Thursday, March 17, 2011

ဧည့်မှတ်တမ်း (Guestbook)

ဒီ Blog မှာ “ဧည့်မှတ်တမ်း”လေးတစ်ခု ထားချင်လို့ ဒီပို့စ်လေး တင်လိုက်တာပါ။

အစ်ကို ကိုAndy (WeSheMe) ရဲ့ “ဧည့်သည်တော်မှတ်တမ်း” ကို သဘောကျလို့ ခွင့်တောင်းပြီး အတုခိုး လိုက်လုပ်လိုက်တာပါး)

ဒီ “ဧည့်မှတ်တမ်း” လေးကို Top Menu မှာလည်း အမြဲထားဖြစ်မှာပါ။ Blog ကို လာလည်စာဖတ်ပေးကြသူတွေရဲ့ အမှတ်တရ စကားတွေ၊ အမြင်တွေ၊ (အပြုသဘော) ဝေဖန်အကြံပြုချက်တွေ (Blog တစ်ခုလုံးကို ခြုံပြီး ဝေဖန်အကြံပြုသွားတာမျိုးတွေ အပါအဝင်) ကို သိချင်မိသလို တနေရာထဲမှာလဲ အမှတ်တရ သိမ်းထားချင်လို့ပါ။ စာလာဖတ်ပေးတဲ့သူတွေထဲမှာ ဘာမှ မပြောဘဲ တိတ်တိတ်လေး ရောက်ဖြစ်ကြတဲ့သူတွေရဲ့ စကားတွေကိုလည်း အဆင်ပြေရင် သိချင်ကြားချင်ပါတယ်း)

ကျွန်မ Blog လေး ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက် က စပြီး Online ပေါ် ရောက်ကတည်းက ဒီနေ့အထိ စာဖတ်ချင်စိတ်နဲ့ အချိန်ပေးပြီး လာရောက် လည်ပတ်သူ အားလုံးကိုလည်း ကျေးဇူးအထူးတင်တဲ့ အကြောင်းလဲ တဆက်ထဲ ထပ်ပြောချင်ပါတယ်။

ဒီမှာ ချန်ခဲ့တဲ့စကားတွေဟာ ကောင်းသောချီးမွမ်းစကားဆိုရင်လည်း ကျွန်မစာဆက်ရေးဖို့ အားရှိစေမှာ ဖြစ်သလို၊ စာအရေးအသား၊ အချက်အလက် အမှန်အမှား အစရှိတာတွေ၊ အပြုသဘော ထောက်ပြဝေဖန်မှုတွေ ရေးပေးမယ်ဆိုရင်လည်း အရမ်းကျေးဇူးတင်မိမှာပါရှင်…

အားလုံးပဲ စိတ်နှလုံးငြိမ်းချမ်းကြပါစေ…

မေတ္တာထားလေးစားလျက်
ရွှေပြည်သူ

83 comments:

  1. ဧည့်မှတ်တမ်းမှာ လက်မှတ်လာထိုးပါတယ်...
    ချစ်စရာ ညီမလေး ရွှေပြည်သူနဲ့ ချစ်စရာ ဘလော့ဂ်လေး နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပါစေ...

    ReplyDelete
  2. ချစ်ကြည်အေးMar 17, 2011 02:44 AM

    စာတွေကို နုနုညက်ညက်လေးရေးနိုင်သူမို့ အမ ဘလော့ဂ်မရေးခင်တည်းက ညီမရဲ့ စာဖတ်သူ ဖြစ်ခဲ့တာပါ။ အမြဲ အားပေးလျက်ပါ ညီမ ရွှေပြည်သူ...

    ReplyDelete
  3. အစ်မ သက်ဝေ ◄ ဧည့်မှတ်တမ်းမှာ ပထမဆုံး ဦးဦးဖျားဖျား လာလက်မှတ်ထိုးပြီး ဆုတောင်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ အစ်မး)

    မမ ချစ်ကြည်အေး ◄ အမြဲတမ်းအားပေးပြီး သတိတရ အမြဲရှိလို့ အရမ်းကျေးဇူးတင်ပါတယ် မမး)

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)Mar 17, 2011 04:58 AM

    စာမရေးခင်ကတည်းက ဖတ်ဖြစ်ခဲ့ပြီး စာအရေးကောင်းလို့ အားကျခဲ့ရပါတယ်..
    စာအရေးကျဲသွားတော့လည်း အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်..
    ဒါကြောင့်လည်း ကိုယ်နှစ်သက်တဲ့ စာရေးကောင်းသူမို့ စာတွေ အများကြီး ပြန်ရေးစေချင်ပါတယ်.. အမြဲတမ်း ပျော်ရွှင်ကျန်းမာ စိတ်ရွှန်လန်းပါစေနော်။

    ReplyDelete
  5. ချော ◄ ချောရေ... အကြောင်းကြောင်းတွေကြောင့် စာအရေးကျဲသွားခဲ့ပါတယ်။ အခုတော့ ပြန်ရေးနိုင်အောင် အားယူနေပါတယ်။ အားပေးစကားကြောင့် အရမ်းကို ကျေးဇူးတင်ပါတယ်နော်။ ချောပေးတဲ့ဆုနဲ့ ပြည့်ရပါစေး)

    ReplyDelete
  6. တိတ်တိတ်လေး စာလာဖတ်သူတွေရဲ့အသံတွေကိုလည်း ကြားချင်တယ်ဆိုလို့ ဧည့်မှတ်တမ်းမှာ လက်မှတ်ထိုးခဲ့ပါတယ်။
    ရွှေပြည်သူရဲ့ ၀တ္ထုတိုလေးတွေနဲ့ စာသားညက်ညက်လေးတွေက အရမ်းလိုက်ဖက်လွန်းလို့ ဘယ်တော့များ အသစ်တင်မလဲဆိုပြီး လာလာချောင်းနေရတာမောပေါ့ ။ ၀တ္ထု တိုတွေကိုတော့ အကြိုက်ဆုံးပေါ့။

    ReplyDelete
  7. Anonymous ◄ တိတ်တိတ်လေး စာဖတ်နေရာကနေ အခုလို ဧည့်မှတ်တမ်းမှာ အမှတ်တရ လက်မှတ်ထိုးပေးသွားတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်နော်း) ဝတ္ထုတွေတို ဆက်ရေးနိုင်အောင် ကြိုးစားနေပါတယ်။ အချိန်ပေးပြီး စာလာဖတ်တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  8. ညီမရွှေပြည်သူရေ
    အမြဲအားပေးလျှက်နော်..
    ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ...

