Sunday, June 19, 2011

နှစ်သက်မိသော အဆိုအမိန့်များ (၂) - Father's Day

Father’s Day ကျရောက်ရာ ဒီလအတွက် ကျွန်မတို့အားလုံးရဲ့ ကျေးဇူးရှင် ဖခင်တွေနဲ့ ပတ်သတ်တဲ့ အဆိုအမိန့်လေးတွေကို နှစ်သက်မိတဲ့ အဆိုအမိန့်တွေအဖြစ် ပြန်မျှဝေလိုက်ပါတယ်။ စာလာဖတ်သူတွေထဲမှာ သားသမီးနေရာမှာပဲ ရှိနေသေးသူတွေ ရှိသလို၊ ဖခင်နေရာရောက်နေပြီ ဖြစ်တဲ့သူတွေလည်း ပါနိုင်တာမို့ ၂ပိုင်းခွဲပြီး ဖော်ပြလိုက်ပါတယ်နော်း)

အဖေ့သား၊ အဖေ့သမီးတို့အတွက်

“He didn't tell me how to live; he lived, and let me watch him do it.” ~ Clarence Budington Kellan
“သူ ကျွန်တော့်ကို (ဘဝမှာ) ဘယ်လို နေထိုင်ရပ်တည်
ရှင်သန် ရမလဲဆိုတာ ပြောမပြခဲ့ပါဘူး။ သူကိုယ်တိုင် နေထိုင်ပြပြီး ကျွန်တော့်ကို ကြည့်ရှု(သင်ယူ)စေခဲ့ပါတယ်” ~ ကလဲရင့်စ် ဘတ်ဒင်တန် ကယ်လန်

“A father is always making his baby into a little woman. And when she is a woman he turns her back again.” ~ Enid Bagnold
“ဖခင်ဟာ သမီးငယ်လေးကို အမျိုးသမီးလေးဖြစ်အောင် ပျိုးထောင်ခဲ့ပြီး၊ အမျိုးသမီးလေးဖြစ်လာတဲ့ အခါမှာလည်း (အဖေ့)သမီးငယ်လေး အဖြစ်ခံစားရအောင် တဖန်ပြန်ပြောင်းလဲ တတ်သူပါပဲ” ~ အီးနစ်ဒ် ဘက်ဂ်နိုးလ်

“By the time a man realizes that maybe his father was right, he usually has a son who thinks he's wrong.” ~ Charles Wadsworth
“လူတစ်ယောက်က သူ့အဖေ မှန်ကောင်းမှန်ခဲ့လိမ့်မယ်လို့ သိနားလည်လာတဲ့အချိန်မှာတော့ ပုံမှန်အားဖြင့် သူ့မှာလည်း သူမှားတယ်လို့ ထင်တဲ့ သားတစ်ယောက်လည်း ရှိနေခဲ့ပါပြီ” ~ ချားလ်စ် ဝဒ်စ်ဝေါ့သ်

“I've had a hard life, but my hardships are nothing against the hardships that my father went through in order to get me to where I started.” ~ Bartrand Hubbard
“ကျွန်တော် ခက်ခဲပင်ပန်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဘဝကို စတင်ဖို့ အဖေဖြတ်သန်းခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေနဲ့စာရင် ဘာမှမပြောပလောက်ပါဘူး” ~ ဘာထရန် ဟပ်ဘာ့ဒ်

“That is the thankless position of the father in the family-the provider for all, and the enemy of all.”
~ August Strindberg
“မိသားစုမှာ ကျေးဇူးအတင်မခံရတဲ့ နေရာက ဖခင်နေရာပါပဲ။ မိသားစုကို (အဓိက)ထောက်ပံ့သူဖြစ်ပေမယ့် အားလုံးရဲ့ ရန်သူလည်း ဖြစ်နေရရှာသူပါ” ~ သြဂတ်စ် စတွင်းန်ဘတ်က်
(ဒီ စကားကတော့ မိသားစုတစ်စုလုံးအတွက် ဖခင်ကချည်းပဲ စီးပွားရှာရတဲ့ ခေတ်ကို ညွှန်းဆိုဟန်ရှိပြီး “ရန်သူ” ဆိုတဲ့ နေရာမှာလည်း စည်းကမ်းတွေ တင်းကျပ်ရလွန်းလို့ သားသမီးတွေရဲ့ အမြင်မကြည်လင်မှု ခံရတာမျိုးကို ဆိုလိုတာလို့ နားလည်မိပါတယ်)

ဖခင်များအတွက်

“Any man can be a father, but it takes a special person to be a dad” ~ Proverb
“အမျိုးသားတိုင်း ကလေးအဖေ ဖြစ်နိုင်ပေမယ့် တကယ့်ဖခင်(ကောင်း) ဖြစ်ဖို့ကတော့ ထူးခြားတဲ့လူတစ်ယောက် (ဖြစ်ဖို့) လိုအပ်ပါတယ်” ~ စကားပုံ

