၂ နှစ်ပြည့် ကျေးဇူးတင်လွှာ
အချိန်ကတော့ ထုံးစံအတိုင်း ခဏလေးလိုပါပဲ။ ဒါပေမယ့် လျှောက်နေတဲ့ လမ်းခုလတ်ကနေ နောက်ပြန် လှည့်ကြည့်မိပြန်တော့ ခရီးက ရှည်လျားသလို ဖြစ်နေပြန်ရော။ သေချာပြန်ငေးကြည့်မိမှ အဲဒီလမ်းရှည်ရှည်လေးကို တိုးလို့တောင် သံယောဇဉ် တွယ်မိပြန်ပါတယ်...
အဲဒီ လမ်းရှည်လေးရဲ့ လမ်းခုလတ်တနေရာ... (သို့မဟုတ်) “ဒီနေ့”မှာ ကျွန်မဘလော့လေး (၂)နှစ် ပြည့်ခဲ့ပြန်ပါပြီ...
ရုန်းရကန်ရ ဘဝအမောတွေကြားမှာ ဘယ်လောက်ပဲ အချိန်ရှားပါးပေမယ့် ဒီ (၂)နှစ်အတွင်း ဘလော့ဟာ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်မနဲ့အတူ တချိန်လုံးရှိနေခဲ့တာကို ပြန်တွေးကြည့်ရင်း အံ့သြဝမ်းသာမိပါတယ်။ စာရေးချင်တဲ့ ကျွန်မကို စာတွေမပြတ် ရေးခွင့်ပေးနေတဲ့ ဒီဘလော့လေးဟာ ကျွန်မအတွက် တကယ်ဖြစ်လာတဲ့ အိပ်မက်မို့ သိပ်တန်ဖိုးထားပါတယ်။ နောက်ထပ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလုပ်နေသလို ရင်ထဲမှာလည်း လေးလေးနက်နက် ထားပါတယ်။ ဒီ (၂)နှစ်ပြည့်ပို့စ်လေးမှာ ကျွန်မဘလော့စရေးချိန်ကတည်းက ဒီနေ့အထိ စာလာဖတ်ပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေအားလုံး (ဘလော့ရေးသူရော၊ ဘလော့မရေးသူရော၊ cbox မှာ msg လေးတွေ ချန်ခဲ့ကြသူတွေရော၊ ဘာမှမပြောဘဲ တိတ်တိတ်လေး စာလာဖတ်ပေးတဲ့သူတွေကိုပါ) ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့အကြောင်း ထပ်ပြောပါရစေရှင်။ နောက် ကျွန်မစာတွေရေးတဲ့ အခါမှာလည်း လာဖတ်ပေးသူတွေအတွက် အချိန်အလဟဿ မဖြစ်ဘဲ တစ်ခုခုလေး (သေးသေးမွှားမွှား သုတလေးဖြစ်ဖြစ်၊ ရသလေးဖြစ်ဖြစ်၊ အနည်းဆုံး ပြုံးမိတာလေးဖြစ်ဖြစ်) ရသွားစေချင်တဲ့ စိတ်လေးနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ရေးခဲ့ပါတယ်။ အဲလိုရေးခဲ့တာတွေမှာလည်း ကျွန်မရဲ့ အရေးအသား အားနည်းမှုကြောင့် တစ်စုံတစ်ခု သဘောမတွေ့စရာ အမှားအယွင်းတွေ ရှိခဲ့ရင်လည်း စေတနာအမှားအဖြစ် နားလည်ပေးကြဖို့ ပြောချင်ပါတယ်ရှင်။
ဒီ (၂) နှစ်သက်တမ်းအတွင်း စာလာဖတ်ပေးသူ မောင်နှမတွေဆီက ကျွန်မ မထင်မှတ်ဘဲ ရခဲ့တာကတော့ “မေတ္တာ”ပါ။ ဘလော့ရေးတဲ့ သက်တမ်းအတွင်းမှာ ပျော်စရာတွေကြုံရသလို (အမှန်အတိုင်းဝန်ခံရရင်) စိတ်ပျက်အားလျော့မိတဲ့ ကာလတွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီလို အချိန်မျိုးတွေမှာ စာဖတ်ပေးသူ မောင်နှမတွေရဲ့ အားပေးမှုတွေ မေတ္တာစကားတွေကြောင့် ကျွန်မဒီနေ့အထိ စာဆက်ရေးဖြစ်ခဲ့တာပါ။ ဒီဘလော့လေးဟာ စမွေးဖွားတုန်းက ကျွန်မအိပ်မက်တွေသက်သက်နဲ့ စခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီအိပ်မက်အပြင် စာလာဖတ်ပေးသူ မောင်နှမတွေပေးတဲ့ အားရယ်၊ မေတ္တာရယ်နဲ့ပါ မောင်းနှင်နေတဲ့ ဘလော့တစ်ခု ဖြစ်နေခဲ့ပါပြီ။ အဲဒီအတွက် စာဖတ်ပေးသူ မောင်နှမတွေကို ထာဝရကျေးဇူးတင်နေမှာ ဖြစ်သလို ကျွန်မရေးနေနိုင်သေးသရွေ့ စာတွေကို အစွမ်းရှိသလောက် ဆက်ကြိုးစားရေးပါဦးမယ်လို့ ပြောချင်ပါတယ်ရှင်...
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်...
