Wednesday, January 19, 2011

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁

အားလုံးပဲ မင်္ဂလာပါရှင်။ အမေနေ့ (ပြာသိုလပြည့်နေ့)အတွက် မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ကိုရင်ညိန်းတို့ နှစ်စဉ်စီစဉ်ပုံဖော်မြဲဖြစ်တဲ့ “ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ မိခင်မေတ္တာဘွဲ့ ကဗျာစု” Ebook ၂၀၁၁ ခုနှစ်အတွက်လည်း ထွက်လာပါပြီ။ ဒီနှစ်မှာလည်း “မိခင်” ဆိုတဲ့ ကဗျာလေး ပါဝင်ရေးသားခွင့်ရလို့ တကယ်ကို ဝမ်းသာမိပါတယ်။ ဒီ ကဗျာစုမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ စီစဉ်သူ ကိုရင်ညိန်း နဲ့ ကျွန်မကဗျာလေးအတွက် သရုပ်ဖော်ပုံ ရေးဆွဲပေးခဲ့တဲ့ အစ်မပန်ဒိုရာ တို့ကိုလည်း လေးစားစွာ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောချင်ပါတယ်။

ပါဝင်ရေးသားသူ များကတော့ ကိုကောင်းကင်ကို၊ ကိုကျော်ညိုသွေး၊ ကိုခန့်နေ၊ ကိုငြိမ်းစိုးဦး၊ ကိုဆောင်းယွန်းလ၊ ကိုညိမ်းညို၊ ကိုတောကျောင်းဆရာ၊ ကိုတင့်ထူးရွှေ၊ ကိုထွန်းတောက်နေ၊ ကိုဏီလင်းညို၊ အစ်မပန်ဒိုရာ၊ ကိုဗသားချော၊ ကိုဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ ကိုမိုးမြင့်တိမ်၊ ကိုမိုးလှိုင်ည၊ ကိုမင်းယွန်း၊ ကိုမင်းသုခ၊ ကိုမောင်ခင်လေး၊ ကိုမောင်ဖုန်းမြင့်၊ ညီမလေး ရွှန်းမီ၊ ကိုသင်ကာ၊ ကိုဟန်သစ်ငြိမ်၊ ကိုဟယ်ရီလွင်၊ မအမရာ၊ ကိုဧဏီမင်း၊ ကိုအိုင်လွယ်ပန်၊ အစ်မအိန္ဒြာ နဲ့ ကျွန်မ ရွှေပြည်သူ တို့ဖြစ်ပါတယ်။

ဘလော့ဂါ နဲ့ ကဗျာဆရာ/ဆရာမ ညီအစ်ကို မောင်နှမတွေရဲ့ ကဗျာလက်ရာတွေ၊ ကိုဟန်သစ်ငြိမ်၊ ကို Lu Thar၊ အစ်မပန်ဒိုရာ၊ ကိုသက်ဆွေလင်းတို့ရဲ့ သပ်ရပ်ခန့်ညားတဲ့ ဒီဇိုင်းအပြင်အဆင် ပန်းချီလက်ရာတွေနဲ့ ပုံဖော်ထားတဲ့ “မိခင်မေတ္တာဖွဲ့” များကို ခံစားလိုသူတွေအတွက် မဖတ်ရသေးရင် အောက်မှာ ဖတ်ရှုနိုင်ပါတယ်နော်။



Download လုပ်ပြီး သိမ်းချင်ရင် ~

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၀၉

4 comments:

  1. သရုပ်ဖော်ပုံတွေလည်း ကောင်းသလို ကဗျာတွေလည်း လှတယ်။

    ReplyDelete
  2. All volumes downloaded. I highly appreciate yours. Thanks for sharing, Miss!

    ReplyDelete
  3. မျှဝေတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ..
    ဘလော့ဂါ နှင့် ကဗျာဆရာ၊ဆရာမ များ ကလောင်စွမ်းထက်သလို ပုံဖော်ရေးဆွဲ သူများကလည်း အင်မတန်လေးစားစရာပါ..စီစဉ်သူ ကိုရင်ညိန်း ကိုလည်းကျေးဇူးတင်ပါရစေရှင်...

    လေးစားစွာဖြင့်..

    ReplyDelete
  4. Very nice poems...
    remembrance for mothers...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)