Saturday, May 21, 2011

iDhamma

ဒီပို့စ်က iPhone User တွေအတွက်ပဲ ဖြစ်နေလို့ iPhone မသုံးကြတဲ့ စာလာဖတ်သူတွေကို အရင်ဆုံး တောင်းပန်ပါတယ်နော်း)

ကျွန်မ ပရိတ်ကြီး ၁၁ သုတ်စာအုပ်လေးကို ဖုန်းထဲမှာ တနည်းနည်းနဲ့ ထည့်ပြီး သယ်သွားနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတာ ကြာခဲ့ပါပြီ။ မနေ့ညကပဲ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတစ်ယောက်က “Install လုပ်ထားလား”လို့ မေးလာတဲ့ ဒီ iDhamma (iPhone Application) အကြောင်းသိရတော့ အရမ်းဝမ်းသာသွားပါတယ်။ ဒီ Application မှာ…

:: ပရိတ်ကြီး ၁၁ သုတ်
:: ဓာရဏပရိတ်တော်
:: ပဋ္ဌာန်း တရားတော်အကျဉ်း နဲ့ အကျယ်
:: ဓမ္မာစကြာ
:: ဂုဏ်တော်များ
:: ဂုဏ်တော်ကွန်ချာ
:: မေတ္တာပို့
:: အမျှဝေ

တို့ကို ဖတ်ရှုရွတ်ဆိုနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ ပရိတ်ကြီး ၁၁ သုတ် ကို အသံဖိုင်တွေပါ နာကြားနိုင်ပါတယ်။ ကိုယ်မကြာခဏ ဖွင့်ဖတ်ရွတ်ဆိုနေကျ စာမျက်နှာရှိရာကို “နှစ်သက်ရာ တရားတော်များ” အနေနဲ့ အလွယ်တူ သွားနိုင်အောင် “Favourite” လုပ်ပြီး မှတ်သားနိုင်ပါသေးတယ်။ အဲဒီအပြင် တရားပွဲတွေရဲ့ သတင်းကို Update လုပ်နေတဲ့ “News” ဆိုတဲ့ Section တစ်ခုလည်း ပါသေးတာ တွေ့ရပါတယ် (အခုလောလောဆယ် အသုံးပြုသူ အများစုက စင်္ကာပူက ဖြစ်တာကြောင့် စင်္ကာပူက တရားပွဲတွေပဲ Update လုပ်ထားသေးတယ်လို့ iDhamma ရဲ့ Webpage မှာ ဖတ်ရပါတယ်)

နောက်ဆုံး Upgrade လုပ်ထားတဲ့ Version က iDhamma 1.1 လို့သိရပြီး iOS4 အသုံးပြုထားတဲ့ iPhone 3G / 4 တို့မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Application က လုံးဝ Free ဖြစ်ပါတယ်တဲ့။

Application ကို ဖန်တီးသူက ကိုပြည့်ဖြိုးဟန်လို့ သိရပြီး အသေးစိတ်ကို အောက်က Application ရဲ့ Webpage တွေမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

idhamma.pyephyohan.info
www.zack-notes.net


သပ်ရပ်လှပတဲ့ User Interface နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်အကျိုးများတဲ့ ဒီ App ကို ဖန်တီးသူ ကိုပြည့်ဖြိုးဟန် နဲ့ ဖြစ်မြောက်ရေးအတွက် ကုသိုလ်ပါဝင်ခဲ့ကြသူအားလုံးကို User တစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသလို ကမ္ဘာတဝှမ်းက မြန်မာပေါင်းများစွာ တရားဓမ္မကို သွားရင်းလာရင်း ဖုန်းလေးရှိရုံနဲ့ ရွတ်ဆိုပွားများခွင့်ပေးတဲ့ ကုသိုလ်တော်အတွက်လည်း ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မိပါတယ်။