    ReplyDelete
  9. ဧည့်မှတ်တမ်းလေးမှာရေးခွင့်ရလို့ဝမ်းသာပါကြောင်း...
    နောင်များတွင်လည်းလာရေးအုံးမည်ဖြစ်ကြောင်း...
    စာတွေအမြဲလာဖတ်လေ့ရှိပါကြောင်း.....

    ReplyDelete
  10. ma yay.....post twae ko ma loot tann arr pay nay mel naw... read pee comment ma pay tar twae lal shi tal...heehee... post tine ko tot read phyit tal:)

    ReplyDelete
  11. အစ်ကိုမောင်မောင် ◄ အစ်ကိုရေ အမှတ်တရရေးပေးသွားတဲ့ အတွက်ရော အားပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်း)

    စန္ဒကူး ◄ ဧည့်မှတ်တမ်းလေးမှာ ရေးပေးသွားတဲ့အတွက်ရော စာတွေလာဖတ်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် ညီမလေးရေး)

    မျက်မှန်လေး ◄ ညီမလေးရေ အမြဲအားပေးနေတဲ့အတွက်ရော ပို့စ်တိုင်းကို ဖတ်ပြီးအားပေးတဲ့အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်နော်း))

    ReplyDelete
  12. မမ...စာအရေးအသားလေးတွေကို အရမ်းချစ်တယ်။

    နောင့် (မေဇင်)

    ReplyDelete
  13. ဘလောဂါတယောက် post အသစ်တွေတင်ရဲ့လားလို့ နေ့တိုင်းကြည့် ဖြစ်တဲ့အထဲမှာ "ရွှေပြည်သူ" လည်း ပါပါတယ်။ စာတွေကို စိတ်ကောင်း နှလုံးကောင်းနဲ့ ရေးတတ်မှန်း သိသာပါတယ်။ ( မိမိ)က လူတယောက် ရေးတဲ့စာတွေကိုကြည့်ပြီး အဲဒီစာတွေကိုရေးတဲ့သူကိုလည်း စိတ်ထဲမှာ တရင်းတနှီးခင်ချင် ခင်နေတတ်တာပါ။ အဲဒါကြောင့် စိတ်ထားနုနုညံ့ညံ့နဲ့ စာတွေကို ညက်ညက်ညောညော ရေးတတ်တဲ့ "ရွှေပြည်သူ" ကိုလည်း အဝေးကနေ ခင်နေမိပါတယ်။

    ReplyDelete
  14. ကောမန့်ပေးလို့ အဆင်မပြေဖြစ်နေလို့ဆိုပြီး ညီမလေး မိုးတေး (motae) Email ကနေ ပို့လာတဲ့ စာလေးကို အမှတ်တရ သိမ်းတာပါ။

    “အမြဲပျော်ရွှင် စိတ်ချမ်းသာပါစေလို့ ၊စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေလို့။ စာရေးဖို့ အချိန်အားရှိပြီး အတွေးကောင်းတွေ အများကြီးရပါစေလို့”

    ညီမလေး မိုးတေး ◄ ကျေးဇူးအများကြီး တင်ပါတယ်နော်။

    ReplyDelete
  15. နောင့်(မေဇင်) ◄ ညီမလေးနောင့်... အစ်မစာလေးတွေကို မေတ္တာထားပြီး ဖတ်ပေးလို့ ကျေးဇူးပါ ညီမလေးရေး)

    Anonymous ◄ ကျွန်မစာမရေးဖြစ်ဘဲ အကြာကြီးရပ်နေမိတဲ့ ကာလတွေမှာတောင် (ဘယ်သူတွေမှန်း မသိပေမယ့်) နေ့တိုင်းရောက်တဲ့ လူနည်းစုလေး ရှိတယ်ဆိုတာ သိခဲ့ပါတယ်။ အခု အဲဒီအထဲက တစ်ယောက်ဖြစ်တဲ့ Anonymous ကို အရမ်းကျေးဇူးတင်ကြောင်း ပြောခွင့်ရလို့ ဝမ်းသာမိပါတယ်။ ကျွန်မစာတွေကို “စိတ်ကောင်းနှလုံးကောင်းနဲ့ရေး” တယ်လို့ မြင်တယ်ဆိုတာ ဖတ်သူရဲ့ မေတ္တာစိတ်အခံနဲ့ စိတ်နှလုံး နူးညံ့မှုကြောင့်လည်း အများကြီးပါတယ်လို့ ယုံကြည်ပါတယ်။ ကျွန်မကလည်း အချိန်ပေးပြီးစာလာဖတ်ပေးတဲ့ Anonymous ကို အဝေးကနေ ကျေးဇူးတင်ခင်မင်လျက်ပါ။

    ReplyDelete
  16. စာပြန်ရေးတာ ၀မ်းသာတယ် ညီမရေ။
    ပို့စ် အသစ်တွေ မျှော်နေမယ်။

    မချို

    ReplyDelete
  17. အစ်မ မချို(ပန်းခရမ်းပြာ) ◄ ဟုတ်ကဲ့ အစ်မ။ အမြဲတမ်း သတိတရရှိပြီး အားတွေပေးတတ်လို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်မး)

    ReplyDelete
  18. ကိုယ်ရေးတဲ့ ခပ်ထောက်ထောက် စာတွေကို ဖတ်ပြီး ညီမရေးတဲ့ ခပ်ချောချော စာတွေကို သတိရမိပါတယ်။ ကိုယ်ကလည်း Clumsy ပဲ မဟုတ်လား။ ဒီလိုပဲ ရေးတာကိုလည်း ပိုနှစ်သက်တော့ ဒီလိုပဲ ရေးမိပေမဲ့ ညီမ စာလေးတွေကို သဘောကျပါတယ်။

    ဧည့်သည် တစ်ယောက် အနေနဲ့တော့ ဧည့်သည်ပီပီ လာလည်ပါတယ်။ ဘာလက်ဆောင်မှ မပါသလို ၊ ဘာမှလည်း မဖွခဲ့ပါကြောင်း :D

    ReplyDelete
  19. မောင်ငယ်လေးတစ်ယောက်Mar 18, 2011 06:44 PM

    ဧည့်မှတ်တမ်းမှာ လာပြီးလက်မှတ်ထိုးသွားပါတယ် အမရေ....စာများများ ထပ်ရေးပါဦး...

