Tuesday, June 14, 2011

အမော

ပြန်ပြောရမှာတောင် မောမိပါရဲ့…

တပ်မက်မှုတကြောကို
ခပ်လောလောလိုက်ရင်း
ကောင်းကင်ကို မမီ့တမီမျှော်ကြည့်
ခလုတ်ထိတာတွေလည်း
နည်းမှမနည်းတော့ဘဲ…

လိုချင်မှုခပ်များများက…
မြေပြင်တလွှား ရှိရှိသမျှသောတောင်တွေ ထမ်းမ ထားရသလိုမျိုး…
စေးပြစ်ပြစ် နွံနက်ထဲ နစ်သထက်နစ်ကာ တိုးဝင်သွားရသလိုမျိုး…
သိမ်မွေ့သောကြိုးတစ်ပိုင်းနဲ့ မလူးသာမလွန့်သာ အခါခါ ရစ်ဆိုင်းထားသလိုမျိုး…
ကိုယ့်ကို… တိုးလို့တိုးလို့ လေးလံထိုင်းမှိုင်းစေတယ်…

ဟယ် “ဟန်ကိုယ့်ဖို့”တဲ့…

လောဘ မောဟ ဒေါသ သိုက်နောက်ကို
အမောတကော လိုက်လျှောက်ရင်းကပဲ
“မောပါဘူး မောပါဘူးဟယ်” ရယ်လို့…
ကသောကမျော
ခပ်သောသောလေး
ရယ်မောပစ်လိုက်တယ်…

ဟက်ဟက်ပက်ပက်ပါပဲ…
ဒါပေမယ့်လည်း…
ထွက်ကျလာတဲ့အသံက…
ခပ်ကွဲကွဲ ခက်အက်အက်ရယ်…

ရွှေပြည်သူ
(11:15 PM ~
14-June-2011 )

ဘဝမှာ (ခုချိန်ထိ) အပြောင်းအလဲအများဆုံးသော ကာလကို ဖြတ်သန်းရင်းကနေ ခပ်မောမောနဲ့ပဲ ဒီကဗျာလေးကို ဘတ်စ်ကားပေါ်မှာ စာစစီပြီး အိမ်ရောက်တော့ ချရေးလိုက်ပါတယ်း)

13 comments:

  1. အလိုရမ္မက်တွေ စေသလို ပြေးရင်းလွှားရင်း မောပြီးရင်း မောနေ...။

    ReplyDelete
  2. အမောပြေရာပြေကြောင်း
    ဆုတွေတောင်းပြီး
    ဒေသမတူ အမောတူလို့
    ထပ်ကာတလဲလဲ
    လာလည်မြဲပါ....။
    နှလုံးကြည်လင်
    စိတ်ပျော်ရွှင်ပြီး
    ကျန်းမာေ၇းကောင်း
    သွေးသစ်လောင်းလို့
    ဝေဒနာမှန်သမျှ
    ဖယ်ကာပပြီး
    ကောင်းကြိုးချမ်းသာ
    လိုရာမှန်သမျှ
ေ၇ွှပြည်သူ အနား
ေ၇ာက်စေသော်ဝ်.....။

    ReplyDelete
  3. ကိုလင်းဒီပ ◄ ဟုတ်တယ် ကိုလင်းဒီပရေ... မောပြီးရင်းမော...

    သံယောဇဉ် ◄ ကဗျာဆုတောင်းအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ သံယောဇဉ်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေနော်...

    ReplyDelete
  4. အမရေးဟန်လေး နည်းနည်းပြောင်းသွားတယ်။ ရီနေပေမယ့် လွမ်းနေ ငိုနေသံလေးပေါက်နေတယ်နော်။ ကျမလည်း အဖေ့သမီးပဲ။ အဖေ့ကို လွမ်းသွားတယ်။

    ReplyDelete
  5. ဘဝဆိုတာကလဲ အမောတွေ ဇောတွေနဲ့ဘဲ ရှင်သန်နေရတာကိုး... တစ်ခါတစ်လေတော့လဲ ရယ်မောလိုက်ကြတာပေါ့ကွယ်..
    ဒါပေမယ့်လဲ ရယ်ရင်းနဲ့မောနေခဲ့ရတာပိုများနေသလားဘဲ...။
    ကဗျာလေးကောင်းလိုက်တာ ရွှေပြည်သူရေ အထပ်ထပ်ဖတ်သွားတယ် :)