ဒီ Application အကြောင်းကို လူအများစု သိပြီးသား ဖြစ်နိုင်ပေမယ့် ကျွန်မလိုပဲ အတွေးရှိတဲ့ မသိသေးသူတွေကို iPhone App Store ကနေ Download လုပ်နိုင်အောင် သတင်းလေး လက်တို့ဝေမျှလိုက်ပါတယ်ရှင်း)

20 comments:

  1. တကယ့် အဖိုးတန် အမျိုးမှန် application ပါလားညလေးရေ..
    မျှဝေပေးလို့ကျေးဇူးအထူးတင်ပါတယ်..ဖန်တီးသူ ကိုပြည့်ဖြိုးဟန်ရဲ့ကျေးဇူးလည်းအင်မတန်ကြီးပါရဲ့..။

    ဝတ်ရွတ်စဉ်နဲ့ ပဌာန်းစာအုပ်သေးကို လွယ်တဲ့အိတ်ထဲထည့်သယ်သွားရတဲ့အခါ အိတ်ထားစရာ သင့်တော်ရာနေရာ ရှာထားရတာမလွယ်ဘူး သူသူရေ..ခုတော့စိတ်အေးရပြီပေါ့..။ ခုပဲ install လုပ်လိုက်ဦးမယ်း))

    ချစ်တဲ့

    ©disturbing person

    ReplyDelete
  2. မမပန်းချီ ◄ ဟုတ်တယ် မမရေ... မူရင်းဖန်တီးသူရဲ့ အားထုတ်မှုက တကယ်ကို ကျေးဇူးတင်စရာပါး)

    ReplyDelete
  3. မမရေ.. ပြန်လည်မျှဝေပေးမှု အတွက် ကျေးဇူးပါနော်..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  4. http://www.saturngod.net/news/dhamma-stream for listerning dhamma

    ReplyDelete
  5. Angelhlaing ◄ ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမလေးရေ။

    ReplyDelete
  6. Anonymous ◄ ဝေမျှပေးတာ ကျေးဇူးအထူးတင်ပါတယ်ရှင်။ ကျွန်မချက်ချင်းပဲ ဖုန်းထဲမှာ Download ချပြီး ထည့်လိုက်ပါတယ်။

    ReplyDelete
  7. ကျေးဇူးတင်ပါတယ် ဒေါင်းလုပ်လုပ်ပြီး ဖတ်နေပါတယ် ကုသိုလ်တော်တော်ရပါတယ်ဗျာ နောက်ဆုံးပေါ်ဗားရှင်းကိုတော့ဒေါင်းနေတုံးပဲ

    ReplyDelete
  8. Anonymous ◄ ဟုတ်ကဲ့... မူရင်းဖန်တီးသူကို ကျွန်မလည်း အရမ်းကို ကျေးဇူးတင်မိပါတယ်း)ဖတ်နေတယ်ဆိုလို့ သာဓုလည်း ခေါ်ပါတယ်ရှင်။

    ReplyDelete
  9. i want to refer dhStream application. it can get from apple store(free)
    it was written by saturngod.
    can listen alot of buddha talks.
    best regards

    ReplyDelete
  10. ko thet thaing ◄ thank you very much indeed for dropping some lines here and sharing. I've already installed it in my phone.

    ReplyDelete
  11. ငါ့အမလည်း အိုင်ဖုန်းသုံးပီပေါ့.. ဟိုတုန်းကပြောတော့ အိုင်ဖုန်းသုံးဘူးဆို.. blackberry သုံးမယ်လေး ဘာလေးနဲ့ ..
    အိုင်ဖုန်းက app များတယ်လေဗျာ.. သုံးရတာ အဆင်ပြေတယ်မဟုတ်လား..


