Nuclear HOAX SMS
မနေ့ကစပြီး SMS တစ်စောင် ကျွန်မသူငယ်ချင်းတွေဆီက အကြိမ်ကြိမ် ရနေခဲ့ပါတယ်။ ဂျပန်နိုင်ငံ ဖူကူရှီးမားက နျူးကလီးယားစွမ်းအင် စက်ရုံပေါက်ကွဲပြီး အဲဒီကနေ ထွက်လာတဲ့ ရေဒီယိုသတ္တိရောင်ခြည် (Radiation) တွေ စင်္ကာပူမှာ ရွာတဲ့မိုးထဲလာပြီး ပါဝင်နိုင်တယ်လို့ ဆိုထားပါတယ်။ Video တွေ သတင်းတွေထဲမှာ မြင်နေရတာကလည်း အပြင်းအထန် ဖြစ်နေတာဆိုတော့ ရုတ်တရက် စဉ်းစားလိုက်ရင် သံသယဝင်ပြီး တွေးကြောက်စရာပါ။
အဲဒီအတွက် The Straits Times သတင်းစာက ဒီ SMS ဟာ လုပ်ကြံဖန်တီးပြောဆိုတဲ့ Hoax သာဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံက အဏုမြူဓာတ်ပေါင်းဖိုတွေဟာ စင်္ကာပူနိုင်ငံနဲ့ 5000lm အကွာအဝေးမှာ ရှိနေတာဖြစ်တဲ့အပြင် တကယ်တမ်း အဏုမြူရောင်ခြည်တွေပါဝင်တဲ့ မိုးရွာချဖို့က ဂျပန်နိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပေါင်းဖိုတွေအားလုံး ပျော်ကျမှပဲ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။
ပျံ့နှံ့နေတဲ့ SMS Message ကတော့ -"A nuclear power plant in Fukushima/Fukumi, Japan exploded at 4:30 AM today. If it rains tomorrow or later, don't go outside. If you are outside, be sure that you have rain protectors. It's acid rain. Don't let it touch you. You may burn your skin, lose your hair or have cancer. Please pass, stay safe and remind everyone you know."
(ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့က နျူးကလီးယားစွမ်းအင်စက်ရုံဟာ ဒီနေ့မနက် ၄း၃၀မှာ ပေါက်ကွဲခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန် (သို့မဟုတ်) နောက်ရက်တွေမှာ မိုးရွာခဲ့ရင် အပြင်ကို မထွက်ပါနဲ့။ အပြင်ထွက်ခဲ့ရင် မိုးကို အကာအကွယ်ပေးမယ့် အရာတွေ ပါသွားပါစေ။ ဒါဟာ အက်ဆစ်မိုးပါ။ ကိုယ့်ကို မထိပါစေနဲ့။ အသားလောင်တာတို့၊ ဆံပင်ကျွတ်တာတို့၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။ (ဒီစာကို) ဆက်ဖြန့်ဝေပေးပါ၊ ဘေးကင်းအောင်နေပါ၊ ကိုယ်သိတဲ့သူ အားလုံးကို သတိပေးလိုက်ပါ။)
ဒီ လုပ်ကြံသတင်းနဲ့ Hoax SMS ဟာ ဖိလစ်ပိုင်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီး စင်္ကာပူကို တဆင့်တဆင့် ဝေမျှရာက ရောက်လာခဲ့တာလို့ The Straits Times ကဆိုပါတယ်။ ဖတ်မိတဲ့သူ တော်တော်များများကလည်း ဇဝေဇဝါနဲ့ “သတိထားတာ မမှားပါဘူးလေ” ဆိုပြီး ခင်သူမင်သူတွေဆီ စေတနာနဲ့ တဆင့်ထပ်ပို့ရင်းကနေ ပျံ့သွားတာ ဖြစ်ပါလိမ့်မယ်။
ဒုက္ခများနေရှာတဲ့ ဂျပန်နိုင်ငံကသူတွေအတွက် စိတ်မကောင်းဖြစ်နေကြတုန်းမှာ လူတွေ အထိတ်ထိတ်အလန့်လန့် ဖြစ်ရအောင် ဒီလို သတင်းအမှားတွေ စဖြန့်ဝေခဲ့တဲ့သူကိုလည်း သြချမိပါတယ်။ သူကိုယ်တိုင် သေချာမသိဘဲ မှန်းခြေနဲ့ ပို့ချလိုက်တာလည်း ဖြစ်နိုင်တာပါပဲ။
