ဆန္ဒပေါင်းများစွာ
ကျွန်မရဲ့ လတ်တလော စိတ်ဆန္ဒတွေကိုရေးဖို့ မမ ဂျူနီယာလွင်ဦးက Tag လာတာကြောင့် ချရေးကြည့်လိုက်ပါတယ်။ ချစ်ခင်မှုနဲ့ သတိတရ Tag တဲ့ မမ Jr ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် (အဖြေတွေကို မ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်း)
(၁) အစားချင်ဆုံး အစားအစာ - ငယ်ငယ်တုန်းက အဖေအိမ်ပြန်လာရင် ဝယ်ဝယ်လာတတ်တဲ့ ထမင်းကြော်လေး (အခုတော့ အဲဒီဆိုင်တောင် မရှိတော့ဘူး ထင်ပါရဲ့)
(၂) နေ့တိုင်းစားဖြစ်တဲ့ အစား - ထမင်း နဲ့ ဟင်း
(၃) အလိုချင်ဆုံးရေမွှေး - မရှိပါ။
(၄) သုံးဖြစ်နေတဲ့ရေမွှေး - မရှိပါ။ (Gucci ရဲ့ Envy Me ကို သိပ်ကြိုက်လို့ ဟိုးတုန်းက ဆွတ်ခဲ့ဖူးပေမယ့် ကိုယ့်ရေမွှေးနံ့ ကိုယ်ရှူရင်း ခေါင်းကိုက်တတ်တဲ့ ဝေဒနာ နောက်ပိုင်းပိုဆိုးလာတာနဲ့ မသုံးဖြစ်တာ ကြာခဲ့ပါပြီ။ သူများ လက်ဆောင်ပေးလို့ အလကားရထားတဲ့ ပုလင်းလေးတောင် ဒီအတိုင်း ဖုန်တွေတက်လို့း)
(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - ကိုယ့်မွေးနေ့ကို သတိတရရှိတာလေး ပါပဲ။
(၆) အလိုချင်ဆုံးဖုန်း - iPhone (အရင်တုန်းက “iPhone ကို လုံးဝမသုံးချင်ဘူး”လို့ ပြောခဲ့သေးတာ။ ခုတော့လည်း (User's Convenience ကို အဓိက ဦးစားပေးထားတဲ့ Interface ကိုကြိုက်သွားတော့) သူမှသူ ဖြစ်လို့။ သြော် စိတ်တွေ ပြောင်းလဲပုံများနော်း)
(၇) သုံးဖြစ်နေတဲ့ဖုန်း - iPhone 4
(၈) အရူးသွပ်ဆုံးအရာ - စာဖတ်ခြင်း (Online ကပဲ ဖြစ်ဖြစ်၊ စာအုပ်ထဲကပဲ ဖြစ်ဖြစ် အချိန်တိုင်းလုပ်ချင်နေတဲ့ အရာပါ)
(၉) အနီးစပ်ဆုံးဂီတ - အိမ်ကို လွမ်းတဲ့အချိန်တွေမှာ မြန်မာသံစဉ်သီချင်းတွေ (ဥပမာ - ဒေါ်ဖြူသီရဲ့ ရွှေလည်တိုင် လိုမျိုး) နဲ့ ကျန်တဲ့အချိန်တွေမှာ Pop တို့ R&B တို့ အများဆုံး နားထောင်ဖြစ်ပါတယ်။
(၁၀) အလိုချင်ဆုံးစာအုပ် - (အခုလောလောဆယ်) ဆရာမဂျူးရဲ့“ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ..”
