ဂ်လေးပါ၊
အခု ဒီပိုစ့်လေးဖတ်ရတော့လည်း သဘောကျရပါတယ်။
ရွှေပြည်သူဆိုတာကို တွေ့ရလို့လေ၊
ချစ်ခင်လျှက်
ဒီလိုပါပဲ . . နာလိုက် ရီလိုက်နဲ့ ဘလော့ရေးသူ ဆိုတာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်ဖြစ်တဲ့ နာရီ တစ်လုံးများ ဖြစ်နေလား မသိပါဘူး။ ဒါပေမဲ့လည်း စာရေးချင်စိတ်ကြောင့် အချိန်အားတိုင်းတော့ ဆက်လက် ရေးသားနေမိဦးမှာပါပဲ။
ReplyDeleteလာဖတ်သွားပါတယ်
ReplyDeleteစိတ်ညစ်ညစ်နဲ့ တောင်ခြစ် မြောက်ခြစ်
ရေးပစ်ချင်တယ်
ဆိုတာလေး အမှတ်ရနေဆဲပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကိုသံယောဇဉ် ◄ ကျေးဇူးတင်ပါတယ်ရှင်။ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေး)
ReplyDeleteအစ်မ အပြုံးပန်း ◄ ညီမစာတွေ ဆက်ရေးဖြစ်နေတာ အခုလို အားဖြစ်စေတဲ့ ကောမန့်လေးတွေ ကြောင့်ပါပဲ။ အမြဲတမ်း ကျေးဇူးတင်လျက်ပါ အစ်မရယ်။ ညီမစိတ်ထဲမှာ ရှိတဲ့အတိုင်း ရေးချလိုက်တဲ့ ပို့စ်လေးမှာ ညီမကို မြင်အောင်ဖတ်ပေးသွားလို့ ထပ်ဆင့် ကျေးဇူးတင်ပါတယ် အစ်မး)
အစ်ကို ကိုဇော် ◄ “ပြန်မကြည့်ဖြစ်တဲ့ နာရီ” လို့ သုံးသွားတာ သဘောကျမိတယ်း) ဘဝတူတွေပေါ့ အစ်ကိုရေ...
sosegado ◄ “စာခါး”ကဗျာလေးကို အမှတ်တရရှိပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုရေ။ အစ်ကိုလည်း ပျော်ရွှင်ချမ်းမြေ့ပါစေး)
Happy Blog Day ပါမမရေ...:)
ReplyDeleteပျော်ရွင်ဖွယ်ကောင်းသော ဘလော့ဒေးလေး ဖြစ်ပါစေလို့ဆန္ဒပြုရင်း..
ညီမလေး Angelhlaing ◄ Happy Blog Day to you too ပါ ညီမလေးး)
ReplyDeleteစာဖတ်လို့ ကောင်းနေတုန်း ပြီးသွားတယ်၊ ဒါနဲ့ စကားမစပ် ”ခေတ်ရဲ့ ပြဇာတ်” ထဲက ကောင်လေးနဲ့ ကောင်မလေးရော အဆင်ပြေသွားကြပြီလား ... :D၊ နောက်တာပါ ဗျာ၊ အခုလို ပျော်စရာကောင်းတဲ့ ဘလော့ဒေးမှာ တက်ဂ်ပို့စ်ရေးပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ ...
ReplyDeleteပျော်ရွှင်ဖွယ်ကောင်းသော ဘလော့ဂ်ဒေးပါ ရွှေပြည်သူရေ။
ReplyDeleteဘလော့ဂ်ဒေးကိုအေးအေးလေးနဲ့ ရှင်းရှင်းလေးရေးသွားတာ ဖတ်လို့ကောင်းတယ်။ စာကောင်းပေကောင်းတွေ ဆက်လက်ရေးသား ဖြန့်ဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့တယ်နော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟက်ပီးဘက်ဒေးလို့ ဆိုသွားကြတဲ့အတွက် မွေးနေ့ရှင်က အမှတ်တရ နေ့ရက်မှာ ဖွားခဲ့သူပဲ . .း)
ReplyDeleteကျွန်တော် ရွှေပြည်သူ ဘလော့ကို သိခဲ့တာကြာပြီး ဆိုပေမဲ့ . . စစချင်းတုန်းက မလေးရဲ့ တပြည်သူ ဘလော့နဲ့ အမြဲ အမြဲတမ်းမှားတယ်ဗျာ . . မှားတယ်ဆိုတာကလည်း သွားရင်း လာရင်း ဘလော့နှစ်ခုကို တွေ့တွေ့နေတော့ . . သေချာ မကြည့်မိဘူး . . . စိတ်ထဲမှာလည်း အမှတ်တမဲ့မို့ ရွှေပြည်သူ နဲ့ တပြည်သူ တူတူပဲလားပေါ့နော် . . နောက်မှ သေချာပြန်ယှဉ်ကြည့်တော့မှ . . မလေးက တပြည်သူ . . အမရွှေပြည်သူက သက်သက်မှန်း သိခဲ့တာ . . တစ်နှစ်လောက် ကြာသည်အထိ မသေမချာနဲ့ မှားနေတုန်းဆိုပါတော့ဗျား) . .
