နှစ်သက်မိသော အဆိုအမိန့်များ (၁)
အဆိုအမိန့်ကိုးကားချက် (Quotations) တွေကို ကျွန်မ သိပ်သဘောကျပါတယ်။ Quotation ကောင်းတွေဟာ စာကြောင်း တိုတိုတုတ်တုတ်နဲ့ အမြဲမှတ်မိစေတဲ့ (ဒါမှမဟုတ်) အားဖြစ်စေတဲ့ အနှစ်သာရတွေကို ပေးတတ်လို့ပါ။ ခုတလော ကျွန်မအတွက် အားတွေလိုနေလို့ Quotation တွေ ရှာဖတ်မိရင်း အဲဒီထဲက ကြိုက်မိတဲ့ ၅ ခုကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ အခုလိုပဲ ဖတ်မိတဲ့ Quotation လေးတွေကို (လစဉ်ဖြစ်ဖြစ်) ပြန်မျှဝေသွားဖို့ စိတ်ကူးထားပါတယ်း)
“It's kind of fun to do the impossible.” ~ Walt Disney
“မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ရတာ တော်တော်လေး ပျော်စရာကောင်းပါတယ်။” ~ ဝေါ့လ်ဒစ်စနေ
“Don't wait until everything is just right. It will never be perfect. There will always be challenges, obstacles and less than perfect conditions. So what. Get started now. With each step you take, you will grow stronger and stronger, more and more skilled, more and more self-confident and more and more successful.” ~ Mark Victor Hansen
“အားလုံး နေသားတကျ အဆင်ပြေတဲ့အထိ စောင့်ဆိုင်းမနေပါနဲ့။ အစစ ပြီးပြည့်စုံတဲ့အနေအထားဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ (ကိုယ့်စွမ်းရည်ကို စမ်းသပ်တဲ့) စိန်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ ပြီးပြည့်စုံခြင်းမရှိတဲ့ အခြေအနေတွေက အမြဲရှိနေမှာပါပဲ။ ဒါဆို ဘာလုပ်ရမလဲ။ အခုပဲ စလုပ်ရမှာပါ။ ခြေလှမ်းတွေ လှမ်းလိုက်တိုင်း သင်ဟာ ပိုပို ကြံ့ခိုင်လာမယ်၊ ပိုပို အရည်အချင်းရှိလာမယ်၊ ပိုပို (ကိုယ့်ကိုယ်ကို) ယုံကြည်မှု ရှိလာမယ်၊ ပိုပို အောင်မြင်လာလိမ့်မယ်” ~ မာခ့်ဗစ်တာဟန်စန်
“Be miserable. Or motivate yourself. Whatever has to be done, it's always your choice.” ~ Wayne Dyer
“ဝမ်းနည်းစိတ်ပျက် နေချင်နေပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို တိုက်တွန်းအားပေးပါ။ ဘာကို လုပ်မယ်ဆိုတာက အမြဲတမ်း သင့်ရဲ့ ရွေးချယ်မှုပဲလေ။” ~ ဝိန်းဒိုင်ယာ
“Stop acting as if life is a rehearsal. Live this day as if it were your last. The past is over and gone. The future is not guaranteed.” ~ Wayne Dyer
“ဘဝကို အစမ်းဇာတ်တိုက်သလိုမျိုး သရုပ်ဆောင်နေတာ ရပ်လိုက်ပါတော့။ ဒီနေ့ကို ကိုယ့်(ဘဝ)ရဲ့ နောက်ဆုံးနေ့လိုမျိုး ဖြတ်သန်းနေထိုင်လိုက်ပါ။ အတိတ်ဟာ ပြီးဆုံးသွားခဲ့ပြီ။ အနာဂတ်ဆိုတာဟာလည်း ဘာအာမခံချက်မှ မရှိဘူးလေ” ~ ဝိန်းဒိုင်ယာ
(ကျွန်မတို့ ဗုဒ္ဓဘာသာအယူအဆနဲ့ နီးစပ်လို့ တော်တော်လေး သဘောကျမိပါတယ်။ ဗုဒ္ဓဘာသာမှာကတော့ လက်ရှိအချိန်ကအစ ဘဝရဲ့နောက်ဆုံးအချိန်လိုမျိုး နှလုံးသွင်းနိုင်ရင် အကောင်းဆုံးပေါ့နော်။ “ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ” ကိုးး)
“Trust yourself. You know more than you think you do.” ~ Benjamin Spock
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်စမ်းပါ။ သင်ဟာ သင့်ကိုယ်သင်ထင်နေတာထက် ပိုပြီး တတ်သိပါတယ်” ~ ဘန်ဂျမင်စပေါက်ခ်


စာလာဖတ်သွားပါတယ်...