(၁၁) အခုဖတ်ဖြစ်နေတဲ့စာအုပ် - ဆရာကြီး ဒဂုန်တာရာ ရဲ့ “စံပယ်ဦးဝတ္ထုတိုပေါင်းချုပ်”
(၁၂) အကြားချင်ဆုံးစကား - “ဓမ္မစကား နေ့တိုင်းကြားက စိတ်ထား ဖွေးလက် သိဥာဏ်ထက်၏” တဲ့။ ညစ်နွမ်းရှုပ်ထွေးနေတဲ့ စိတ်ထားကို ဖွေးလက်လာစေချင်မိပါတယ်။
(၁၃) အဖြစ်ချင်ဆုံးဆန္ဒ - စိတ် ငြိမ်းချမ်းချင်ပါတယ်။
(၁၄) အလိုချင်ဆုံးဆု - ငြိမ်းအေးမှု
(၁၅) အသွားချင်ဆုံးနေရာ - မြန်မာပြည်ကအိမ်
(၁၆) သွားဖြစ်နေတဲ့နေရာတွေ - (ရုံးကိုဖယ်လိုက်ရင်) စာသင်ခန်းလေး တစ်ခန်းပေါ့
(၁၇) အကြည့်ချင်ဆုံးရုပ်ရှင် - ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ “Made in Dagenham” ကို တော်တော်လေး ကြည့်ချင်ခဲ့ပါတယ်။ အခုတော့ ကြည့်ပြီးသွားလို့ (Movie Review လည်း ရေးပါဦးမယ်း) လောလောဆယ် အကြည့်ချင်ဆုံးရယ်လို့ မရှိပြန်ပါဘူးး)
(၁၈) အပြောချင်ဆုံးစကား - ပြန်စဉ်းစားကြည့်တော့ အချိန်တော်တော်များများမှာ ပြောသင့်တယ် ထင်တာတွေ ပြောခဲ့ပြီး၊ မပြောသင့်ဘူး ထင်တာတွေကိုလည်း ကျေကျေနပ်နပ် မျိုချပစ်ခဲ့တယ်လို့ ထင်တာကြောင့် ခုချိန်မှာ “အပြောချင်ဆုံးစကား” ရယ်လို့ မရှိတော့ပါဘူး။
(၁၉) အယုံကြည်ဆုံးလူသား - မြတ်စွာဘုရား (မြတ်စွာဘုရားက လူသားခန္ဓာကနေ ဖြစ်တယ်လို့ ယူဆပြီး ရေးလိုက်တာပါ။ မြတ်စွာဘုရားကို လူသားရယ်လို့ ရေးတာမှားတယ်ဆိုရင်တော့ အယုံကြည်ဆုံးလူသား မရှိဘူးလို့ပဲ ဖြေရမှာပါပဲ။ ကိုယ့်ကိုယ်ကိုတောင် မယုံကြည်တော့ပါဘူး။ စိတ်ကအမျိုးမျိုးပြောင်းနေပြီး အမှားတွေလည်း လုပ်ပြီးရင်း လုပ်မို့လို့း)
(၂၀) မယုံကြည်ဆုံးအရာ - ၁၅၀၀ အချစ်က မပြောင်းမလဲဘဲ ထာဝရတည်မြဲနိုင်တယ်ဆိုတဲ့ အချက်။ (ကျွန်မရဲ့ ပုဂ္ဂလိက အမြင်သက်သက်သာ ဖြစ်တာကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါကြောင်းး)
(၂၁) အမုန်းဆုံးအရာ - ကိုယ့်ဒေါသစိတ် (ဒုက္ခတွေ ပေးလွန်းလို့။ ဒေါသစိတ်ကို ပြန်မုန်းရတာကပဲ ဒေါသ ဖြစ်နေပြန်ရော။ တစ်ယောက်ထဲကို ရှုပ်ယှက်ခတ် နေတော့တာပဲနော်း))
(၂၂) အသောက်ဖြစ်ဆုံးအအေး - Pepsi
(၂၃) လတ်တလောအထိတွေ့ဆုံးအရာ - အိမ်က Laptop လေးနဲ့ ရုံးက Desktop Computer
(၂၄) မကောင်းတဲ့ကျန်းမာရေး - မေးရိုး (အတိတ်ဘဝက သူများတွေကို လက်သီးနဲ့ တအားထိုးခဲ့ပုံ ရတယ်လို့ ခဏခဏ တွေးမိပါတယ်)
(၂၅) အကောင်းဆုံးအဖော် - အသက် (၄) နှစ်ကျော် Laptop အိုကလေး
