Wednesday, May 25, 2011

အောင်သူ

အပြိုပြို အကွဲကွဲ
လဲကျဖူးသားပဲ…

လူမသိခင်...
သတိလေးကပ်
ခါးလေးမတ်လို့
ဖြတ်လတ်စွဲမြဲ
ပြန်ထရဲတဲ့
ဇွဲသတ္တိခဲ ရှိစမြဲမို့
မယိုင်မလဲ အောင်သူပဲလို့
လူတို့စိတ်တွင်
စွဲထင်လေရဲ့…

ရွှေပြည်သူ
(1:03 AM ~ 25-May-2011)

15 comments:

  1. ကိုအောင်(ပျူနိုင်ငံ)May 24, 2011 11:48 AM

    တရားထိုင်တဲ့ ကဗျာလို့ ထင်ပါ၏ ....

    ReplyDelete
  2. ကိုယ်ပိုင်ကဗျာလေးထဲက အောင်သူ ဆိုတာမျိုးဖြစ်ချင်မိပါရဲ့.. :( အင်းးကြိုးစားရမှာပေါ့လေ...:)

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ) ◄ အဲဒီလိုလည်း တွေးလို့ရပါ၏း)

    မောင်ခင်မောင်ချင်း@ချင်းလေး ◄ ကြိုးစားသူတိုင်း အောင်သူ ဖြစ်မှာပါ ကိုချင်းလေးရေ

    rose ◄ Thanks a lot, sis! :o)

    ReplyDelete
  4. sis ရယ် .. တခါတလေကျတော့လဲ ပြန်မထချင်တော့ဘူး။
    ပင်ပန်းလွန်းလှလို့ ..
    ကဗျာလေးကနေ အားတွေယူသွားတယ်။း)

    ReplyDelete
  5. မမ jr ◄ အတူတူပဲ မမ jr.... ဒါပေမယ့်လည်း no choice ဆိုတော့ အားတွေမွေးပြီး အတင်းကုန်းထ ရုန်းရပြန်တာပါပဲ...

    ReplyDelete
  6. ကဗျာလေး ဖတ်မိရင်း မမ jr ပြောသလိုပါပဲ..
    ခံစားအားပေး လျှက်ပါမမ။

    ReplyDelete
  7. Angelhlaing ◄ ကျေးဇူးပါ ညီမလေးရေး)

    ReplyDelete
  8. ဟန်ကိုယ့်ဖို့က အဓိကပဲလေ.. :))

    ReplyDelete
  9. ကိုလင်းဒီပ ◄ ဟုတ်ပါ့း) တခါတခါကျတော့လည်း လူတွေက လဲကျတာ မမြင်လိုက်တော့ သူတို့ကျတော့လွယ်လိုက်တာလို့လည်း ထင်တတ်ကြသေးတယ်...

    ReplyDelete
  10. လူမသိခင်မှာပဲ မြန်မြန် ပြန်ထနိုင်ဖို့ လုံလောက်တဲ့ အချိန်ရချင်တယ်...

    ReplyDelete
  11. အစ်မ သက်ဝေ ◄ ဟုတ်တယ်နော်... တချို့ကျ အချိန်မရလိုက်ကြတော့ လဲကျသူလို့ အသတ်မှတ် ခံရပြန်ရော...

    ReplyDelete
  12. ပန်းချီMay 26, 2011 01:23 AM

    အပြိုပြို အကွဲကွဲ လဲတုန်းပါပဲ သူသူ ရယ်..

    ချစ်တဲ့
    ©disturbing personး)

    ReplyDelete
  13. မမ ပန်းချီ ◄ တစ်ယောက်ထဲမဟုတ်ပါဘူး မမပန်းချီရယ်း) မလဲတဲ့သူရယ်လို့ ရှိမှ မရှိဘဲ...

    ReplyDelete
  14. Post ကိုတော့ comment မပေးတော့ပါဘူး။ ( ဘာဖြစ်လို့လဲ ဆိုတော့ ဦးက အောင်သူ မဟုတ်တဲ့အပြင် ဘဝမှာ အမြဲတမ်း လူသိရှင်ကြား၊ ကျော်မကောင်း ကြားမကောင်းလောက်အောင် လဲလဲ နေတတ်လို့ပါပဲ။ ) ဒါပေမဲ့ တွေးနေမိတဲ့ အတွေး ( လုပ်စရာတွေ များလိုက်တာကွယ် ) ဆိုတာကိုတော့ comment ပေးချင်တယ်။ ဟုတ်တယ် မရွှေပြည်သူရေ..။ ဘဝမှာ အများ အတွက်လည်း လုပ်ချင်၊ ကိုယ့် အတွက်လည်းလုပ်ချင်၊ ဒါပေမဲ့ စွမ်းကလည်း မစွမ်း ဆိုတော့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် အဖြစ်မရှိဘူးလို့ ခံစားရတာ အသက် ၄၀-၅၀ ကြားလောက်မှာ ပိုဆိုးတယ်ဗျ။ ဟာ.. ငါအသက်လည်းကြီးလာပြီ..။ ဘာမှလည်း မလုပ်ရသေးဘူးလို့လေ..။ မှန်းဆကြည့်ချင်ရင် မရွှေပြည်သူ အသက် ၂၀ ကျော်တုန်းကနဲ့ ၃၀ ကျော်မှာကိုပဲ နှိုင်းယှဉ် ကြည့်ပါလေ..။း((

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)