    ခင်တဲ့
    ပေတူး

    ReplyDelete
  12. ပေတူး ◄ ပြောရင်လည်း ခံရမှာပဲ မောင်လေး ပေတူးရေ။ အဲဒါကြောင့် “ဆန္ဒပေါင်းများစွာ” ပို့စ်မှာ စိတ်တွေပြောင်းလဲပုံများလို့ ရေးခဲ့တား) BlackBerry ကိုလည် ကြိုက်တုန်းပါပဲ။ ဒါပေမယ့် iPhone ကို Screen ပိုကြီးပြီး သုံးရတာလည်း အဆင်ပြေတော့ ပိုကြိုက်သွားမိပြီး)

    ReplyDelete
  13. မဇွန်က အိုင်ဖုန်းမသုံးပေမယ့် လာဖတ်သွားပါတယ်။ လက်စသတ်တော့ တီထွင်သူ ပြည့်ဖြိုးဟန်ကိုး။ အစ်မနောက်မှ သူ့ဆီဖုန်းဆက်ပြီး congratulate လုပ်လိုက်ဦးမယ်း)

    ReplyDelete
  14. အစ်မဇွန် (ဇွန်မိုးစက်) ◄ လာဖတ်သွားတာ ကျေးဇူးတင်ပါတယ် အစ်မရေ။ ဟုတ်ကဲ့ မူလဖန်တီးသူရဲ့ ကျေးဇူးက တကယ်ကြီးပါတယ်း)

    ReplyDelete
  15. မေ၇ွပြည်သူေ၇..စာလေးတွေလာဖတ်သွားပါတယ်ခင်ဗျာ....

    ReplyDelete
  16. ကိုနေမင်းမောင် ◄ ကျေးဇူးတင်ပါတယ်ရှင်...

    ReplyDelete
  17. ကျေးဇူးမမ...။
    download လုပ်ပြီးသွင်းထားလိုက်တယ်..။ တီထွင်တဲ့လူရော သတင်းဝေမျှတဲ့ မမကိုပါ သာဓုခေါ်သွားတယ်နော်.. :)

    ဝေလေး

    ReplyDelete
  18. ဝေလေး ◄ Download လုပ်သွင်းပြီး တရားတွေ ရွတ်ဖတ်ပူဇော်မယ့် ညီမလေးရဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်တယ်နော်း)

    ReplyDelete
  19. ကျနော်လည်းဒီသတင်းလေးဖတ်ကြည့်ရတော့ Iphoneမကိုင်နိုင်သေးပေးမယ့် ၀မ်းသာကြည်နူးမိပါတယ် ကျနော်တို့ကမနက်နိုးလို့မျက်စိနှစ်လုံးဝွင့်တဲ့အချိန်ကစပြီး ဘုရားတရားအသံပဲကြည်နူးစွာကြားချင်မိကြတာလေ ဟုတ်တယ် သီချင်းတို့Moviesတို့ဆိုတာက intertainmentဆိုပေမယ့် ချိုမြတဲ့အဆိပ်ပါတဲ့ပျားရည်လိုပါပဲ နောင်ကျဒုက္ခတွေနဲ့ရှတတဖြစ်ကြရမှာ အမြဲဘုရားတရားအသံကြားနေရရင် ဘ၀ကအနှစ်သာရပြည့်နေသလိုခံစားနေမိရလို့ပါပဲ ကျနော်လည်းIphoneကိုင်နိုင်တဲ့အခါ ဒီဆော့ဝဲလေးထည့်ဖြစ်အောင်ထည့်ထားမယ်လို့စိတ်ကူးမိတယ် ကြည်နူးမိပါတယ်ဗျာ :)

    ReplyDelete
  20. ကို laminmaung ◄ iPhone မသုံးဖြစ်သေးပေမယ့် ဒီသတင်းကြားရုံနဲ့ ဝမ်းသာကြည်နူးတယ်ဆိုကတည်း ကို lminmaung မှာ ကုသိုလ်စိတ်တွေ ဖြစ်နေပါပြီး) ဒီ App ရဲ့ ဖန်တီးသူကတော့ ကုသိုလ်တွေ အထပ်ထပ်ရနေမှာပါ။ ဝေမျှခွင့်ရတာကို ဝမ်းသာမိပါတယ်း)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)