    ReplyDelete
  20. အစ်ကို ကိုဇော် ◄ လာလည်ပြီး ဧည့်မှတ်တမ်းမှာ ရေးပေးသွားတာ ကျေးဇူးပါ။ အစ်ကိုရေးတဲ့ပုံစံကလည်း ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရေးအသားမတူတော့ တပုံစံစီဖြစ်နေတာမျိုးပါး)

    မောင်ငယ်လေးတစ်ယောက် ◄ ဧည့်မှတ်တမ်းမှာ လက်မှတ်ထိုးပေးသွားတာ ကျေးဇူးပါမောင်လေးရေ။ ဟုတ်ကဲ့ အစ်မ စာဆက်ရေးနိုင်အောင် ကြိုးစားနေပါတယ်း)

    ReplyDelete
  21. ကိုယ်ကတော့ ရွှေပြည်သူရေးတဲ့အထဲမှာ ၀တ္ထုလေးတွေကို ပိုနှစ်သက်မိပါတယ်။ ဒီမှတ်ချက်ပေးဖို့ ၀တ္ထုတိုတွေကို ညက ပြန်ဖတ်လိုက်သေးတယ်။ Jade ဆိုတဲ့ အမျိုးသမီးနဲ့ နားလည်မှုရသွားတဲ့ အမြင် ဆိုတဲ့ ၀တ္ထုလေးတွေလိုမျိုး ရွှေပြည်သူရဲ့ ချောမွှတ်တဲ့ အရေးအသား၊ ခံစားချက်လေးတွေ၊ ဒါမှမဟုတ် စိတ်စေတနာကောင်းတခုခုကို ဦးတည်ရေးထားတတ်တဲ့ ရွှေပြည်သူရဲ့ ရေးဟန်ကို အားပေးနေပါတယ်။

    ပန်ဒိုရာ

    ReplyDelete
  22. အစ်မ pandora ◄ ဧည့်မှတ်တမ်းမှာ အားပေးစကား လာရေးပေးသွားလို့ အရမ်းကျေးဇူးတင်ပါတယ်။ “အမြင်”က ညီမရဲ့ ကိုယ်ရေးသမျှထဲမှာ ကိုယ့်ဘာသာအကြိုက်ဆုံးထဲက တစ်ပုဒ်မို့လို့ အစ်မရဲ့စကားအတွက် အရမ်းကို ဝမ်းသာမိပါတယ်။ အဲဒီလို စာမျိုးတွေ များများရေးဖြစ်အောင် ကြိုးစားနေပါတယ် အစ်မး)

    ReplyDelete
  23. အမရေ လာလည်သွားတယ်နော်...အမြဲအားပေးနေပါတယ်...

    ReplyDelete
  24. su ◄ ညီမလေး su ရေ အမှတ်တရ ရေးပေးတဲ့အတွက်ရော အားပေးတဲ့အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်နော်း)

    ReplyDelete
  25. နေကြည်Mar 19, 2011 07:41 AM

    ချစ်သော ညီမလေးရေ

    အစ်မကတော့ ညီမရဲ့ short novels လေးတွေကိုအကြိုက်ဆုံးပါ..တော်တော်များများကို နှစ်သက်မိတော့ ဘာအကြိုက်ဆုံးဆိုတာရွေးရခက်မိတယ်.. အမှတ်ရဆုံးကတော့ ကြယ်စတွေနဲ့ညပဲ...
    မမြင်ဘူးပေမဲ့ချစ်တဲ့ညီမလေးဟာလဲ သူ့ရဲ့စာလေးတွေလို ချစ်စရာကောင်းနေမယ်လို့တွေးနေမိတယ်...

    ချစ်သော
    နေကြည်

    ReplyDelete
  26. မမနေကြည် ◄ မမနေကြည်ရေ... ညီမရဲ့စာတွေကို အမြဲ သတိတရ လာဖတ်ပေးသလို Facebook ကရော Blog မှာပါ အမြဲတမ်း ကောမန့်တွေ့နဲ့ အားပေးတာတွေ အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်။ ဝတ္ထုတိုတွေလည်း ဆက်ရေးနိုင်အောင် ကြိုးစားပါ့မယ် မ။ ညီမကို မေတ္တာစိတ်အခံနဲ့ကြည့်ပြီး ချစ်စရာကောင်းမယ်လို့ ထင်ပေးတာကိုလည်း အရမ်းကျေးဇူးတင်ပါတယ် (တကယ်အပြင်မှာကတော့ ချစ်စရာ မကောင်းဘူး မရဲ့း)

    ReplyDelete
  27. ဒီဘလော့လေးမှာ ပို့စ်အသစ်မြင်တိုင်း ရောက်လာနေကျဧည့်သည်တစ်ယောက်ပါ....
    အခုမှ မှတ်တမ်းရေးပြီးချန်ခဲ့တာနော်.....

    နှင်းနဲ့မာယာ

    ReplyDelete
  28. နှင်းနဲ့မာယာ ◄ မှတ်တမ်းမှာ အမှတ်တရ ရေးပေးသွားလို့ရော အမြဲတမ်း စာလာဖတ်ပေးတဲ့အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ် ညီမလေးရေ...း)

    ReplyDelete
  29. စီဘောက်မရှိတော့လည်း ဒါလေးရှိတော့ ကောင်းပါတယ် ။ အော်စရာရှိ အော်လို့ ရတာပေါ့ ။ :))

    ReplyDelete
  30. အစ်ကို လင်းဒီပ ◄ ဟုတ်တယ် အမှတ်တရလေးလည်း သိမ်းချင်လို့။ များများလာအော်ပေးပါး))

    ReplyDelete
  31. ဧည့်မှတ်တမ်းမှာလက်မှတ်လာထိုးပါတယ် .. မမ.. အမြဲလာလည်ဖြစ်ပါတယ်.. အရမ်းလည်းသဘောကျတယ် .. မီးငယ်ဆီလည်း လာလည်ပါနော် ..