ကျွန်မလည်း မြင်ခါစက “ဟုတ်များ ဟုတ်မလား” လို့ သံသယဝင်ခဲ့တဲ့သူတွေထဲမှာ ပါခဲ့တာမို့ ကျွန်မလိုပဲ တွေးနေမိကြတဲ့သူတွေ The Straits Times ကို မဖတ်ဖြစ်ကြသေးရင် ရှင်းရှင်းလင်းလင်း သိရအောင် ပြန်ဝေမျှတာ ပါရှင်။
ကျွန်မတော့ မပူရမှာကို ပူမနေတော့ဘဲ တကယ်အခက်အခဲကြုံနေတဲ့ ဂျပန်နိုင်ငံကလူတွေ အားလုံးကိုသာ ဘေးကင်းပြီး ဘဝတွေ အမြန်ဆုံး ပုံမှန်ပြန်လည်ပတ်နိုင်ကြပါစေလို့ပဲ မေတ္တာပို့ ဆုတောင်းပေးနေမိပါတယ်။
Reference: http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_645335.html


အမှန်တရားကို အများသူငါသိအောင် ရှင်းလင်းပေးလို့
ReplyDeleteကျေးဇူးတင်ပါတယ်.....ကမ္ဘာပေါ်ရှိ သတ္တ၀ါအပေါင်း
ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာကြပါစေ...........။
ကို kyaw : ဟုတ်ကဲ့ အစ်ကို။ ဖတ်တဲ့သူတွေထဲက ဒီအကြောင်း မသိရသေးတဲ့သူတွေ အတွက် အကျိုးရှိတယ်ဆိုရင် ဝမ်းသာပါတယ်။
ReplyDeleteညီမ ရွှေပြည်သူရေ...လူတွေအားလုံး နာကျင်မှု နဲနိုင်သမျှ နဲကြပါစေ လို့ ဆုတောင်းမိတယ်...ညီမရေ....
ReplyDeleteမမ ချစ်ကြည်အေး: ဟုတ်ကဲ့ မမ။ မြင်ရကြားရတာတွေအတွက် အရမ်းစိတ်မကောင်း ဖြစ်ရလို့ ဆုတောင်းမေတ္တာပဲ ပို့နေရပါတယ်။
ReplyDeleteသိပ်မစဉ်းစားကြတော့ဘဲ email ဖြစ်ဖြစ် sms ဖြစ်ဖြစ် forward တွေ အလွယ်တကူ လုပ်ကြတာ ဆိုးတယ် ။
ReplyDeleteကိုလင်းဒီပ : အဲဒီအထဲမှာ ညီမလည်း ပါတယ် အစ်ကိုရေ။ ပို့မိတော့မလို့း) နောက်မှ တချက်လောက်ရှာဖတ်ကြည့်ဦးမယ်ဆိုပြီး ဖတ်လိုက်မိလို့ ဒီ Info ရတာ။
ReplyDeleteဂျပန် မှာနေတဲ့သူတွေ အတွက်လည်းထားပါအုံး အခု radiation 0.8 တိုကျို ရှင်ဂျီးကုမှာ
ReplyDeleteကိုငဝန်နဒီ : ဟုတ်ကဲ့ ဂျပန်မှာနေတဲ့သူတွေ အတွက်က ခုချိန်မှာ အရေးအကြီးဆုံးဆိုတာ နားလည်ပါတယ်။ ဒီပို့စ်ကလည်း စင်္ကာပူနဲ့ တခြားနိုင်ငံကလူတွေ မလိုအပ်ဘဲ စိုးရိမ်တာမျိုးဖြစ်မှာစိုးလို့ ကိုယ်သိသမျှ Info လေးကို ပြန်ဝေမျှတဲ့သဘောပါ။
ReplyDeleteဂျပန် Radiation က ကြောက်စရာကောင်းနေပြီပဲ။ ကိုငဝန်နဒီ နဲ့ တခြားသော ဂျပန်ကလူတွေ ဘေးရန်ကင်းရှင်းကြပါစေလို့ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်။
အရေးအကြောင်းဆို ဖျာဝင်ဝင် ခင်းတဲ့ လူတွေကလည်း တမှောင့်။
ReplyDeleteနောင်ဆို ချောင်းတောင်မှ မဆိုးရဲဘူး။ ပိုးတွေ ပြန့်ကုန်ပြီ ဖြစ်ဦးမယ်။
ခက်လည်း ခက်တယ်။ အဓိက နေရာတွေမှာ အားစိုက်နိုင်ကြပါစေ။
အစ်ကိုကိုဇော် : ဟုတ်တယ် အစ်ကိုရေ။ အဓိကက စပို့တဲ့လူက မလုပ်သင့်တာပါ။ တဆင့်ပြန်ပို့ကြတဲ့ လူတွေကတော့ ကိုယ်ခင်တဲ့မင်တဲ့သူတွေအတွက် စေတနာနဲ့ ပို့ကြတာလို့ပဲ ညီမထင်ပါတယ်။
ReplyDeleteImm .... taw they tar pop... a sa ga e di lo ble htin tar.....Myanmar pyi ga lu twae go taung hlan ta di pay lite tey tel... nout mha ma hote mhan ti tar...