ဒါက ကျွန်တော့်အတွက် အမရွှေပြည်သူဘလော့ကို အမှတ်တရ အနေနဲ့ မှတ်မိခဲ့တာဆိုပါတော့ . . .း)
ဘာပဲဖြစ်ဖြစ် ခုလို ခင်မင်ခွင့်ရတာကိုတော့ ၀မ်းသာမိတယ် . . .
အော် အစ်မ . . တခုလောက်တော့ တောင်းဆိုပါရစေ . . post font family ကို နည်းနည်းလောက် ကြီးပေပါလားလို့ပါ . . စာလုံးသေးတော့ ဖတ်ရတာ ပိုအာရုံစိုက်နေရတယ်လို့ ထင်ပါတယ် . . request . . .
ခင်မင်စွာဖြင့်
ဗညားရှိန်
arr . . .sorry . . ကျွန်တော်သေချာ မဖတ်လိုက်ဘူးး( . . .
ReplyDeleteHappy Blog day ကို Happy birthday နဲ့ မှားပြီး ပြောမိပါသည် . .
ဒါလည်း အမှတ်တရ တခုဖြစ်မယ် ထင်တယ်း)
ခင်မင်စွာဖြင့်
ဗညားရှိန်
မမ...
ReplyDeleteချစ်စရာကောင်းတဲ့ စာလေးတွေ များကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေ။
နောင့်။
Happy Blogger Day ပါ .. မ ရေ ..
ReplyDeleteApril ရဲ့ ဘလော့လေးကို မိတ်ဆက်ပေးလို့  ပျော်လည်းပျော်တယ် .. အဟိ ကျေးဇူးလည်းတင်ပါအိနော် ..
စာလေးတွေအားပေးတဲ့အတွက်ပါ ထပ်ပြီးကျေးကျေးပါ ..
ခင်မင်စွာဖြင့်
April
မရေ....သြချိ ရဲ. Blog လေးကို မသတိထားမိမယ်တောင်မထင်ထားတာပါ။ ကျေးဇူးအရမ်းတင်ပါတယ်မရေ။ သြချိလို စိတ်ကူးပေါက်မှ တစ်ပုဒ်တင်တတ်တဲ. Blogger တစ်ယောက်အတွက် post မှန်မှန်ရေးဖြစ်အောင် အားဆေးတိုက်လိုက်သလိုပါပဲ။ Happy Blogger Day ပါ မရေ ။ စကားမစပ် သီကြိုးမဲ.ပုလဲသွယ် ဇါတ်သိမ်းစောင်.နေတယ်နော် မ။း)
ReplyDeleteစာအရေးအသား သိပ်ကောင်းတဲ့ ရွှေပြည်သူရဲ့ ဘလောဂ့်လေးကို သိခဲ့တာကြာပါပြီ။ သိတဲ့နောက်ပိုင်း ပိုစ့်အဟောင်းတွေထိ ပြန်ဖတ်မိပါတယ်။
ReplyDeleteကိုယ်တိုင်ရေးတာလေးတွေ ဖတ်လို့ကောင်းသလို ၊ဘာသာပြန်တဲ့အခါမှာ စေတနာတွေ အများကြီးပါနေတာကို သတိထားမိခဲ့ပါတယ်။
ရွှေပြည်သူရဲ့ စာလေးတွေ အမြဲ သက်ဝင်လှုပ်ရှားနေစေချင်တာပါ။
ပျော်ရွှင်ချမ်းမြေ့တဲ့ ဘလော့ဒေးဖြစ်ပါစေရှင်။
ညီမလေးသူသူ..