    ReplyDelete
  32. မီးငယ် ◄ အမြဲလာလည်တဲ့အတွက်ရော ဧည့်မှတ်တမ်းမှာ ရေးသွားပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် ညီမလေးရေ... ညီမလေးဆီလည်း လာလည်ပါ့မယ်း)

    ReplyDelete
  33. ခြေရာမချန်ဖြစ်ခဲ့ပေမယ့် ဖတ်ဖြစ်ပါတယ်။
    ဆက်တွေဆက်ရေးဖို့လည်း အားပေးပါတယ်။
    စာကိုသေသေချာချာ ရေးတဲ့ ဒီလို ဘလော့ဂ်မျိုးတွေ ရှိတာဟာ ရေးဖော်ရေးဖက်တွေ အနေနဲ့ အားတက်စေသလို
    စာဖတ်သူတွေရဲ့အမြင်မှာလည်း ဘလော့ဂ်လောကဟန်ချက် ညီမျှစေပါတယ်။

    ReplyDelete
  34. ကိုမြစ်ကျိုးအင်း ◄ စာတွေလာဖတ်ပေးတဲ့ အတွက်ရော အားရှိစေတဲ့စကားတွေ အမှတ်တရရေးပေးခဲ့တဲ့ အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်။

    ReplyDelete
  35. မောင်ငယ်လေး အောင်ဦး(ဓမ္မရသ) Email ကနေ ပို့လာတဲ့ စာလေးကို အမှတ်တရသိမ်းတာပါး)

    အစ်မရေ
    ဧည့်သည်မှတ်တမ်းမှာ အင်တာနက် အခက်အခဲကြောင့် တိုက်ရိုက်ရေးလို့ မရတာနဲ့ အခုလိုမေလ်းနဲ့ပဲ ပို့လိုက်ရတာပါ။
    Blog စရေး ကတည်းက ရွှေပြည်သူ ဆိုတဲ့ နာမည်ကြောင့်ပဲ တမူထူးခြားသလို ခံစားမိရပါတယ်။
    နောက်တော့လည်း အမြဲတမ်းလိုလို ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ (အဲဒီနာမည်ကြောင့်ပဲလို့ ပြောရင်ပိုမှန်မယ်ထင်တယ်)။

    Blog စာမျက်နှာ အပြင်အဆင် ရှင်းလင်းတာရယ်၊ စာအရေးအသားကို နှစ်သက်တာမိတာကြောင့်လည်း ပိုစ့်တိုင်းနီးပါး သေချာဖတ်မှတ်မိတယ်။
    အင်တာနက် အခက်အခဲဖြစ်တဲ့နေရာ ရောက်တော့လည်း အခွင့်ရတိုင်း ဝင်ကြည့်မိပါတယ်။
    အချိန်ကာလ အားလျော်စွာ ရေးတတ်တဲ့ ဆောင်းပါးလေးတွေအတွက်လည်း လေးစားတန်ဖိုးထားမိပါတယ်။

    အောင်ဦး

    ReplyDelete
  36. ဧည့်မှတ်တမ်းမှာ လာလည်သွားပါတယ်.. အစ်မရဲ့ စာလေးတွေကို အမြဲအားပေးလျက်ပါနော်..

    ReplyDelete
  37. ကောမန့်ရေးရတာ အဆင်မပြေဖြစ်နေတဲ့ ညီမလေး မိုးတေး(motae)/ksw Email ကနေ ထပ်ပြီးပို့လာတာကို အမှတ်တရ သိမ်းတာပါ။ အရမ်းလည်း တန်ဖိုးထားမိပါတယ်။ ကျေးဇူးပါ ညီမလေးရေ...

    "ဧည့်မှတ်တမ်းအတွက် မရွှေပြည်သူ ရေးသမျှ ထဲမှာ ကြိုက်တာလေးတွေ ကို ထုတ်ထားပါတယ်။ ဟိုရက်တွေတည်းက ပေးဖို့ပါ။ ကော်မန့်တော့ ကျွန်တော်က ၀တုတိုတွေထက် ကဗျာတွေကို သဘောကျတယ်။ ခံစားချက် အစစ် ပါတယ် ထင်တာလည်း ဖြစ်မယ်၊ ကျွန်တော်ကိုယ်တိုင်က ကဗျာ ကြိုက်တာလည်း ပါမယ်။ ဒါနဲ့ စံပယ်ကုန်းက ဂျူးရဲ့ ရာဇ၀င်ထဲမှာ မောင့်ကို ထားခဲ့ ကို သဘောကျလို့ ရေးတာလားဟင်။ မေးကြည့်တာနော်။ နောက်ဆုံးရေးတဲ့ ၀တုတော့ မဝေဖန်တတ်လို့ မဝေဖန်တော့ပါဘူး။