(၂၆) လက်ရှိအကြိုက်ဆုံးသီချင်း - Madonna ရဲ့ Take A Bow ကို နားထောင်နေမိပြန်ပါတယ်။
(၂၇) အကြောက်ဆုံးအလုပ် - အကုသိုလ်ဖြစ်စေတဲ့ အလုပ်မှန်သမျှ (ဒါပေမယ့်လည်း လုပ်မိတာပါပဲလေ)
(၂၈) တန်ဖိုးအထားဆုံးအရာ - ရင်ထဲက မရှိမဲ့ရှိမဲ့ တရားအသိလေး
(၂၉) အကြောက်ဆုံးတိရိစ္ဆာန် - လက်ရှစ်ချောင်းနဲ့ ဟိုအကောင်လေးတွေ (ရေးရင်းနဲ့တောင် အူယားပါတယ်)
(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - ကျွန်မက “သဲ” လို့ခေါ်တဲ့ စာရေးကောင်းသော သူငယ်ချင်းလေး၊ ဘလော့ ဆက်မရေးတော့တဲ့ အခင်ဆုံးတွေထဲက သူငယ်ချင်းမလေးတစ်ယောက်၊ ဘလော့စရေးတာ မကြာသေးတဲ့ အစ်မလို ချစ်ရတဲ့ အစ်မတစ်ယောက် (သူတို့တွေ ဘလော့မရေးခင်ကတည်း ကျွန်မနဲ့ ခင်မင်ခဲ့ကြတဲ့သူတွေပါ)
(၃၁) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - သော့တွဲ၊ EZ-Link Card၊ Wallet၊ Planner နဲ့ ဖုန်း
(၃၂) စိတ်အညစ်ဆုံးအချိန် - ကိုယ်ချစ်ခင် ဂရုစိုက်တဲ့သူတွေ စိတ် (သို့) ကိုယ် နာကျင်နေရတဲ့အချိန် (ဒါပေမယ့် ဒါတွေက အတိတ်က ကိုယ်ပြုခဲ့ကံတွေ အကျိုးပေးချိန်တန်တာပဲလေလို့ ဖြေတွေးလိုက်တော့ “စိတ်အညစ်ဆုံး အချိန်”ကြီးက “စိတ်အညစ်ဆုံးအချိန်” မဟုတ်တော့ ပြန်ပါဘူး)
(၃၃) အနေချင်ဆုံးနေရာ - အခန်းဖော်လေးနဲ့ တစ်ယောက်တစ်ဝက်ပိုင်တဲ့ အေးအေးချမ်းချမ်း ကိုယ့်အခန်းလေးထဲမှာ
(၃၄) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - “Pandas are the least racist animal, they're black, white AND Asian!!!” (ပန်ဒါဝက်ဝံလေးတွေဟာ လူမျိုးရေးခွဲခြားမှု အနည်းဆုံးသော တိရိစ္ဆာန်လေးတွေပါ။ သူတို့က အဖြူလည်း ဖြစ်တယ်။ အမည်းလည်း ဖြစ်တယ်။ အာရှသားလည်း ဖြစ်တယ်လေ) – မူရင်းပြောသူ ရှာမတွေ့တော့တဲ့ YouTube Video တစ်ခုထဲက စကားလေးပါ။ ဟာသသက်သက်ရယ် မဟုတ်ပေမယ့် ကြားကြားချင်း ပြုံးမိရတဲ့ စကားလေးမို့လို့ပါ။
(၃၅) ပေးချင်တဲ့သတင်းတစ်ခု - ပေးမယ်လို့ စဉ်းစားထားတဲ့ သတင်းက အခုရေးချလို့ မရသေးဘူး ဖြစ်နေပါတယ်။ မျှော်လင့်သလိုတွေ ဖြစ်လာရင်တော့ နောက်လထဲမှာ ပေးနိုင်မယ် ထင်ပါရဲ့း)
(၃၆) အပျော်ဆုံးဖြစ်မယ့်အချိန် - လောဘ၊ ဒေါသ၊ မောဟတွေ တအားပါးလျသွားတဲ့ အချိန်
ပျင်းစရာ ကျွန်မအကြောင်းတွေကို အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်း) စာလာဖတ်သူတွေလည်း အပေါ်ကအချက်တွေထဲက တစ်ချက်ချက်ကို ရေးချင်စိတ်ပေါက်ရင် ကောမန့်မှာ ရေးသွားနိုင်ပါတယ်နော်။ အားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့နေ့တစ်နေ့ ဖြစ်ပါစေရှင်...း)


