မင်းပေးတဲ့ရာသီ
ရာသီမရှိတဲ့ဒီမြို့မှာ
ရာသီတွေသိအောင်
မင်းပဲ ကြိုးညှိပေးခဲ့တာ…
မင်းရှိတဲ့ဆောင်းက နွေးလွန်လွန်းလို့ နောက်တရာသီ မပြောင်းပါစေနဲ့လို့တောင် ဆုတောင်းခဲ့ဖူးတယ်…
မင်းရှိတဲ့မိုးကလည်း မရိုးနိုင်တဲ့ တိမ်ရိပ်တွေအောက်၊ မစိုစေတဲ့ မိုးစက်တွေနဲ့ ခပ်တိတ်တိတ် စွေခဲ့ဖူးရဲ့…
မင်းရှိခဲ့တဲ့နွေကလည်း လေပြေညှင်းလေး ခပ်ဖွဖွနဲ့ အေးမြသာယာခဲ့လိုက်တာကွယ်…
မင်းပေးတဲ့ရာသီလွန်ချိန်မှ…
ဆောင်းဆိုတာ မပြောင်းမလဲ အေးခဲတတ်မှန်း
မိုးဆိုတာ ထစ်ခြုန်းလျှပ်ရောင်နဲ့ ခပ်မှောင်မှောင် ရွာတတ်မှန်း
နွေဆိုတာ ဥသြကလွဲလို့ ပူလောင်ဆင်းရဲခြင်းတွေသာ ရှိတတ်မှန်း
ကိုယ် တပင်တပန်း နားလည်ခဲ့ရပြီ…
ထာဝရမပေးနိုင်တဲ့ ရာသီတွေကို
(ဘာလို့များ) ခဏယာယီ လာပေးခဲ့ရတာလည်းကွယ်…
အခုတော့
ရာသီမရှိတဲ့ဒီမြို့မှာ
ကိုယ်…
ရာသီတွေ အပြိုင်းအရိုင်းနဲ့
ခပ်ထိုင်းထိုင်း တုန်ခိုက်ရင်း
မိုးတဖြိုက်ဖြိုက်အောက် လမ်းတွေလျှောက်လို့…
ဥသြသံတွေလည်းကြား... နားတွေလည်းခါးလို့…
ရွှေပြည်သူ
(11:45 PM ~ 18-Mar-2011)


အတိဿရ၀ုတ္တိ အလင်္ကာမြောက်
ReplyDeleteခံစားမှုတွေကို လာဖတ်သွားပါတယ်...။
ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါစေ
ကိုkyaw ◄ ကဗျာကို ဖတ်ရှုခံစားပေးသွားတာ ကျေးဇူးတင်ပါတယ်ရှင်။
ReplyDeleteဒီလို အသံသာသာ ကဗျာတွေကို ဖတ်ရရင် လွမ်းတယ်။
ReplyDelete( တစ်ခုခုကိုပေါ့. . . )
Frankly, not fully understood, but even so it's a beautiful ambiguity. Beauty of composition and deeper meaning of it appreciated.
ReplyDeleteအစ်ကို ကိုဇော် ◄ လွမ်းသွားပြီလား အစ်ကိုး)
ReplyDeleteAnonymous ◄ Thank you for stopping by and read my poem :o)
အင်းနော်
ReplyDeleteသူမရှိတဲ့မြို့ သူမရှိတဲ့ ရာသီက ဘယ်လိုလုပ် နေလို့ ပျော်တော့မှာလဲ
ဥသြသံလည်း ခါးပြီပေါ့နော်
ချော ◄ ချောရေ... ကဗျာလေးကို ခံစားပေးသွားတာ ကျေးဇူးပါး)
ReplyDeleteချစ်စရာကောင်းတဲ့ ကဗျာလေးဖတ်သွားပါတယ်၊
ReplyDeleteထာဝရာမပေးနိုင်တဲ့ ရာသီတွေ……
ခံစားမိတယ်။
ကို sosegado ◄ ကို sosegado ရေ ကဗျာလေးကို ဖတ်ပြီး ခံစားပေးသွားတာ အရမ်းကျေးဇူးတင်ပါတယ်း)
ReplyDeleteအချစ်ဆိုတာ ရာသီဥတုလို စိတ်ပေါ် ဘဝပေါ် လွှမ်းခြုံလွန်းတဲ့အခါတွေ ရှိတယ် ။
ReplyDeleteအစ်ကို လင်းဒီပ ◄ ဟုတ်တယ်နော်။ တခါတခါ လိုတာထက် ပိုပြီး လွှမ်းခြုံလာရင်လဲ မဆဲတော့တဲ့မိုးတို့၊ အအေးလွန်တဲ့ဆောင်းတို့လို ငြိုငြင်ချင်မိတယ်။
ReplyDeleteကဗျာဆရာကြီးလို့ မပြောရဘူး။ မှတ်ချက်လေးက လှမှလှပါပဲး)
ကဗျာလေးကို ကြိုက်တယ်။း)
ReplyDeleteအဲဒီကဗျာတော်တော်ကြိုက်တယ်ဗျာ
ReplyDeleteကျွန်တော်ယူ့ကိုတော်တော်လေးစားတယ်။
တကယ်ပြောတာပါ။
အစ်မဇွန် (ဇွန်မိုးစက်) ◄ ကျေးဇူးပါအစ်မး)
ReplyDeleteThet ◄ ကဗျာလေးကို ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးပါနော်း)