    ====

    လင်းနေသို့၊ အမြင်၊ ဟာသမင်းသမီး၊ ကျိန်စာသင့်သူ၊ သူမရဲ့တံခါး၊ ခရစ်စမတ်ညရဲ့ သက်တန့်၊ ဝေးကွာခြင်း ဒဏ်ရာ၊ သူ့ကို၊ အိမ်မက်ပန်း၊ ချစ်ခြင်းရဲ့ခေါင်းစဉ်၊ နှလုံးသား ခရုခွံ၊ လမ်းခွဲမေတ္တာ၊ လိုချင်မိသော ပညာဘဏ်တိုက်တွေ၊ အမြင့်မြတ်ဆုံးသော အလံတော်၊ အင်တာဗျူး၊ ပေးဆပ်လွန်းသူသို့၊ကြိုးညှိစကား၊ အချစ်မှတ်ကျောက်၊ ဦးနှောက်ချစ်သူ၊ လမ်းပေါ်က တယောသံ၊ စံပယ်ကုန်း၊ လေပြင်း၊ တရေးနိုး အသိ၊ တန်ဖိုးရှိသော ဦးနှောက်များအတွက်၊ ခါးသက်သက်၊ အီးမေးလ် ကျင့်ဝတ်များ ၊ ကိုယ့်စကားများ၊ ပိတ်မိသူ၊ နာကျင်မှုတို့အဆုံးမှာ၊ ကျေနပ်တယ်၊ အဲဒီည၊ ပင်လယ်ညည်းတဲ့ သံစဉ်၊ အိမ်ထောင်ရေးဟာသ၊ ဓါတ်ပုံကပေးသော ရသများ၊ လိပ်ပြာလို၊ Mayonnaise ပုလင်းနဲ့ ကော်ဖီနှစ်ခွက်၊ ဒီနေ့အထိ၊ ခဏ၊ မစ်ရှယ်လ် အိုဘားမား၊ကြည့်မိ ကြိုက်မိတဲ့ My Blue Berry Nights၊ နေ့အိမ်မက်၊ ကြောက်စိတ်၊ သူ မမ နှင့် နာရီတစ်ချို၊ ကြိုးညှိစကား ။ ကျန်တာတွေလည်း ရှိချင်ရှိနိုင်လိမ့်မယ်။ ဒါပဲနော်..ပျော်ရွှင်ပါစေ"

    ReplyDelete
  38. ညီမလေးSunny ◄ အားပေးစကားအတွက် အရမ်းကျေးဇူးတင်ပါတယ် ညီမလေးရေး)

    ReplyDelete
  39. ရွှေပြည်သူရေ
    ညီမရေးတဲ့ စာတွေကို အမြဲဖတ်ပါတယ်။
    တည်ငြိမ်တဲ့စာရေးဟန်ကို ကြိုက်တယ်။
    နူးညံ့တဲ့ စကားလုံးတွေကို မြင်ရလို့ နှစ်သက်မိပါတယ်။

    ReplyDelete
  40. အစ်မ ကောင်းမွန်ဝင်း ◄ အစ်မ ကောင်းမွန်ဝင်းရေ... အမြဲတမ်း စာတွေလာဖတ်ပေးပြီး အားရှိစရာ စကားတွေနဲ့ အားပေးတတ်သလို ညီမနဲ့လည်း စိတ်ချင်းနီးစပ်တယ်လို့ ခံစားမိလို့ အစ်မတစ်ယောက်လို ခင်ရပါတယ်။ အမှတ်တရရေးပေးသွားတာ ကျေးဇူးတင်ပါတယ် အစ်မ...

    ReplyDelete
  41. လူရင်းတွေဆိုတော့ နည်းနည်းတော့ နောက်ကျတယ်။ ရတယ်ဟုတ်?း))
    အကြိုက်ချင်းတော်တော်များများတူပြီး စာရေးတာလဲ ၀ါသနာပါတဲ့ ..
    ဘ၀ရဲ့ အမှတ်ရဖွယ်အချိန်တွေလဲ တူတူဖြတ်သန်းဖူးတဲ့ ..
    ဒေါသသင့်တဲ့ စာတွေမရေးဘဲ ချိုမြတဲ့ ရသစာပေတွေပဲ ရေးတတ်တဲ့ sis ..
    အသက်အရွယ် အိုမင်းရင့်ရော်သွားတဲ့ အထိ အခုလိုပဲ စာတွေ အများကြီး ဆက်ရေးပါလို့။

    ချစ်တဲ့
    ဂျူနီယာလွင်ဦး

    ReplyDelete
  42. မမ ဂျူနီယာ ◄ ဘယ်အချိန်ရေးရေး ရပါတယ် မရယ်း)) အစ်မရေးထားတာလေးဖတ်ပြီး အရင်အချိန်တွေ ပြန်မြင်ယောင်မိတယ်။ မ ပေးတဲ့ဆုနဲ့ တလုံးတဝ ပြည့်ရပါစေနော်။ အမှတ်တရ ရေးပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ်း)

    ReplyDelete
  43. ဒီမှာ မလေး နာမယ် ပါစရာလိုသေးလို့လားး))

    ReplyDelete
  44. မမအိမ့် ◄ အရမ်းလိုတာပေါ့း)) မမအိမ့်ရေးပေးတာလေးက ပါကိုပါရမှာလေ...

    ReplyDelete
  45. သူသူရေ...
    လွမ်းလိုက်တာ....

    ReplyDelete
  46. ကိုဟန်မျိုးထွေး ◄ လာလည်သွားတာ ကျေးဇူးပါး)

    မမပန်းချီ ◄ အတူတူပဲ လွမ်းနေတာ မရေး)

    ReplyDelete
  47. ညီမရေ... အစ်မ ဘလော့မရေးဖြစ်ခင်ကတည်းက ၀င်ဖတ်ဖြစ်တဲ့အထဲမှာ ညီမဘလော့လည်း ပါပါတယ်။ မအိမ့်တို့ ရွာသားလေးတို့ ရွှေပြည်သူတို့ဆိုတာ အစ်မ ၀င်ဖတ်နေကြပေါ့။ နောက်ကျမှ မှတ်တမ်းလာရေးဖြစ်လို့ စိတ်မဆိုးဘူးဟုတ်။ အစ်မအလှူကိစ္စတစ်ခုနဲ့ မြန်မာပြည်ခဏပြန်သွားလို့ပါ။ ပြန်ရောက်တော့လည်း မပြီးပြတ်သေးတဲ့ အလုပ်နဲ့ လူမှုရေးကိစ္စတွေကြောင့် ဒီနေ့မှပဲ ဘလော့လည် ထွက်နိုင်တာ။
    ညီမရေးတဲ့ ၀တ္ထုတိုနဲ့ ကဗျာလေးကို နှစ်သက်သဘောကျမိပါတယ်။ ၀တ္ထုတိုလေးတွေကို အခုရေးတာထက်ပိုပြီး ရှည်ရှည်လေးဖွဲ့စေချင်ပါတယ်။
    ညီမရေးတဲ့စာတွေကတစ်ဆင့် ညီမက စိတ်နှလုံးနူးညံ့ပျော့ပျောင်းပြီး စိတ်စေတနာကောင်းမွန်ပြည့်ဝသူလေးဆိုတာ မဇွန်က အကြွင်းမရှိ ထောက်ခံယုံကြည်နေသူပါ။း)