ReplyDeleteအချစ်ဇာတ်လမ်းသိမ်သိမ်မွေ့မွေ့လေးတွေ ရေးတတ်တဲ့ ရွှေပြည်သူ အဖြစ် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနှင့် စာကောင်းပေမွန်များ ဆက်လက်ဖန်တီးရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်..။ ကိုယ်ဘလော့ဂ်ရေးဖြစ်တာ ညီမလေးရဲ့အားပေးမှုလည်းပါတာကြောင့် တစ်လက်စတည်း ကျေးဇူးတွေပါတင်ခဲ့ပါရေစေး)
ချစ်တဲ့
အစ်မဇွန် သတိရပေမယ့် ဒီနေ့အမှီလာခဲ့ပါတယ် ညီမရွှေပြည်သူရေ။ ညီမရဲ့ သီကြိုးမဲ့ ပုလဲသွယ် ဇာတ်သိမ်းလေးကို ဒီက စောင့်နေသူပေါ့။
ReplyDeleteညီမစာတွေဖတ်ပြီး အလိုလိုခင်နေမိတာလည်း ရေစက်ရှိလို့ပဲ ဖြစ်မှာပေါ့နော်။
ညီမရွှေပြည်သူ စိတ်ခံစားမိတိုင်း ကလောင်များများသွက်နိုင်ပါစေလို့ မဇွန် ဆန္ဒပြုလိုက်ပါတယ်။း)
ချစ်ခင်စွာ
Happy Blog Day ညီမ...
ReplyDeleteအမလည်း ဘလော့ဂ်စရေးကာစက မအူမလည် အချိန်တွေ့နဲ့ ပြောင်စပ်စပ် ပိုစ့်တွေအကြောင်း မနေ့ကပဲ ပြန်တွေးမိနေသေးတာ...
စကားမစပ် ညီမ စာရေးတဲ့နေရာလေးက ကဗျာဆန်ဆန် ချစ်စရာလေး...း))
Happy belated blog day ပါညီမရေ။ နောက်ကျမှလာဆုတောင်းရတယ်။ အခုတလော ဘယ်ဘလော့ဂ်မှ မရောက်ဖြစ်နိုင်ဘူးဖြစ်နေလို့။ ရွှေပြည်သူ ဆိုတဲ့ နာမည်လေးကြောင့်အပြင် စာရေးအရမ်းကောင်းတဲ့ဘလော့ဂ်လေးမို့ အရင်ထဲက သတိထားမိပြီး လာလာဖတ်ဖြစ်နေခဲ့တာ..း))
ReplyDeleteဟုတ်တယ်.. ညီမလေးပြောတာ သိပ်မှန်တယ်..
ReplyDeleteသက်တောင့်သက်သာ မရှိတာတောင် နောက်ပြီ.. ကိုဇော်ပြောသလို နာလိုက်ရီလိုက်.. ဖတ်နေ/ရေးနေကြသော
ဒီလောက် ၀ါသနာပါသူတွေ စုနေတဲ့ ရပ်ဝန်းလေး အဓွန့်ရှည်ပါစေ....လို့...
ချစ်တဲ့...
မမအိမ့်
ဘာလို့နောက်ကျပြီးမှရောက်ပါလိမ့်
ReplyDeleteဘယ်လောက်စိတ်ချမ်းသာစရာကောင်းတဲ့ အခန်းလေးလဲလို့
တိတ်တိတ်ကလေး အခန်းထဲကိုဝင်ခဲ့တယ် မမရေ
ခင်တဲ့
မဒိုးကန်
နောက်ကျမကျန်ခဲ့တဲ့ကျေးဇူးတင်စိတ်ကို နောက်ကျစွာပြောလိုက်ပါတယ် မမရေ။ ခေါင်းအုန်းနှစ်လုံးနဲ့တင် ခုတင်ပြည့်သွားဘီ။ စင်ပေါ်က ဘူးအကွက်လေးနဲ့ ခန်းစီးလေးကိုကြိုက်တယ်။
ReplyDelete