sis ရဲ့ လိုအင်ဆန္ဒတွေက အများကြီး ငြိမ်းချမ်းတယ်။
ReplyDeleteမယုံကြည်တဲ့အရာက တူတယ်နော်။
ကြားမိတဲ့ ဟာသလေးကလဲ ချစ်စရာ။
မွေးနေ့မှာလဲ အမြဲသတိရတယ်နော်။
နောက် မြန်မြန်ကြီးကို ရေးပေးလို့ အများကြီး ချစ်သွားဘီ။း)
မမ jr ◄ သတိတရ Tag လို့ ဒီကလည်း အများကြီး ချစ်ပါတယ် မမ Jrး)) မယုံကြည်တဲ့အရာ တူတဲ့လူရှိလို့ အားတက်သွားပြီ။ မွေးနေ့မှာ အမြဲသတိရတာကိုလဲ အမြဲကျေးဇူးတင်နေတား)
ReplyDeleteစာကိုဖတ်ပြီး ပြုံးမိတယ်။း)
ReplyDeleteအမတွများ ခက်သားလား။ ၁၅၀၀ အချစ်ကို မယုံဘူးချည်းပဲ အော်နေကြတယ်။
မယုံဘူးလို့ပြောနိုင်တဲ့အထိ ခံစားပြီးပြီမလို့လို့ ယူဆလိုက်ပါတယ်။ :D
အယုံကြည်ဆုံး လူသားဆိုတဲ့အမြင်ကို သဘောတူပါတယ် အမရေ..။ ဒီလိုပဲလဲ ဖြစ်သင့်ပါတယ်။
mirror ◄း)) ၁၅၀၀ ရှိတယ်ဆိုတာ ယုံပါတယ်... တသက်လုံးတို့ ထာဝရတို့ကိုသာ ယုံရခက်ကြီး ဖြစ်နေတာ (ဒါကလည်း ကိုယ့်တစ်ယောက်ထဲ (မမ Jr နဲ့ဆို ၂ယောက်ပေါ့း) အမြင်ပါ။ အယုံကြည်ဆုံးလူသား ကို သဘောတူလို့ ကျေးဇူးပါ ညီမလေးရေ...
ReplyDeleteiPhone က US မှာတော့ AT&T ဖုန်းကုမ္ပဏီ တခုတည်းမှာပဲ ရနိုင်ပြီး 8 Git: $ 100, 16 Git: $ 200, 32 Git: $ 400 ( = $ 399. something ) လောက်ရှိတယ်ဗျ။ လစဉ်ကြေးက အနည်းဆုံး $ 90/month လောက်ရှိတယ်။ ( တဆိတ် ဈေးကြီးလွန်းတယ်လို့ ထင်မိ တယ် ) Singapore မှာ iPhone အသုံးတွင်ကျယ်လာတာကိုသိတယ်။ ဈေး ဘယ်လောက်၊ လစဉ်ကြေး ဘယ်လောက် လောက် ရှိသတုန်းဗျ။
ReplyDeleteမျှော်လင့်သလိုဖြစ်လာမှ ပေးနိုင်မယ့်သတင်းကို ခုလာပြီး အနားနားကပ် တိုးတိုးလေးမေးလို့ရမလား..း)) (♪♫ ကိုယ်ဟာ လူဆိုးလေး..ပါ..ကိုယ်ဟာ လူဇိုးလေးပါ..♫♪းD)
ReplyDeleteအေးချမ်းသော ဆန္ဒပေါင်းများစွာရှိသူလေး "သူသူ" စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ..။
ချစ်တဲ့
©disturbing person
Anonymous ◄ Singapore က iPhone 4 Pricing တွေကို အောက်က Website တွေမှာ ကြည့်နိုင်ပါတယ်။
ReplyDeleteSingTel (Price Plans အောက်မှာ ကြည့်ပါရန်)
StarHub (Price Plans အောက်မှာ ကြည့်ပါရန်)
M1
မမပန်းချီ ◄ တိုးတိုးလေး လာမေးလို့ရပါတယ်။ အကျယ်ကြီးကို ပြန်ဖြေလိုက်မယ်း)) ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ မမပန်းချီ...
