Wednesday, June 8, 2011

Present Like Steve Jobs

ပြီးခဲ့တဲ့ စနေတုန်းက Certification တစ်ခုအတွက် တနေကုန်ကြာတဲ့ သင်တန်းတစ်ခု တက်ဖြစ်ခဲ့ပါတယ်။ ဘာသာရပ်က စကားတွေချည်းပဲ ဆက်တိုက်ပြောရတာများတဲ့ Dry ခပ်ဖြစ်ဖြစ် ဘာသာရပ်မျိုးဆိုတော့ ဆရာက (တပည့်တွေ ပျင်းနေမှာစိုးလို့ ထင်ပါတယ်) ဆက်စပ်မှုရှိတဲ့ စိတ်ဝင်စားစရာ YouTube Video လေးတွေ ဖွင့်ဖွင့်ပြပါတယ်။ အဲဒီထဲက စိတ်ဝင်စားစရာ အကောင်းဆုံးမို့ ကျွန်မပြန် မျှဝေချင်တဲ့ Video လေးက အများသိကြတဲ့ Apple Inc ရဲ့ CEO ဖြစ်သူ Steven Jobs (Steven Paul Jobs) ရဲ့ Presentation လုပ်တဲ့နေရာမှာ သူများထက်ပိုထူးခြားတဲ့ အချက်လေးတွေကို ကောက်နုတ်ပြထားတာပါ။

သူ့ရဲ့ Presentation နည်းစနစ်တွေဖြစ်တဲ့ - စစခြင်းမှာပဲ ပြောမယ့် ပင်မအကြောင်းအရာကို စိတ်ဝင်စားစရာလည်း ကောင်း၊ မှတ်မိလည်း လွယ်တဲ့ စကားတိုတို ရှင်းရှင်းနဲ့ ပြောတတ်တာ၊ ပြောမယ့်အကြောင်းအရာကို ပရိတ်သတ်ကို အကြမ်းဖျင်း ခြုံပြီး အရင်သိစေတာ၊ ပြောသွားတဲ့ အပိုင်းတစ်ပိုင်းစီကို နားထောင်သူတွေ အလွယ်တကူ နားလည်နိုင်အောင် စကားနဲ့ ရှင်းရှင်းလင်းလင်း ဖွင့်ပြီး အဆုံးမှာ သပ်သပ်ရပ်ရပ် ပြန်ပိတ်တတ်တာ၊ အမူအရာနဲ့ရော အားပါတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ထက်သန်တက်ကြွမှုကို ပြပြီး ပရိတ်သတ်ကိုပါ လိုက်ပါတက်ကြွလာအောင် ဆွဲခေါ်သွားနိုင်တာ… အစရှိတာတွေကို Video ထဲမှာ တွေ့ရမှာပါ။

ကျောင်းသားတွေ အတွက်ရော၊ လုပ်ငန်းခွင်ထဲကလူတွေ အတွက်ပါ (အချက်တိုင်းဟာ ကိုယ်လက်တွေ့လုပ်ရမယ့် Presentation နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ ဖြစ်ပေမယ့်) အတုယူစရာလေးတွေတော့ တွေ့ရမှာပါ။

ကျွန်မရေးပြနေတာထက် ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ "Present Like Steve Jobs" YouTube Video ကို အောက်မှာ ကြည့်လိုက်ပါနော်း) Video ရဲ့ မူပိုင် YouTube Channel ကတော့ BNETvideo ဖြစ်ပါတယ်။

11 comments:

  1. အဲဒီလို လူရှေ့ မှာ စကားပြောကောင်းတဲ့သူတွေကို အရမ်းအားကျပါတယ်။ မအိမ်သူကတော့ အဲဒီဘက်မှာ အဖြစ်မရှိပါရှင်။ ဒူးတုန် ရင်တုန် လက်တုန်နဲ့ ပြောရမဲ့စကား ဘယ်ကစရမှန်းမသိတော့တာများတယ်။ စာနဲ့ရေးထားတာတောင် အပေါက်လမ်းတည့်အောင် မဖတ်နိုင်တဲ့ အဖြစ်... :D

    ReplyDelete
  2. မအိမ်သူ ◄ မအိမ်သူရေ အတူတူပါပဲ... လူစိမ်းတွေရှေ့မှာ စီကာစဉ်ကာ ပြောကို မပြောတတ်တား) ဒီလို စကားပြောကောင်းတာကလည်း ပညာတရပ်ပဲနော်... အလေ့အကျင့်များလာရင်တော့ ရလာမယ် ထင်ပါရဲ့...