ReplyDeleteဘာစာနှင့် ရေးထားတာလဲ။ ဗမာစာလား ၊ စာလုံးပေါင်းတွေကလည်း အရမ်းမှားနေတာဘဲ။ ကျောင်းမှန်မှန် မတက်ခဲ့ဘူးလား။
ReplyDeleteဟုတ်တယ်.. ညကြီးသန်းခေါင် မက်ဆေ့ခ်ျဝင်လာလို့ ထပြီး သတင်းတွေရှာဖတ်မိသေးတာ.. ဟုတ်လဲဟုတ်ဘဲနဲ့..
ReplyDeleteနျူးကလီးယားကဂျပန်ကလူတွေဘဲသတိထားရမှာပါ။ဒါတောင်ဓာတ်ပေါင်းဖိုနဲ့နီးတဲ့သတ်မှတ်ထားတဲ့အကွာအဝေးမှာရှိနေတဲ့လူတွေအတွက်ပါ။အခုဂျပန်မှာခက်နေတာကအိမ်သာတစ်ရှူးဝယ်မရဖြစ်နေတာပါ။
ReplyDeleteမျက်မှန်လေး ◄ ဟုတ်တယ် ညီမလေး။ အစ်မလည်း မြန်မာပြည်က လူတွေကိုတောင် လှမ်းစိတ်ပူလိုက်သေးတယ်း))
ReplyDeleteမိုးမိုး... ◄ မိုးမိုးရေ မိုးမိုးနဲ့ကျွန်မနဲ့ သုံးတဲ့ Font မတူဘူး ဖြစ်နေတယ် ထင်ပါတယ်။ ကျွန်မက Zawgyi-One သုံးထားတာပါ။ မိုးမိုးနာမည်ကိုလည်း “မိုးမိုးအောင်” လို့မြင်နေရပါတယ်။ စာတွေကိုလည်း ဒီလို မြင်နေရပါတယ် “ဘာစာနှင့် ရေးထားတာလဲ။ ဗမာစာလား ၊ စာလုံးပေါင်းတွေကလည်း အရမ်းမှားနေတာဘဲ။ ကျောင်းမှန်မှန် မတက်ခဲ့ဘူးလား။”။ မှန်းပြီးပဲ ဖတ်လိုက်ပါတယ်။ ကျွန်မရေးထားတဲ့ စာလုံးပေါင်းတွေ တကယ်မှားနေတယ်ဆိုလဲ ဘယ်နေရာတွေ မှားနေလဲဆိုတာ ထောက်ပြပေးပါဦးနော်။
မြူးမြူး ◄ ဟုတ်တယ် ညီမလေးရေး) မြင်တော့ မြန်မာပြည်က မိသားစုကိုပါ စိတ်ပူသွားသေးတာ။
tinnwewin ◄ ဟုတ်ကဲ့ အစ်မ။ ဓာတ်ပေါင်းဖိုနဲ့နီးတဲ့ သတ်မှတ်ထားတဲ့ နေရာမှာပဲ အန္တရာယ်ရှိနေတာဆိုတော့ တော်သေးတာပေါ့။ နေရေးထိုင်ရေး ဘယ်လောက်အခက်အခဲ ဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ အဆင်ပြေကြပါစေ အစ်မ။