    စာတွေအမြဲဆက်ရေးနိုင်ပါစေနော်။

    ချစ်ခင်စွာ
    မဇွန်

    ပီ.အက်စ်. ညီမရွှေပြည်သူရေ ညီမအားတဲ့အခါ အစ်မရဲ့ ကုသိုလ်မှတ်တမ်းလေးကို လာဖတ်ကြည့်ပါဦးလို့...။

    ReplyDelete
  48. အသစ်တင်တိုင်း အမြဲလာဖတ်တယ် ဒါပေမဲ့ ခြေရာမချန်ခဲ့ဘူးလို့ ဂျီတော့ခ်မှာ တစ်ခါပဲဆုံခဲ့ဖူးတုန်းက ပြောခဲ့သူပါး) စာတွေပြန်ရေးတဲ့အတွက် ဝမ်းသာမိသလို စာတွေပြန်ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  49. အစ်မဇွန် (ဇွန်မိုးစက်) ◄ အစ်မရေ... ဘလော့ထွက်လည်လည်ချင်း ညီမဘလော့လေးဆီ ရောက်လာလို့ ကျေးဇူးတင်ပါတယ်း)အစ်မပြောသလို ဝတ္ထုတိုလေးတွေကို ဒီထက်ပိုရှည်ရှည်လေး ရေးနိုင်ဖို့ ကြိုးစားပါ့မယ်နော်။ အားရှိစရာစကားတွေနဲ့ အခုလို အမှတ်တရ လာရေးပေးတာကို တန်ဖိုးလည်း ထားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်မရေ။

    Anonymous ◄ ဟုတ်ကဲ့ ရေးသမျှတွေကို အားပေးနေတယ်ဆိုလို့ အရမ်းကျေးဇူးတင်မိပါတယ်။ စာဆက်ရေးဖို့ အားလည်း ဖြစ်မိပါတယ်။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေနော်း)

    ReplyDelete
  50. Guest book မှာ ရေးလို့မရလို့ဆိုပြီး မမမေလေး (မေသန့်ခိုင်) Facebook ကနေပို့လာတဲ့ Message လေးကို အမှတ်ရသိမ်းတာပါ

    guest book မှာ ရေးလို့ မရလို့ ...။
    မမ မေလေး အလည်လာပြီး ဖတ်သွားပါတယ် လို့  အမှတ်တရ ရေးဖြစ်ခဲ့ပါတယ်။

    မင်္ဂလာရှိသော နှစ်သစ်မှာ ချစ်တဲ့ ညီမလေး စာတွေ အများကြီးအများကြီး ရေးနိုင်ပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ နှင့် ပြည့်စုံပါစေ လို့ ဆုတောင်းပေးပါတယ်နော်။

    ချစ်တဲ့ မမမေလေး

    မမမေလေး ◄ စာဆက်ရေးဖို့ အားဖြစ်စေတဲ့စကားတွေနဲ့ အမြဲတမ်း မေတ္တာထားအားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် မမး)

    ReplyDelete
  51. ရွှေပြည်သူရေ
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ညီမရေ။

    ReplyDelete
  52. လာလည်သွားပါတယ် ၊ နောက်တောင်ကျနေပြီ ၊ အလှူဆိုရင် စားစရာ ကုန်လို. အိုးခွက်တွေ ဆေးရမဲ့အချိန်ဖြစ်နေပြီ ၊ စလုံးက ကျဉ်းကျဉ်းလေး ဆိုတော့ မရွှေပြည်သူ နဲ. ကျွန်တော်က အိမ်နီးချင်းတွေတောင် ဖြစ်နေမလားလို. ....

    ကျန်းမာရွှင်လန်းပါစေ ....

    ReplyDelete
  53. ZZZ ◄ လာလည်သွားတာ ကျေးဇူးပါရှင်။ ဒီနေရာက အချိန်မရွေး ပြောချင်တာဝင်ပြောဖို့ ထားတာဆိုတော့ နောက်ကျတယ်ရယ်လို့ မရှိပါဘူးး) စလုံးက ကျဉ်းလွန်းတော့ ဒီမှာရှိတဲ့ မြန်မာတွေအားလုံးနဲ့ အိမ်နီးချင်းလို့တောင် ပြောလို့ရမယ် ထင်ပါရဲ့...

    ReplyDelete
  54. မ.. ညီမလေး လဲပါတယ် နော် .. ဧည့်သည်တော်ထဲမှာ :)

    ReplyDelete
  55. Soe Yu လေး ◄ ပါကိုပါရမှာပေါ့ ညီမလေးရယ်း) အမှတ်တရ လာရေးသွားတာ ကျေးဇူးနော်...

    ReplyDelete
  56. ဟိုး 2008 အစ ထဲက ....ညီမလေးက မရဲ့ ကဗျာလေး တွေကို လာလာ ဖတ် ရင်း မ ကိုစိတ်ထဲက ချစ် ပြီးလေးစားနေတာ .. စာတွေ များကြီးဆက်ရေးနော် :)

    ReplyDelete
  57. Soe Yu လေး ◄ အစ်မကို ချစ်တယ်ဆိုလို့ ကျေးဇူးပါ ညီမလေးရေ။ အဲဒီလို မေတ္တာတွေရဲ့ တွန်းအားကြောင့်ပဲ အစ်မ စာဆက်ရေးနေတား)

    ReplyDelete
  58. မမရေ...ကွန်မန့်တွေအတွက် အရမ်းကျေးဇူးတင်တာပဲအမရယ်။ ကျမ ကအမရဲ့ ပင်တိုင်စာဖတ်သူပါ။ အမစာရေးပုံအေးအေးလေးတွေကို အရမ်းချစ်တာ။ အထူးသဖြင့် ဝတ္ထုတိုလေးတွေကိုပေါ့။
    ညီမဘလော့ရေးတာ ဘယ်သူမှမသိဘူး။ အဲဒါကြောင့် ပုံမှန်မစစ်ဖြစ်လို့ အမကိုအကြောင်းအချိန်မီမပြန်နိုင်တာပါ။
    အမ စာတွေကို စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ရှိတိုင်းရေးနိုင်ပါစေ။

    purple-vine

    ReplyDelete
  59. ညီမလေး purple-vine ◄ အစ်မကလည်း ဒီစာလေးအတွက်ရော အစ်မစာတွေ အမြဲလာဖတ်ပေးနေတဲ့အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်။ Email ပြန်ထားတယ်နော် ညီမလေးး)