“The most important thing a father can do for his children is to love their mother.” ~ Theodore Hesburgh
“ဖခင်တစ်ယောက် သားသမီးတွေအတွက် လုပ်ပေးနိုင်တဲ့ အရေးအကြီးဆုံးအရာကတော့ သူတို့ရဲ့ မိခင်ကို ချစ်မြတ်နိုးခြင်းပါပဲ” ~ သီအဒေါ ဟပ်စ်ဘာ့ဂ်

“Every father should remember that one day his son will follow his example instead of his advice” ~ Anonymous
“ဖခင်တိုင်း စွဲစွဲမြဲမြဲ မှတ်ထားရမှာကတော့ တနေ့မှာ သားဖြစ်သူက ကိုယ်ပေးတဲ့ အကြံဥာဏ်တွေထက် ကိုယ်ကိုယ်တိုင် ဥပမာပြ နေထိုင်ခဲ့တဲ့အတိုင်းပဲ အတုယူ လိုက်နာမယ် ဆိုတာပါပဲ” ~ ရေးသူအမည်မသိ

“It is a wise father that knows his own child.” ~ William Shakespeare
“ကိုယ့်ကလေးအကြောင်းကို ကောင်းကောင်းသိမှ ဥာဏ်အမြော်အမြင်ရှိတဲ့ ဖခင်ပါ” ~ ဝီလီယံ ရှိတ်စပီးယား

"Being a dad is more important than football" ~ David Beckham
“ဖခင်တစ်ယောက်ဖြစ်ရတာဟာ ဘောလုံးထက် ပိုအရေးကြီးပါတယ်” ဒေးဗစ် ဘက်ဟမ်း

အားလုံးပဲ အဖေဂုဏ်ယူရတဲ့ သားသမီးတွေအဖြစ် Father’s Day ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေ...း)

7 comments:

  1. "Any man can be a father, but it takes a special person to be a dad." - I like and can understand it most because I had a father, not a dad. Anyway, I thank him, especially on this day, for his paternal dutifulness in my earlier life.

    ReplyDelete
  2. ဖခင်အားလုံး ကျန်းမာပြီး ချစ်တဲ့ သမီး၊သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင် နိုင်ကြပါစေ .. လို့ ဆုတောင်းပါတယ် sis ရယ်။

    ReplyDelete
  3. အမကြောင့် ဒီနေ့က အဖေများနေ့မှန်း သတိရတာ။ အဲဒါအတွက်ရော၊ ဒီပိုစ့်လေးအတွက်ရော ကျေးဇူးတင်လိုက်တာ။

    ReplyDelete
  4. အဖေ့သား အဖေ့သမီးတို့အတွက် ခေါင်းစဉ်အောက်က ဒုတိယအချက်ကိုဖတ်ရင်း မျက်ရည်ဝဲမိတယ်..ညီမလေး သူသူရေ..။ အဖေ့ကိုလွမ်းလွန်းလို့..။ အဖေနေ့မှာ တန်ဖိုးရှိတဲ့ အဆိုအမိန့်တွေအတွက် ကျေးဇူးတင်ပါတယ်..။

    ချစ်တဲ့..

    ReplyDelete
  5. Anonymous ◄ I'm really sorry to know about your feelings. But, it's really good for you that you're still having such a heart of gold to thank him. Parents won't be perfect as they're also humans, right?

    jr ◄ မနဲ့ ထပ်တူ ဆုတောင်းမိပါတယ်...း)

    PURPLE VINE ◄ ညီမလေးကောမန့်ကြောင့် ဒီပို့စ်လေး တင်ရကျိုးနပ်တယ်လို့ ခံစားရလို့ အစ်မကလည်း ကျေးဇူးတင်ပါတယ် ညီမလေးရေ...

    မမပန်းချီ ◄ စိတ်မကောင်းဖြစ်မိပါတယ် မရေ... အဖေဂုဏ်ယူရတဲ့ သိမ်မွေ့လိမ္မာတဲ့သမီးတစ်ယောက် ဖြစ်နေတာကပဲ အစ်မအဖေအတွက် ပြီးပြည့်စုံစေမှာပါ...

    ReplyDelete
  6. အဲဒီ့အဆိုအမိန်.တွေကို တစ်ခါမှ မဖတ်ဖူးဘူး ၊ စုစုစည်းစည်းဖော်ပြထားတဲ့ အတွက် ကျေးဇူးပဲဗျို. ၊ အဖေနေရာကနေ ဖတ်သွားပါတယ်၊

    ReplyDelete
  7. ZZZ ◄ ဖခင်တစ်ယောက်က လာပြီး ဖတ်ရှုအားပေးသွားလို့ ဝမ်းသာပါတယ်။ ကျေးဇူးပါရှင်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)