Singapore မှာ $ 38/39 per month ကနေ စလို့ရတဲ့ choice ရှိတာ တော်တော် ကောင်းတာပေါ့ဗျာ။ ဒီမှာကတော့ I want the cheapest plan လို့သွားပြောတော့လည်း $90/month လောက်က အနည်းဆုံးပဲတဲ့..။ iPhone ဟာ ကင်မရာတလက်၊ အင်တာနက်တခု လည်း ဖြစ်သေးတာမို့ သုံးရတာတော့ တော်တော်ကြိုက်ပါတယ်။
ReplyDeleteပြောသင့်တဲ့စကားတွေကိုလည်း အရာရာထောက်ထားပြီး ကျေနပ်နပ် မကျေနပ်နပ် မျိုသိပ်ပြီး နေခဲ့တတ်တာ နှစ်ပေါင်းအတော်ကြာခဲ့ပေါ့။ တစ်နေ့နေ့မှာ ပြောသင့်တဲ့စကားတွေ ပြောခွင့်ရနိုင်ကောင်းပါရဲ့ ။
ReplyDeleteအဝေးတစ်နေရာက Anonymous
အဝေးတစ်နေရာက Anonymous ◄ ဒီလိုပဲ လတ်တလောမှာ လုပ်သင့်တာတွေပဲလုပ်ပြီး မပြောသင့်တာတွေ မျိုသိပ်နေကြရမှာပါပဲ။ ပြောသင့်တဲ့စကားတွေ အမြန်ဆုံး ပြောခွင့်ရပါစေ။
ReplyDeleteစားချင်းဆုံးဟာလေးကို သဘောကျတယ် မမရွှေပြည်သူ..ဖတ်ပြီးတော့တောင် သတိရသွားတယ်။
ReplyDeleteမွန်လည်း အလုံက နံနက်ခင်း ထမင်းကြော်ဆိုင်လေးကို စွဲစွဲလမ်းလမ်းကို နှစ်သက်ခဲ့ဖူးတယ်...။
ညီမလေး မြတ်မွန် ◄ ဟုတ်တယ် အစ်မလည်း အဲဒီအဖေဝယ်လာတတ်တဲ့ ထမင်းကြော်လေးကို အခုထိ စွဲလမ်းတုန်းး)
ReplyDeleteမမ ဆန္ဒလေးတွေက ငြိမ်းချမ်းနေတယ်။
ReplyDeleteနောင့်
နောင့် ◄ အေးချမ်းအောင် ကြိုးစားနေတာ နောင့်လေးရေ...း)
ReplyDeleteနံပါတ် ၈ တူတယ်။
ReplyDeleteစာအုပ်ကိုင်ဖတ်ရရင် ပိုကျေနပ်မိတယ်။
ဆန္ဒတွေ ဖတ်ရင်း ... ပြုံးသွားတယ် မမ:):)
ReplyDeleteကောင်းသောနေ့လေး ဖြစ်ပါစေမမ။
ကိုမြစ်ကျိုးအင်း ◄ ဟုတ်တယ် စာအုပ်ကိုင်ဖတ်ရတာကို ပိုကြိုက်တာချင်းလည်း တူတယ်း) အဲဒါမှ အားရပါးရ ပိုရှိတယ်လို့ ထင်မိတယ်။
ReplyDeleteညီမလေးAngelhlaing ◄ ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမလေးရေး)
Numbers 4 and 6 are same, sis. I also feel head dizzy because of parfume smell of others and my own. At first, when ChitChit bought iPhone4 present for me, I said to him that I had already phone and I don't need it. But later I start liking iPhone :) same as you.
ReplyDeleterose ◄ That dizzy feeling must be really bad, sis. In my case, I usually have headache. Well... at least we save money for buying perfume, don't we? :o) Me too... totally in love with iPhone 4 now.
ReplyDeleteနောက်လထဲမှာ ပေးမယ်ဆိုတဲ့ သတင်းလေးကို သိပ်စိတ်ဝင်စားတာဘဲ
ReplyDeleteသတင်းကောင်းလေးဖြစ်မှာ သေချာပါတယ်။
ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
ချော(အစိမ်းရောင်လွင်ပြင်) ◄ ပျော်စရာဆိုရင်တော့ မပျက်မကွက် သတင်းပေးမှာပါ ချောရေး) တောင်းပေးတဲ့ဆုနဲ့လည်း ပြည့်ရပါစေ...