ReplyDeleteအဆိုအမိန့်ကောင်းတွေပါဘဲ
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်စမ်းပါ။ သင်ဟာ သင့်ကိုယ်သင်ထင်နေတာထက် ပိုပြီး တတ်သိပါတယ်။"
ReplyDeleteအဲ့ဒါလေးဖတ်ပြီး ကိုယ့်ကိုယ့်ကိုယ် အားပေးလိုက်တယ် မမရေ။ တခါတလေမှာ အစွန်းမရောက်သရွေ့ ကိုယ်တကယ်သိသလောက်ကို ကိုယ်သိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်သိနေဖို့လိုမယ်ထင်တယ်။ ငါအားလုံးသိတယ်ဆိုတဲ့စိတ်လိုပဲ ငါဘာမှမသိပါလားဆိုတဲ့စိတ်ကလည်း အန္တရာယ်ရှိနိုင်တယ်နော်။
အလွမ်း ◄ ကျေးဇူးပါနော်။
ReplyDeletePURPLE VINE ◄ ညီမလေး ခရမ်းနွယ်ရေ... ဟုတ်တယ် အရမ်းမှန်တယ်။ ညီမလေးပြောသလို “ငါဘာမှ မသိပါလား ဆိုတဲ့စိတ်ကလည်း အန္တရာယ်ရှိနိုင်တယ်”... ။ ခုရက်ပိုင်း အဲဒီလိုကြီး မကြာခဏ တွေးနေမိလို့ စာလေးကနေ အားယူနေရတယ်း)
အရင်ဆုံးကျေးဇူးတင်ပါရစေ ညီမလေး သူသူရေ..။ ခုတလောလေး စိတ်ဓါတ်တွေအောက်ဆုံးရောက်နေတာမို့ "ကိုယ့်စွမ်းရည်ကို စမ်းသပ်တဲ့ စိန်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ ပြီးပြည့်စုံခြင်းမရှိတဲ့အခြေအနေတွေက အမြဲရှိနေမှာပါပဲ" ဆိုတဲ့အဆိုအမိန့်ကို ဖတ်မိတဲ့အခါ ကိုယ့်ကိုဆုံးမနေသလိုခံစားရလို့ပါ.. အဆိုအမိန့်တိုင်းလိုလိုမှာ ကိုယ့်အတွက် မှတ်ယူစရာလေးတွေ ရှိနေတာပါပဲလေ..။
ReplyDeleteချစ်တဲ့..
မမပန်းချီ ◄ အတူတူပဲ မမရေ... အဆိုအမိန့်တွေအားလုံး မနည်းအားမွေးနေရတဲ့ ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေနဲ့ ကွက်တိပါပဲ... မမပန်းချီမှာ အခက်အခဲတွေအားလုံးကို ဖြတ်သန်းနိုင်တဲ့ စွမ်းအားရှိတယ်လို့ ယုံကြည်ပါတယ်...
ReplyDeleteသဘောကျတယ်
ReplyDeleteအဲဒီလို အဆိုအမိန့်ကလေးတွေကနေ အားယူခဲ့ရတာလည်း ရှိခဲ့ဖူးတယ်။ ခွန်အားဖြစ်စေတဲ့ စာစုလေးတွေအတွက်ကျေးဇူးပါ ရွှေပြည်သူရေ..
ချော(အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ်... အဲဒီလိုအဆိုအမိန့်လေးတွေကနေ အားတကယ်ရှိစေတာပါ... ဝေမျှခွင့်ရတာလည်း ဝမ်းသာပါတယ်ချောရေ
ReplyDeleteမမရေ ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့...
ReplyDeleteကောင်းသောနေ့လေး ဖြစ်ပါစေ...ရှင်။
Angelhlaing ◄ မျှဝေခွင့်ရလို့လည်း ဝမ်းသာပါတယ် ညီမလေးရေ...
