Uncertain
ကျွန်မတသက် စိတ်ထဲမှာ ပထမဆုံး စွဲထင်အလွတ်ရခဲ့တဲ့ ကဗျာလေးပါ။ ဖတ်ခဲ့တုန်းက တော်တော်လေး ငယ်သေးတာကြောင့် ဘယ်နေရာမှာ ဖတ်မိပြီး ဘယ်သူရေးတယ်ဆိုတာ အတိအကျ မမှတ်မိနိုင်တော့တာ စိတ်မကောင်း ဖြစ်ရပါတယ်။ “မိုးသောက်ပန်း” လိုမျိုး ဂျာနယ်တစ်ခုမှာ ဖတ်မိပြီး ရေးသူက မြန်မာကျောင်းသားတစ်ယောက်လို့ပဲ မရေမရာ မှတ်မိပါတော့တယ် (ရေးသူနာမည်မှာ “ကျော်” ပါသလိုပေမယ့် ဝေဝေဝါးဝါးပါပဲ... ကျွန်မမှတ်မိသမျှတွေ အကုန်မှားနေတာလည်း ဖြစ်နိုင်ပါတယ်) ရေးသူကို သိတဲ့သူများရှိခဲ့ရင် ပြောပြပေးကြပါဦးနော်း)
Uncertain
Today
We can walk
We can talk
Tomorrow
Can we walk?
Can we talk?
Author Unknown (Yet)
ငယ်ငယ်က တရားသဘောတွေ ဘာမှ နားမလည်ခင်မှာတောင် ဒီကဗျာလေးရဲ့ တိုတိုရှင်းရှင်း စကားလုံးနည်းနည်းနဲ့ အဓိပ္ပါယ် အပြည့်အဝ ဖော်ကျူးနိုင်ပုံကို တအား သဘောကျပြီး အလွတ်ရခဲ့ပါတယ်။ အခုလို တွေးတောဆင်ခြင်နိုင်တဲ့ အသက်အရွယ်မှာ စိတ်ထဲမှာ ရွတ်မိတိုင်း ပိုပြီးကြိုက်မိလာလို့ အားလုံးကို ပြန်ဝေမျှလိုက်ပါတယ်။ ဖတ်သူ တွေးနိုင်သလောက် အတွေးပေါက်နိုင်တဲ့ ကဗျာလေးပါ။ ခေါင်းထဲမှာ မှတ်မိသလိုလေး ပြန်ရိုက်ထားတာမို့ စာကြောင်းနေရာ ထားပုံတွေလည်း မှားနိုင်ကြောင်း ကြိုတင်ဝန်ခံပါရစေရှင်း)


မနက်ဖြန်ရဲ့ မသေချာမှုတွေကို ဒီနေ့ခေတ်ကြီးက ပိုပြောပြနေတယ် ... ဟိုနေရာ ရေကြီးလိုက် ဒီနေရာ ငလျင်လှုပ်လိုက်နဲ့လေ ။
ReplyDeleteကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင်...။
....ဘယ်အချိန်သေမှာကို မသိကြတဲ့ဘဝမှာ ကြိုတင်ရေးထားတဲ့ နှုတ်ဆက်သီချင်း.. ဆိုတာလေးလိုပဲ ...
အစ်ကို လင်းဒီပ ◄ အမှန်ပဲ အစ်ကိုရေ... စကားမစပ် အစ်ကိုဆိုလိုက်တဲ့သီချင်းကို ငယ်ငယ်က “တမျိုးကြီးပဲ” လို့ ထင်ခဲ့တယ်။ အခုမှ အဲဒီစာသားတွေက အဓိပ္ပါယ်တော်တော်ရှိမှန်း သဘောပေါက်တယ်...
ReplyDeleteအတိုဆုံးနဲ့ အဓိပ္ပါယ်အပြည့်ဆုံး ကဗျာလေးပြန်ဝေမျှတာ ကျေးဇူးပါညီမလေး သူသူ..