    ReplyDelete
  3. သူတို့ဆီမှာ ( ဒီ US မှာ ) Public Speaking ဘာသာရပ်ကို တော် တော် အလေးထားလာ ကြတယ်ဗျ။ တက္ကသိုလ်/ကောလိပ် အများစု တွေမှာ ဘယ်မေဂျာ မဆို ပထမနှစ် သို့မဟုတ် ဒုတိယနှစ်မှာ English 101, English 102, Public Speaking ဒီ ၃ ဘာသာကို ယူကို ယူရတယ်။ ကျနော်လည်း Public Speaking ယူဖူးတယ်။ Presentation တွေမှာ ကိုယ့်ကို ဗီဒီယို ရိုက်ထားပြီး eye contact, body language, အဝတ်အစား ကအစ အမှတ် ပေးတယ်။ ကျနော့် Final Presentation မှာ မြန်မာ ဗိန္ဓောဆေး ဟာ ပထဝီ၊ အာပေ၊ တေဇော၊ ဝါယော ဓါတ်ကြီးလေးပါး အပေါ် အခြေခံ ထားကြောင်း ပြောပြလိုက်တာ မဆိုးဘူး။ သူတို့ စိတ်ဝင်စား ကြတယ်း))

    ReplyDelete
  4. ကျောင်းတုန်းက presentation လုပ်တဲ့အခါ ဟိုး..အနောက်ဘက်ဆုံးက လူမရှိတဲ့အတန်းကိုပဲ ကျော်ကြည့်ပြီး present လုပ်နေကျ..။ မျက်လုံးချင်းဆုံမိရင် ပြောတာရပ်ရပ်သွားတတ်လို့..ဗန္ဓုလသွေးဆိုတာ အဲလို..းD Steve Jobs ရဲ့ကောက်နုတ်ချက်တွေကတော့ အတုယူစရာမို့ ကျေးဇူးပါ ညီမလေးသူသူ။

    ReplyDelete
  5. မမပန်းချီ ◄ အဲဒီလို အနောက်ဘက်ဆုံးက လူမရှိတဲ့အတန်းကို ကျော်ကြည့်ပြီးပြောတာကလည်း Presentation လုပ်တဲ့ နည်းထဲက တစ်ခုလို့ မှတ်ဖူးပါတယ် (လူတွေရဲ့ မျက်လုံးတွေနဲ့ သိပ်မဆုံရရင် အာရုံပျံ့လွင့်မှု ပိုနည်းလို့လို့ ပြောပါတယ်) ကောမန့်လေး ရေးခဲ့တာလည်း ကျေးဇူးပါ မမး)

    ReplyDelete
  6. (လာခဲ့ပြန်ပြီး))သြော...အဲဒီလိုနည်းလမ်းရှိတာ ညီမလေးပြောမှပဲသိတော့တယ်..တကယ်တော့ အဲဒီနည်းကို ကိုယ် ဆယ်တန်းတုန်းက အင်္ဂလိပ်စာသင်ပေးဖူးတဲ့ ဆရာကြီး ဦးအောင်ခိုင်ရဲ့ အတွေ့အကြုံဆီကနေ ရခဲ့တာ..။ ရေခြားမြေခြားမှာ စာသင်ယူရတဲ့အခါမတော့ ဆရာ့နည်းကိုသုံးကြည့်ရင်း အဆင်ပြေသွားခဲ့တာပါပဲ..။

    ချစ်တဲ့
    ©disturbing personးD

    ReplyDelete
  7. မမပန်းချီ ◄ ညီမကတော့ ကျောင်းမှာတုန်းက နားထောင်နေတဲ့ ဆရာတစ်ယောက်ယောက်ကို သည်းကြီးမည်းကြီးကြည့်ပြီး ပြောတား)) မမပန်းချီရဲ့ Presentation ကို ကြည့်ချင်လိုက်တာ...

    ReplyDelete
  8. presentation လုပ်တာ ဘယ်လောက်အကျင့်ရှိတယ် ပြောပြော လူများများလည်း မြင်လိုက်ရော ခြေလက်တွေ တုန်တုန်လာတယ်
    ဘယ်လာက်ဘဲလေ့ကျင့်လေ့ကျင့် အမြဲဒီလိုဖြစ်တယ် ။
    သူများတွေကို အားကျလိုက်တာ
    ခုတော့ ဘာမှမလုပ်ဖြစ်တာ ကြာပါပြီ

    ReplyDelete
  9. ချော(အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ် ချောရေ... လူတွေမြင်ရင်တော့ ဒူးတုန်တာပဲ။ ပြောရင်းနဲ့တော့ သွေးပူသွားရောနော်။း)

    ReplyDelete
  10. ကိုအောင်(ပျူနိုင်ငံ)Jun 10, 2011 08:18 AM

    သူ့ဘ၀က တကယ် စိတ်ဝင်စားဖို့ ကောင်းတယ် ...

    ReplyDelete
  11. ကိုအောင် (ပျူနိုင်ငံ) ◄ အစ်ကိုပြောလို့ သေချာရှာဖတ်ကြည့်ပါဦးမယ်...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)