Tuesday, April 19, 2011

Chat History


အဲဒီထဲကပဲ
ကဗျာတွေ ကြွေကျတာက
ခဏ… ခဏ…

ရှိနေခြင်းသက်သက်ကပဲ ကိုယ့်ကို...
ပိုများ နှိပ်စက်နေလေသလား…

စွန့်ပစ်ဖို့ အတွေးဝါးဝါးကိုက
(ကိုယ့်အတွက်) ခါးသက်နေပြန်တော့
အခက်ကြီးခက်ပေါ့ကွယ်…

အအိုအဟောင်းတွေကို
ဘယ်တုန်းကများ
ကိုယ်… အကောင်းလုပ်ပြီး
သိမ်းဆည်းတတ်သွားပါလိမ့်…

ပြတ်သားမှုကို
ရုပ်ဝတ္ထုတစ်ခုခုလို ဝယ်လို့များရရင်
ပိုက်ဆံကလေးစု
အခုပဲ ပြေးဝယ်လိုက်ချင်ရဲ့…

အဲဒီစကားတွေ
လှဖူးပေမယ့်
မ…လှ…တော့…ဘူး…လေ…ကွယ်…
ရယ်… လို့…
ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်ဆုံးမ
အကြိမ်ကြိမ် တရားချပေမယ့်…

Delete ကို လက်ကရွယ်တိုင်း
ရင်တွေ အရိုင်းဆန်ဆန်
ကပြောင်းကပြန်နိုင်နေလိုက်ပုံများ
နှစ်တွေဘယ်လောက်ခြားသည်အထိ
ကိုယ်ငြိတွယ်နေဦးမှာတဲ့လဲ…
ဒါသည်လည်း မသဲကွဲ…

အဲဒီထဲကပဲ
ကဗျာတွေကတော့
ခဏ ခဏ
မစဲဘဲ…
တသဲသဲ…
ကြွေ…ကျ… ဆဲ…

ရွှေပြည်သူ
(10:16 PM ~ 19-April-2010)

15 comments:

  1. ဟားးးး တူချက် ညီမရယ်။
    Delete ဆီကို လက်က ရောက်ပြီးတော့မှ
    လူက ကတုန်ကယင်နဲ့
    မခုန်ချင် ခုန်ချင် ရင်ဘတ်နဲ့. . .
    အင်း . . . ခဏတော့ နားလိုက်ဦးမှ ထင်တယ်။

    ReplyDelete
  2. အစွဲအလန်းတို့ ဖွယ်ဖွယ်ရာရာ ၀ယ်လိုအားကောင်နေသမျှ
    ဒုက္ခသစ္စာကလည်း ဖောဖောသီသီ ထုတ်လုပ်ရောင်းချနေအုံးမည်ပ..။

    ReplyDelete
  3. အစ်ကို ကိုဇော် ◄ အစ်ကိုရေ တူချက်။ ဒီမှာလည်း နားနားရေးရတယ်း))

    ဦးဇင်း မောနေယျ ◄ တင်ပါ့ဘုရား

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာလေး .....

    “အအိုအဟောင်းတွေကို ဘယ်တုန်းကများ
    ကိုယ် အကောင်းလုပ်ပီး သိမ်းဆည်းသွားတတ်ပါလိမ့်.....။

    ပြတ်သားမှုကို ရုပ်ဝတ္ထုတစ်ခုလိုလို ၀ယ်လို့များရရင်
    ပိုက်ဆံကလေးစု .....
    အခုပဲပြေးဝယ်လိုက်ချင်ရဲ့ .....။”

    အဲဒီအပိုဒ်လေးတွေက တစ်ကယ်ပဲ တိုက်ဆိုင်သလို မခိုင်မာ မပြက်သားပဲ မိုက်မဲနေဆဲ ကိုယ့်စိတ်ကိုလည်း ခံစားတုန်လှုပ်စေပါတယ် ....။

    အမြဲတမ်းအားပေးလျှက်
    ညီမလေး နှင်းဟေမာ

    ReplyDelete
  5. ညီမလေး နှင်း (နှင်းဟေမာ) ◄ ဟုတ်တယ် ညီမလေးရေ... အကျဉ်းချုပ်ပြောရရင်တော့ အပေါ်က ဦးဇင်းမောနေယျ မိန့်သွားသလိုပါပဲ...

    “အစွဲအလန်းတို့ ဖွယ်ဖွယ်ရာရာ ၀ယ်လိုအားကောင်နေသမျှ
    ဒုက္ခသစ္စာကလည်း ဖောဖောသီသီ ထုတ်လုပ်ရောင်းချနေအုံးမည်ပ..။” ဆိုသလို ဒုက္ခတွေ များသထက် များနေဦးမှာပေါ့လေ...

    ReplyDelete
  6. Scrn Shot လေးလုပ်ထားပုံ ကြိုက်လိုက်တာ..
    တတ်လည်းတတ်တဲ့ သူသူ :))
    "အဲဒီထဲကပဲ
    ကဗျာတွေကတော့
    ခဏ ခဏ
    မစဲပဲ
    တ သဲ သဲ
    ကြွေ ကျ ဆဲ" တဲ့လား ညလေးရယ်..

    ချစ်တဲ့
    ပန်းချီ

    ReplyDelete
  7. မမပန်းချီ ◄ Screen Shot လေးကြိုက်တဲ့အတွက်ရော ခံစား ဖတ်ရှုပေးတဲ့အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်း)

    ReplyDelete
  8. cool poem, i like it coz same feelings as mine.. =)

    your regular reader

    ReplyDelete
  9. Dear Regular Reader ◄ thank you for your time to read my poem and dropping some lines here :o)

    ReplyDelete
  10. မဇွန်သူငယ်ချင်းကို ဒီကဗျာလေး ပေးဖတ်ဦးမှ။း)

    “အအိုအဟောင်းတွေကို..... ” ဆိုတဲ့ စာပိုဒ်လေး သိပ်သဘောကျတာပဲ။

    ReplyDelete
  11. အစ်မဇွန် ◄ ကဗျာလေးကို ဖတ်ရှုခံစားပေးတာ ကျေးဇူးပါနော်း)

    ReplyDelete
  12. ကဗျာတွေ ထွက်လာဖို့အတွက် ရေခံမြေခံကောင်းတွေဆိုတော့လည်း ဘယ်ဖျက်ဆီးပစ်လို့ ဖြစ်မလဲလေ ...:)

    ReplyDelete
  13. ကိုလင်းဒီပ ◄ နောက်ပြီး) ဒါပေါ့ တချို့ကဗျာဆရာကြီးတွေလို ကဗျာတွေ အလိုလိုစီးဆင်းထွက်မနေတော့ ရေခံမြေခံလေးတွေကို ဖျက်ဆီးပစ်ရမလိုလို ဆက်ထားရမလိုလို ဖြစ်နေရတာပေါ့း))

    ReplyDelete
  14. လင့်ချိပ်ထားခွင့်ပြုပါ မရွှေပြည်သူ
    ကူညီပေးခဲ့မှုအတွက်လည်း ကျေးဇူးအကြီးကြီးတင်ပါတယ်

    ReplyDelete
  15. ဦးဇင်း မောနေယျ ◄ တင်ပါ့ဘုရား... Link ချိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)