    ReplyDelete
  60. လာလာဖတ်ဖြစ်ပေမယ့် ကွန်မန့်သိပ်မပေးဖြစ်ခဲ့တာကြောင့် အကြွေးတင်နေသလို ခံစားရပါတယ်...အခုမှပဲ ၀မ်းသာအားရနဲ့ ဧည့်မှတ်တမ်းမှာ ၀င်ရေးရပါတော့တယ်...ပို့စ်အဟောင်းတွေ ပြန်ဖတ်ရဦးမှာမို့ ဘလော့တစ်ခုလုံးအတွက် ခြုံပြီးမဝေဖန်နိုင်သေးပေမယ့် ဖတ်မိသလောက် တော်တော်များများကိုတော့ ခံစားလို့ရပါတယ်...စာတွေ ဆက်ရေးနိုင်ပါစေ...

    ReplyDelete
  61. ကို Han Kyi ◄ အမှတ်တရရေးပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။ ပေးလာမယ့် ဝေဖန်ချက်တွေကိုလည်း မျှော်လင့်နေပါတယ်။

    ReplyDelete
  62. တကာမရွှေပြည်သူရေ
    ဒီနေ.အမေနေ.မှာအမေမေတ္တာဖွဲ.စာပေလေးတွေဖတ်ရင်းနဲ.မှုးဒါရီဘလော့ကညွှန်းထားတဲ့လင့်လေးတွေကိုအမှတ်မထင်နှိပ်ဖတ်မိနေရာကဒီရွှေပြည်သူဘလော့ထဲရောက်လာမိတယ်၊လင့်ပေးထားတဲ့အတိုင်းနှိပ်လိုက်တော့ဖတ်မိတဲ့နေရာလေးက နှလုံးသွေးဖြင့်စတေးသော တဲ့။မိခင်တစ်ယောက်ရဲ.မေတ္တာဆိုဘာလဲဆိုတာကိုအပြောနဲ.မပြဘဲအပြလေးနဲ.ပြောသွားတာတော်တော်လေးထိရောက်ပါတယ်။ဒီဝတ္ထုတိုလေးဟာအွန်လိုင်းမှာထက်ပုံနှိပ်မဂ္ဂဇင်းတစ်ခုခုမှာဆိုရင်လူတွေပိုဖတ်လို.ရမှာဘဲလို.လည်းဆက်တွေးမိတယ်
    ဦးဇင်းငယ်ငယ်ကတည်းကရသ၀တ္ထုတိုတွေဆိုကြိုက်တယ်၊ရှာဖတ်ဖြစ်တယ်။ဒီဘလော့လေးကအကြောင်းအရာတော်တော်စုံပါတယ်၊သာမန်ဘလော့ဂါတကာမတွေမရေးနိုင်တဲ့ဘာသာရေးကိုတောင်ဒီဘလော့ဂါကရေးထားပေးနိုင်တာချီးကြူးပါတယ်။မြဘုရားအကြောင်း၊နောက်ထူးထူးခြားခြားသာသနာ့အောင်လံတော်အကြောင်းလေးတွေရေးနိုင်တာချီးကြူးမိပါတယ်။(ဦးဇင်းလည်းထိုင်းမှာနေပေမယ့်မြဘုရားအကြောင်းဘာမှမသိပါ)The life of The Buddha ဗီဒီယိုဖိုင်နဲ.လင့်လေးအတွက်လည်းကျေးဇူးတင်ပါတယ်။
    ကာယသုခစိတ္တသုခပြည့်စုံစွာနဲ.စာတွေဆက်ရေးနိုင်ပါစေ။

    ReplyDelete
  63. ဦးဇင်း U Agga ◄ ကောမန့်ချီးမြှင့်သွားလို့ ကျေးဇူးတင် ဦးတင်ပါတယ် ဘုရား။ တပည့်တော်စာတွေ ပုံနှိပ်မဂ္ဂဇင်းမှာဖော်ပြနိုင်ဖို့ တပည့်တော်လည်း ဆုတောင်းလျက်ပါဘုရား။ ဘာသာရေးနဲ့ ပတ်သက်တဲ့စာတွေကို အခုထက် ပိုရေးနိုင်အောင်လည်း ကြိုးစားနေပါတယ်... ရေးလည်း ရေးနိုင်ချင်ပါတယ်ဘုရား။ တပည့်တော်ရဲ့ စာပေတွေမှာ ဝေဖန်ဆုံးမစရာရှိရင်လည်း ဆုံးမပါဘုရား။ အရှင်ဘုရား ပေးတဲ့ဆုနဲ့လည်း ပြည့်စုံရပါစေ...

    ဦးတင်လျက်
    ရွှေပြည်သူ

    ReplyDelete
  64. မရွှေပြည်သူ ရဲ့ စာအရေးအသားများကို နှစ်သက်တယ် အမရေ စာတွေ အများကြီးဆက်ရေးပါအုံးနော်. တစ်ခါတစ်လေမှ ရောက်ဖြစ်ပေမယ့် အမစာတွေကိုအားပေးလျှက်ပါ အမ

    ReplyDelete
  65. flowerpoem ◄ ညီမလေးရေ မှတ်တမ်းမှာ အမှတ်တရလာရေးပေးသွားတာ ကျေးဇူးတင်ပါတယ်။ အားပေးစကားအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  66. ကဲကဲ.. ဟောဒီမှာ တစ်ယောက် လာပါတယ် :D စာရင်းလေးတို့ပေးပါဦး။

    စာရေးသူကို အပြင်မှာလဲ မြင်ဖူးပါ့ဗျာ။ ဒါ့ပုံ ဟုတ်ဘူးနော်။အရှင်လတ်လတ်။ :)