ReplyDeleteIt's kind of fum to do the impossible
ReplyDeleteဆိုတာလေးလည်း သဘောကျတယ်.. ဘဝမှာ အမြဲတမ်း ဖြစ်နိုင်တာတွေချည်းပဲ လုပ်ပြီး မျှောလိုက်နေရင် ပျင်းစရာပဲလေ။
အစ်မ သိင်္ဂါကျော် ◄ ဟုတ်တယ်နော် အစ်မ... နောက်ပြီး မျှောလိုက်နေရတာက သက်သာသလိုလိုနဲ့ ရေရှည်မှာ ရေစုန်မျောမှန်းမသိ မျောသွားတတ်တာ...
ReplyDeleteမမအိမ့် မလာဘူးထင်မှာစိုးလို့.. စာတွေလာလာဖတ်သော်လည်း သိတဲ့အတိုင်း ဖဘ မှာပဲ နေနေမိလို့ ကွန့်မင့်မရေးဘဲ တိတ်တိတ်ကလေးပြန်သွားတတ်ခဲ့သည်..လို့။
ReplyDeleteအပေါ်က စက်ဘီးလေးမြင်တော့ ရွှေပြည်သူ ရိုက်ဖူးတဲ့ "နားခိုချိန်" ဓာတ်ပုံလေးကို သတိရမိတယ်။ အဲ့ဒါလေး တင်ပါလားဟင်.. လှလိုက်မှာ..
သဘောကျစရာလေးတွေ မမ...ကျေးဇူးနော်။
ReplyDeleteနောင့်
အပိုင်း(၂)ကို စောင့်မျှော်လျက် ...
ReplyDeleteမဖြစ်နိင်ဘူးဆိုတာကို လုပ်ရတာ တော်တော် ပျော်ဖို့ကောင်းတယ်။
ReplyDeleteသိပ်မှန်တာပဲ။
အခက်အခဲများလေ ရတဲ့အောင်မြင်မှုက ချိုမြိန်လေပဲ။
အဲဒီချိုမြိန်မှုကို ခံစားပြီးရင်လည်း အခက်အခဲတွေကို ကြောက်တဲ့စိတ် သိပ်မရှိတော့တာမျိုး ဖြစ်လာတာပါပဲ။
အဆိုအမိန့် တော်တော်များများ စုဆောင်းလေ့လာရတာ အရမ်းဝါသနာပါပါတယ် ..ကူးသွားခွင့်ပြုပါဗျာ ..
ReplyDeleteခင်မင်လေးစားလျှက်
အုပ်ကြီး
မမအိမ့် (အိမ့်ချမ်းမြေ့) ◄ မမအိမ့်လာလည်လို့ အရမ်းပျော်တာပဲ။ မပြောလို့ နားခိုချိန်ပုံလေးကို တင်ဖြစ်အောင် တင်ဖို့ မှတ်ထားလိုက်ပြီ (အဲဒီပုံလေးကို မှတ်မိတာလည်း ပျော်နေတား)
ReplyDeleteနောင့် ◄ စာလာဖတ်ပြီး ကောမန့်ချန်ခဲ့လို့လည်း ကျေးဇူးပါ နောင့်လေးရေ...း)
ကိုအောင်(ပျူနိုင်ငံ) လတိုင်းတင်ဖို့ ကြိုးစားသွားပါ့မယ် ကိုအောင်ရေ။ အားပေးတာ ကျေးဇူးပါး)
ကိုမြစ်ကျိုးအင်း ◄ ဟုတ်တယ် အစ်ကိုရေ... ခက်ခဲလေ ရလာတဲ့ အောင်မြင်မှုက ချိုမြိန်လေပါပဲ...
ကိုအုပ်ကြီး ◄ ဟုတ်ကဲ့ ကူးသွားပါရှင် ရပါတယ်း)
အဆိုအမိန့်လေးတွေဟာ ဘ၀ရဲ့အားပါ။ ဘယ်အချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် အဆိုအမိန့်လေးတွေကို ဖတ်ရတာ အရမ်းနှစ်သက်ပါတယ်။
ReplyDeleteမအိမ်သူ ◄ ဒီအဆိုအမိန့်လေးတွေကလည်း အားဖြစ်စေမယ်ဆိုရင် ပြန်မျှဝေရတဲ့အတွက် ဝမ်းသာပါတယ် မအိမ်သူး)
ReplyDelete