ReplyDeleteနံပါတ်၁၅ကို စိတ်ဝင်စားတယ်။
ReplyDeleteရွှေပြည်သူက အသက်ငယ်ပေမယ့် အတွေးအခေါ်တွေ လူကြီးဆန်တယ်နော်။
ကျွန်မကတော့ အလုပ်ကိစ္စကလွဲရင် မမြိုသိပ်တတ်ဘူး။
သတိနဲ့နေရမယ်။
အစ်မ ကောင်းမွန်ဝင်း ◄ ဟုတ်တယ် အစ်မရေ... အိမ်မှာ လူကြီးတွေချည်းပဲဆိုတော့ နံပါတ် ၁၅အတွက် အိမ်ကိုပဲ သွားချင်တာ။ အတွေးအခေါ်တွေက အဲလိုဖြစ်နေတာက စိတ်ငြိမ်းချမ်းချင်လွန်းတော့ ကြိုးစားနေမိလို့ပါ။ ဒီအသိတွေကို အမြဲတမ်း နှလုံးသွင်းမထားနိုင်တော့ ကိုယ့်ကိုယ်ကိုလည်း တချိန်လုံး သတိပေးနေရပါတယ်။ ညီမကျတော့ မမြိုသိပ်တဲ့အခါ ပေါက်ကွဲမှုက အရမ်းပြင်းထန်တတ်လို့ ကျေကျေနပ်နပ် မြိုသိပ်မေ့ပစ်တတ်အောင် ကြိုးစားနေရတာပါး) အစ်မလို မမြိုသိပ်ဘဲ ပြောစရာရှိတာပြောပြီး စိတ်ရှင်းရှင်းထားနိုင်တာလည်း သိပ်ကောင်းတာပါပဲ။
ReplyDeleteမယုံကြည်ဆုံးအရာက မဇွန်ရဲ့ ခံယူချက်နဲ့အတူတူပဲ။
ReplyDeleteအင်း... နံပါတ် ၃၅ ကို စိတ်ဝင်စားတယ်။ ;)
စကားမစပ်.... ညီမရေးထားလေးတွေဖတ်ပြီး ညီမကိုတောင် တွေ့ချင်စိတ် ပေါက်သွားတယ်။း)
အစ်မဇွန် ◄ မယုံကြည်ဆုံးအရာမှာ ခံယူချက်ခြင်းတူတဲ့သူတွေ ရှိလို့ အားတက်သွားပြီ။ ညီမလည်း နံပါတ် ၃၅ ကို စိတ်ဝင်တစား စောင့်နေတာပါပဲး) အစ်မဇွန်က နောက်ပြီ... တွေ့ဖူးရဲ့သားနဲ့...
ReplyDeleteလက်ရှစ်ချောင်းနဲ့ အကောင် ......
ReplyDelete??? :P
နံပါတ် ၂၀ ... မယုံတာချင်းတူနေတယ်.. ^_^
ReplyDeleteလတ်တလောအထိတွေ့ဆုံးအရာကလဲ တူတာပဲ..။ စာဖတ်ချင်နေတာလဲတူတာပဲ...။ အဲ လိုက်ပြောရင် အကုန်ကုန်တော့မှာပဲ... :p
မမအိမ့် ◄ မမအိမ့်ရေးဖူးတဲ့ အဲဒီ လက်ရှစ်ချောင်းအကောင် ကလေးလေးတွေမွေးတဲ့ ဝတ္ထုတစ်ပုဒ်ဆို အသည်းတယားယားနဲ့ ဖတ်ခဲ့ရတာ...း)
ReplyDeleteဝေလေး ◄ ညီမလေးနဲ့ အများကြီးတူရတာ ပျော်တယ်...း)
ရွှေပြည်သူ ... ညီမလေး ရေ ... မမ လည်း ညီမလေး ရေးတာတွေ ဖတ်ပြီး ရေးချင်လို့  .. ရေးဖြစ်သွားခဲ့တယ်။ မမ Notes မှာ ညီမလေး ကို tag လိုက်မယ်နော်။- မမ မေလေး
ReplyDeleteမမမေလေး ◄ ဟုတ်ကဲ့ မမး) မမ Notes ကို ဖတ်ဖြစ်အောင် လာဖတ်ဦးမယ်...
ReplyDelete