    ReplyDelete
  6. PURPLE VINE ◄ ငိုချင်တာထက် (စိတ်)မောနေတာက ပိုများတယ် ညီမလေးရယ်...။ ကဗျာကတော့ အဖေနဲ့ မပတ်သက်ပါဘူး။ ကိုယ့်အကြောင်းကိုယ် ရေးထားတား) အစ်မလည်း အဖေ့သမီးပဲ။ အဖေ့ကိုလွမ်းရင် ၁၉ ရက်နေ့ကျ ဖုန်းဆက်လိုက်ဦးနော်း)

    မအိမ်သူ ◄ ကဗျာလေးကို သေချာခံစားပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် မအိမ်သူရေ... ဟုတ်တယ် ဟုတ်တယ်... ရယ်ရယ်မောမောဆိုတဲ့စကားက အလကား မဟုတ်လောက်ဘူးနော်... ရယ်ရင်းနဲ့မောနေရတာကို ပြောချင်တာများလားတောင် မသိး))

    ReplyDelete
  7. ကွန်မန့်ကနှစ်ခုရောသွားတာ မမရဲ့...ဟီးးး။ Happy Father's Day က စာနဲ့လေ။

    ဟက်ဟက်ပက်ပက်ပါပဲ...
    ဒါပေမယ့်လည်း...
    ထွက်ကျလာတဲ့အသံက...
    ခပ်ကွဲကွဲ ခပ်အက်အက်ရယ်... ဆိုတာကို လွမ်းသံပေါက်နေတယ်လို့ ဘာလို့မြင်မိမှန်းမသိဘူး။

    အဖေ့ကို အဖေကဆက်မှပြောလို့ရတာ။ မဟုတ်ရင်ဆက်လို့မရဘူးလေ။

    ReplyDelete
  8. နောင့် ကဗျာ တွေကို သိပ်မသိဘူး မမ။ ဒါပေမယ့် ဘာကို ပြောချင်လဲဆိုတာတော့ သိသွားတယ်။

    အဖေ ဂုဏ်ယူရတဲ့ သမီး နောင့် လဲ ဖြစ်ချင်ပါတယ်။ ဒါပေမယ့်...း(

    ReplyDelete
  9. ကိုယ့်ညီမလေးတကယ်မောနေမှန်း သိသာလိုက်တာကွယ်..ကဗျာလေးကပြောပြနေလို့..။ သူသူတို့ တော်လိုက်ပုံများ ဘတ်စ်ပေါ်က အတွေးမောတွေကို အိမ်အထိသယ်လာပြီး အရေးမောအဖြစ် အသွင်ပြောင်းခဲ့နိုင်တယ်..။

    ကျေးဇူးပါညလေးရေ.. အမောချင်းတူလို့ ကဗျာလေးခဏခဏဖတ်ပြီး ဟန်ကိုယ့်ဖို့ နေရတာ..း)

    ချစ်တဲ့

    ReplyDelete
  10. PURPLE VIINE ◄ သြော် ရောရေးလည်း ရပါတယ် ညီမလေးရဲ့း)) လွမ်းသံပေါက်နေတယ်ဆိုတော့ လွမ်းမောမောကြီးနဲ့များ ရေးချလိုက်မိသလား မသိပါဘူးး) အဖေကဆက်မှ ပြောလို့ရတယ်ဆိုရင်တော့ အကြွေးမှတ်ထားပြီး အဖေဆက်ရင် ပြောလိုက်နော်း)

    နောင့် ◄ ကဗျာက ဘာကိုပြောချင်တယ်ဆိုတာ သိတယ်ဆိုလို့ ဝမ်းသာမိတယ်...။ နောင့်လေးက အဖေဂုဏ်ယူရတဲ့သမီးပါ။ အစ်မသေချာ သိပါတယ်း)

    မမပန်းချီ ◄ တော်တာ မဖြစ်နိုင်ဘူး မမပန်းချီ... တကယ်ကို ဟောဟဲ ဟောဟဲ ခံစားနေရလို့ ကဗျာထွက်လာတာ ဖြစ်မယ်း)) အမောချင်းတူတယ်ဆိုတော့ ဟန်ကိုယ်ဖို့ ရယ်လိုက်ကြရအောင်း))

    ReplyDelete
  11. ဖတ်တဲ့သူကလည်း အစထဲကမောနေတာ မမရဲ့...:):)
    ခံစားအားပေးလျှက်ပါမမ..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  12. လိုက်ဖတ်ရတာ ဟတ်ဟတ်ပက်ပက် မောတယ်

    ReplyDelete
  13. Angelhlaing ◄ အားလုံးမောနေကြပါတယ် ညီမလေးရေ...း)

    မော်ကွန်းသစ် ◄ တင်ပါ့ဘုရား...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)