    ReplyDelete
  67. mirror ◄ အမှတ်တရရေးသွားလို့ သေချာလေး စာရင်းတို့လိုက်ပါပြီ ညီမလေး မကြေးမုံရေး) အရှင်လတ်လတ်ကြီး မြင်ဖူးတယ်ဆိုရင် ရွှေပြည်သူ ဝတုတ်ရုပ်ဆိုးဆိုတာ သိတဲ့သူတစ်ယောက် တိုးပြန်ပြီပေါ့။ ဘယ်သူမှ ပြန်မပြောပြနဲ့နော်း))

    ReplyDelete
  68. knock.. knock.. knock..!
    comment လေး တစ်နေရာယူသွားတယ်နော်.. မ, ရေ..
    (comment ရေးရင် ပြီးစလွယ် ၀တ်ကျေတန်းကျေ မရေးချင်တာကြောင့် ) ခြေရာ မချန်ထားခဲ့ဖြစ်ပေမယ့် မကြာခဏရောက်ဖြစ်ပါတယ်..
    story + poem တွေ အားလုံးလိုလိုကို ကြိုက်မိတယ်..

    မှတ်မှတ်ရရ ဖြစ်နေတာလေးတွေ၊
    ရင်ထဲ နင့်ကနဲ့ ခံစားချက်တူ ဖြစ်သွားတာတွေ ကတော့ ..
    ကြယ်ချစ်သူ၊ သူမရဲ့တံခါး၊
    မင်းပေးတဲ့ရာသီ.. နဲ့.. ဇာတ်ရံ ..... ပို့စ်လေးတွေပဲ...
    ကြယ်ချစ်သူကိုတော့ ကြိုက်လွန်းလို့ မတောက်တစ်ခေါက် english နဲ့ ဘာသာပြန်မိသေးတယ်...

    နောက်ထပ် ကဗျာကောင်း၊ story ကောင်းလေးတွေ အများကြီးဖတ်ချင်ပါသေးတယ် မမရေ...
    (အဲ့ထဲကလိုတော့ မခံစားစေချင်ဘူး... ရင်နင့်အောင်ခံစားရတာ မကောင်းဘူး.....)

    Wishing you happiness and success,
    Cheers,
    ngenge

    ReplyDelete
  69. ngenge ◄ ဒီနေရာမှာ comment လေး သေချာ အမှတ်တရ ရေးပေးသွားလို့ အရမ်းကျေးဇူးတင်မိပါတယ် ညီမလေးရေ... နောက်ထပ် စာတွေ အများကြီး ဆက်ရေးနိုင်အောင် ကြိုးစားပါ့မယ်နော်... ညီမလေးကိုလည်း ပြောသွားတဲ့ ကဗျာတွေ ဝတ္ထတိုလေးတွေထဲကလို မခံစားစေချင်ဘူး... ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်...

    Wishing you peace, happiness and success too, sis! :o)

    ReplyDelete
  70. လာရောက်အားပေးသွားပါတယ်။ ဆက်လက်ရေးသားဖော်ပြနိုင်ပါစေ။

    ReplyDelete
  71. thank you thamie for sharing my interview and for all the comments. I could feel the essence of "Freedom of Expression" here and the community contribution. There is no boundary of in & out, top & bottom, no need of guideline & uniform, to love our native land. Congratulations to you all. You all are my hope and keep going on. Best wishes with warm regards, grace

    ReplyDelete
  72. ဆန်နီနေမင်း ◄ အားပေးသွားတာ ကျေးဇူးတင်ပါတယ်နော်း)

    ReplyDelete
  73. Aunty Grace (Daw Swe Zin Htaik) ◄ It's such an honor to have your visit here at my blog, Aunty. When I first saw your comment, I couldn't believe my eyes and was ecstatic. And, now I get more strength to keep on writing on blog. Thank you very much indeed for leaving such kind words and also for always being an inspiration for me. I thank you from the bottom of my heart.

    ReplyDelete
  74. အစ်မ နောက်ဆို ကျွန်တော့်ဆီ လာလည်ရမယ်နော်

    blogspot ဆီကို ပြောတာပါ

    ReplyDelete
  75. အရှင်ဥတ္တမ
    ရွှေပြည်သူရေ လာရောက် ဖတ်ရှုသွားပါတယ် ။ ဧည့်သည်မှတ်တမ်းလေး ထားတာသိပ်ကောင်း ။ စာတွေဆက်လက်ပြီးရေးနိုင်ပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။

    ReplyDelete
  76. မောင်လေး ဘုန်းမြင့်ငြိမ်း ◄ Blog ကို လာလည်ပါ့မယ် မောင်လေးရေ

    မြင့်မြတ်ရာ ◄ ကြွရောက်ပြီး ဧည့်မှတ်တမ်းမှာ ရေးပေးသွားတာ ကျေးဇူးတင် ဦးတင်ပါတယ် ဘုရား။ ပေးတဲ့ဆုနဲ့လည်း ပြည့်ရပါစေ ဘုရား...

    ReplyDelete
  77. ညီမလေးရေ..သတိရလို့ လာအော်ပါတယ်..။ ထောင့်ပေါင်းစုံကနေ annoy လုပ်နေပြီး)))

    ညီမလေးပျော်ရွှင်ချမ်းမြေ့ပါစေ..။

    ReplyDelete
  78. အခုမှဒီဆိုဒ်ကိုရောက်ဖြစ်တာပါ...စာရေးသားလေးတွေခံစားလို့ရတယ်ခင်ဗျ
    ကျနော်က ကဗျာလေးတွေကြိုက်တက်လိုအမြဲဖတ်မယ်လို့ဆုံးဖြတ်ထားပါတယ်
    ကျေးဇူးပါ...

    ReplyDelete
  79. ကိုဖြိုး ◄ ဟုတ်ကဲ့ လာလည်စာဖတ်တာ ကျေးဇူးတင်ပါတယ်ရှင်း)

    ReplyDelete
  80. မြန်မာနိုင်ငံ ညီမငယ်လေး မိုးမခ ပို့ပေးလို့ ရွှေပြည်သူ ရဲ့ နေရာလေးကို အလည်ရောက်လာခဲ့ပါတယ်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)