Saturday, May 14, 2011

ဓားသွား

ထင်မထားခဲ့ပါဘူး
အဲလောက်ထိ စူး…နစ်…ဝင်နေခဲ့လိမ့်မယ်လို့…
တစစ်စစ်နဲ့တော့ ဖြစ်နေသား…
သတိမထားခဲ့လိုက်မိတာ…

ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ်
တစ်ရစ်ပြီးတစ်ရစ်
တိုးတိုးဝင်လာလိုက်တဲ့ အဲ့ဒီ အချစ်ဓားသွား…
တအားနစ်မွမ်းထိရှမှပဲ
နောက်ကျသိတွေ ဝင်ခဲ့…

ထားရမှာလဲ အသွားကမြမြ
ဘာသာဆွဲထုတ်ဖို့ကလည်း မရဲနဲ့…
အသည်းထဲ နစ်သထက်နစ်ဝင်နေဆဲမှာပဲ
မင်း… ဖြတ်ကနဲ ဆွဲထုတ်ယူငင်လိုက်တယ်…

နှလုံးသားခမျာ
အံ့သြဆွံ့အ…
ဝမ်းနည်းထိရှမှုတွေနဲ့
ကိုယ့်ကို တွေတွေကြည့်ပြီး
နာကြည်း ငြိမ်သက်သွားလေရဲ့…

ရွှေပြည်သူ
(23-March-2010)

ဖိုင်အဟောင်းတွေ ပြန်ကြည့်ရင်း လွန်ခဲ့တဲ့တစ်နှစ်လောက်က ရေးပြီး (ဘာလို့မှန်းမမှတ်မိ) မတင်ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ့လို့ တင်လိုက်ပါတယ်း)

19 comments:

  1. ကျွန်တော်လဲ အဲလိုဆွဲထုတ်ခံလိုက်ရလို့ ဘာဖြစ်သွားမှန်းတောင်မသိလိုက်ပါဘူး အမရေ

    ReplyDelete
  2. မောင်လေး လရိပ်အိမ် ◄ အင်း ဆိုးတယ် ဆိုးတယ်... အဲဒီခံစားချက်က...

    ReplyDelete
  3. နေသား ကျသွားမှ တင်တာပေါ့...ဖြစ်ဖြစ်ချင်းတင်သင့်တာပေါ့....အဲလိုအချိန် က ရချင်တိုင်းမရတတ် ဖူးလေ...

    ReplyDelete
  4. မမရေ ထိမိချက်ရှိလှတဲ့ ကဗျာလေး...
    စူးစူးနင့်နင့်လေး ဖတ်တဲ့သူတောင်မှ အဲလိုဆို ..
    ဆွဲနှုတ်ခံရသူ အဖို့...:):):)
    ခံစားအားပေးလျှက်...

    ReplyDelete
  5. ကို ငဝန်နဒီ ◄ ဒီလောက်အကြာကြီး ဘယ်လိုကနေဘယ်လို သိမ်းဖြစ်သွားမှန်းကို မမှတ်မိတော့တား)

    ညီမလေး Angelhlaing ◄ ဟုတ်တယ် ညီမလေးရေ... သက်သာမှာ မဟုတ်း))

    ReplyDelete
  6. sis ရေ .. ထိရှမှုတိုင်းရဲ့ ဝေဒနာကို ကိုယ်ချင်းစာသွားတယ်။
    နောက်ထပ်ပြန်တွေ့တာတွေရှိလဲ တင်ပါဦးနော်။
    ပြောရဦးမယ် ဘလော့က error တက်ပြီး sis နဲ့ အနော်လေး ပေးထားတဲ့ ကောမန့်ပျောက်သွားလို့။ ကော်ပီကူးပြီး ပြန်တင်လိုက်မယ်နော်။ :(

    ReplyDelete
  7. မမjr ◄ ဟုတ်... အဟောင်းတွေထဲက ပြန်ထွက်လာရင် တင်ဦးမယ်နော်း) ဟုတ်တယ် မရေ... ဒီမှာလည်း ကောမန့်တွေ ပျောက်ကုန်လို့ Email Notification ကနေ ပြန်ကူးတင်ရတယ်း)သတိတရ ပြန်တင်ပေးတာ ကျေးဇူးပါနော်။

    ReplyDelete
  8. ကဗျာလေး လာခံစားပြီး ဖတ်သွားပါတယ် အစ်မရွှေပြည်သူ။ အစ်မက ၀တ္ထုလေးတွေသာ အဖွဲ့အနွဲ့ ကောင်းတာ မဟုတ်ဘူး၊ ကဗျာလည်း အရေးကောင်းတယ်နော်။

    ReplyDelete
  9. ညီမလေး rose ◄ ကျေးဇူးအများကြီးတင်ပါတယ် ညီမလေးး)

    ReplyDelete
  10. မောင်ငယ်လေးတစ်ယောက်May 15, 2011 03:18 AM

    အသည်းထဲ နစ်သထက်နစ်ဝင်နေဆဲမှာပဲ
    မင်း....ဖြတ်ကနဲ ဆွဲထုတ်ယူငင်လိုက်တယ်...
    ဘာသာ ကိုယ်ချင်းစာမိသွားတယ် အမရေ....

    ReplyDelete
  11. မောင်ငယ်လေးတစ်ယောက် ◄ ဖတ်ရှုခံစားပေးတာ ကျေးဇူး မောင်လေးရေး)

    ReplyDelete
  12. အဟောင်းတွေကလည်း ကောင်းနေဆဲပါလား ညီမလေး သူသူရယ်.. ဆွဲအထုတ်ခံရတဲ့ နှလုံးသားခမျာ အံ့သြဆွံ့အ ဝမ်းနည်းထိရှမှုတွေနဲ့ နာနာကျည်းကျည်းဖြစ်သွားတာ နည်းတောင်နည်းသေးပါရောကလား..။

    ချစ်တဲ့..

    ReplyDelete
  13. မမပန်းချီ ◄ ဟုတ်တယ်နော်.. ဒါပေမယ့် နှလုံးသားက ဘယ်သူ့ကို နာကျည်းသွားမှန်း ကဗျာသာပြီးသွားတယ် မသဲကွဲလိုက်ဘူး...

    ReplyDelete
  14. ကြိုက်လိုက်တာ...
    .....
    .....
    နာကြည်းလိုက်ချင်ရဲ့ကွယ်...

    ReplyDelete
  15. မမအိမ့် ◄ ဟုတ်တယ်နော် တခါတခါ နာကြည်းရခက်တာကြီးက ပိုဆိုးပြန်ရော...

    ReplyDelete
  16. အချစ်ဟာ မီးလား မဟုတ်ပါ ။ အချစ်ဟာ ဓားသွား ဟု ခံစားနားလည်သွားပါသည် ။ :))

    ReplyDelete
  17. ကိုလင်းဒီပ ◄ မီး နဲ့ ဓား ၂ခု ပေါင်းထားသလောက်လည်း ဖြစ်ချင် ဖြစ်နေနိုင်တာပဲး))

    ReplyDelete
  18. ကဗျာလေးက ဓားသွားတစ်ခုလို ထက်လွန်းတော့ ကိုယ့်နှလုံးသားကိုတောင် ပြန်ငုံ့ကြည့်မိသွားတယ်ကွယ်...

    ReplyDelete
  19. အစ်မဇွန် (ဇွန်မိုးစက်) ◄ ခံစားပြီး ဖတ်ပေးသွားတာ ကျေးဇူးပါ အစ်မ...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)