ReplyDeleteမနေ့ကမကောင်းတကောင်း..ဒီနေ့တော့ အဆိုးကြီးဆိုးးးး MC နဲ့တိုးပေါ့ ညလေးရေ..သွေးထွက်အောင်မှန်တဲ့ကဗျာလေး..
ချစ်တဲ့
မမပန်းချီ ◄ ကျန်းမာရေး ဂရုစိုက်ပါဦးမရေ...း(
ReplyDeleteတကယ့် တရားသဘောကို တိုတိုလေးနဲ့ ထိထိမိမိ ပြလိုက်သလိုပါပဲဗျ.....တော်တော်မိုက်တယ်...
ReplyDeleteတိုတိုနဲ.ထိမိလှတဲ့ ကဗျာလေးက လောကကြီးရဲ့ မမြဲသဘောတရား၊ အမှန်တရားကို ဖော်ပြနေပါတယ် ၊ ဗဟုသုတကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ဘုန်းကြီးတောင် ၀တ်ချင်စိတ်ပေါက်သွားတယ်၊
ReplyDeleteမောင်ငယ်လေးတစ်ယောက် ◄ ဟုတ်တယ် စကားလုံးရိုးရိုးရှင်းရှင်းနဲ့ တကယ်အနှစ်သာရ ပြည့်တဲ့ ကဗျာလေးလို့ အစ်မလည်း ထင်မိပါတယ်။
ReplyDeleteဟုတ်ပါ့ ညီမရယ်...မမြဲတဲ့ တရားသဘောလေး ထိမိလိုက်တာ...ကျစ်လစ်လိုက်တာ...၊ သဘောကျတယ် ပြန်မျှဝေပေးတာ ကျေးဇူးပါ ညီမ ရွှေပြည်သူ...:))
ReplyDeleteZZZ ◄ ကျွန်မကလည်း မျှဝေရတာ တကယ်ဝမ်းသာပါတယ်။ ဘုန်းကြီး တကယ်ဝတ်ဖြစ်သွားရင်လည်း အကောင်းဆုံးပါပဲး)
ReplyDeleteမမချစ်ကြည်အေး ◄ The pleasure was all mine ပါ မမး)
စကားသုံးလုံး
ReplyDeleteလှည့်ပတ်သုံး
ကိုးထွေမက အဓိပ္ပါယ်ရ တဲ့။
ဒီကဗျာလေး အတိုင်း အဓိပ္ပါယ်လေးက လေးနက်နေတာပါပဲ။ ကောင်းပါလေ့။
အခု စကားလုံးလေး သုံးလုံးကို ဒီလို ထပ်စီချင်မိတယ်။
Future
Walk, we can.
Talk, can we?
အစ်ကို ကိုဇော် ◄ “စကားသုံးလုံး လှည့်ပတ်သုံး ကိုးထွေမက အဓိပ္ပါယ်ရ” ဆိုတာလေး တော်တော် သဘောကျမိတယ် အစ်ကိုရေ...
ReplyDeleteအလည်ရောက်ခဲ့ပါတယ် အစ်မရေ..
ReplyDeleteကဗျာလေးက တိုပေမယ့် တကယ်ထိမိတာပဲ..
တရားသဘောတွေ အများကြီးပဲနော်...။
မှတ်သားသွားပါတယ်...
လမ်းကြုံရင် ကျွန်တော့် ဆိုဒ်လေးကိုလည်း ၀င်လည်နိုင်ပါတယ်..။
yar zar ◄ ဖတ်ရှုခံစားပေးတာ ကျေးဇူးပါမောင်လေး။
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေးပါလားကွယ်။ တိုတိုရှင်းရှင်းနဲ့ အတွေးတွေ အများကြီးပေးတာ။
ReplyDeleteကဗျာကောင်းလေးကို ပြန်လည်မျှဝေပေးတာ ကျေးဇူးနော်။း)
အစ်မဇွန် (ဇွန်မိုးစက်) ◄ The pleasure is all mine ပါ အစ်မရေး)
ReplyDelete