ကျေးဇူးတင်လေးစားလျက်
ရွှေပြည်သူ
P.S ~ Blog လေးရေ... Happy Birthday to You! and... Happy Birthday to my Soul... :o)
မှတ်ချက်။ ။ ဓာတ်ပုံကို iPod Touch Fans Website ကနေ ကူးယူအသုံးပြုပါတယ်ရှင်။ ခရီးသွားခါနီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ပို့စ်ကို ဒီထက်ရှည်အောင် ရေးချင်ပေမယ့် ဒီလောက်လေးနဲ့ပဲ အချိန်မီအောင် တင်လိုက်ရပါတယ်...


50 comments:
အစ်မရေ...
၂ နှစ်ပြည့်မှသည် ရက်ပေါင်းများစွာ ဆက်လက်ပြီး ရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ရွှေပြည်သူ ဆိုတဲ့ နာမည်နဲ့ပဲ အခြား နာမည်တွေထက် ထူးခြားသလို ခံစားရလို့ အမြဲလိုလို ဖတ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဘာသာပြန်နဲ့ ကဗျာအရေးအသားတွေကို နှစ်သက်မိတယ်။
တခါတလေမှာ ဘာသာရေးပိုစ့်တွေ အတွက် ဓမ္မဒါနဖြန့်ဝေဖို့ အရင်ဆုံး သတိရမိတာလည်း ဒီဘလော့လေးပါပဲ။
ရှေ့ဆက်တတ်လှမ်းနိုင်ပါစေ အစ်မ။ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ပေါ့။
Carry on, Sis !!
၂-နှစ်သမီးရွှေပြည်သူရော၊ ၂ဂ-နှစ်သမီးရွှေပြည်သူရော လောက,က “ဒါမှငါ့သမီး” လို့ ဝင့် ကြွားဂုဏ်ယူ နိုင်လောက်တဲ့ သမီးကောင်းသမီးမြတ်များအဖြစ်နဲ့ ရှေ့ခရီးလမ်းကို ဖြောင့်ဖြူးသာယာစွာဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မရွှေပြည်သူ
နှစ်နှစ် ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်သော ဘလော့အိမ်လေးကို ဆက်လက် တည်ဆောက် အလှဆင်နိုင်ပါစေ။
သိမ်မွေ့ နူးညံ့လှတဲ့ မေတ္တာတရားတွေ လွှမ်းနေတဲ့ မရွှေပြည်သူရဲ့  ဘလောဂ်လေး နောင် နှစ်ပေါင်းများစွာ ထိ သက်ဝင်လှုပ်ရှားပြီး စာဖတ်သူတွေ ကို အသိတရား နဲ့  ဗဟုသုတ စုံကို ဆက်လက် ပေးဝေမျှနိုင်ပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ် .
ခင်မင်စွာဖြင့်
ကိကီ ။
အစ်မရွှေပြည်ရေ နှစ်နှစ်သက်တမ်းနဲ့  တူညီတဲ့ ရင့်ကျက်တည်ကြည်မှုတွေနဲ့ အစ်မရဲ့ ဘလော့ လေးကို ရောက်လာတိုင်း ဖတ်ရကျိုးအမြဲနပ် ရလေအောင် အနှစ်အရသာတွေနဲ့ ပြည့်နေတဲ့ စာလေးတွေကို ရေးသားပေးတဲ့အတွက်လည်း အစ်မကို စာဖတ်သူ တစ်ယောက် အနေနဲ့ ကျေးဇူးတင်ပါတယ် တစ်ဦးက စေတနာ တစ်ဦး က မေတ္တာဆိုသလို မေတ္တာဆိုတာ အသွားအပြန် ရှိပါတယ်အစ်မရေ ကိုယ်တိုင်စေတနာထား တော့လည်း မေတ္တာရောင် ပြန်လေးတွေနဲ့ အေးအေးမြမြ ရှိနေ တာကိုတွေ့ ရတာ အင်မတန် ကျေနပ် ဝမ်းသာဖြစ်မိပါတယ် အစ်မရဲ့ ဘလော့လေး နှစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ဘလော့လောက ရဲ့  ထင်ရှားတဲ့ မှတ်တိုင် တစ်ခုအဖြစ်တည်ပါစေ အစ်မရွှေပြည်ရေ
ခင်မင်လေးစားလျှက်
မောင်ငယ် ရန်ကုန်သား :)
ညီမလေး ရွှေပြည်သူ
Happy blog birthday ပါ။ ဘလော့ဂ် နှစ်နှစ်မွေးနေ့ကနေ မိမိကိုယ်တိုင်နှင့် စာဖတ်သူတွေအတွက် အကျိုးရှိသော စာကောင်းလေးတွေကို ဆက်ရေးနိုင်ပါစေ။
ညီမရွှေပြည်သူရဲ့ကိုယ်ပွားလေး ၊ ရွှေပြည်သူရဲ့ soul, ရွှေပြည်သူဘလော့ဂ်ထဲက စာများကို ဆက်လက်ဖတ်ရူနေပါအုံးမယ်။
၂နှစ်တောင်ရှိပီနော်။ အားပေးပါတယ်။
စာကောင်းပေမွန်တွေ များများရေးနိုင်ပါစေ..။
မိုးမင်းကြီး
၂နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်
နောက်ထပ်...နှစ်တွေအများကြီး...ဆက်ရေးသွားနိုင်ပါစေ မရွှေပြည်သူ...
မရွှေပြည်သူ
နှစ်နှစ်ပြည့် ဘလော့နှစ်ပတ်လည်မှသည် နောက်နှစ်ပေါင်းများစွာ ယခုကဲ့သို့ ပင် စာကောင်းပေကောင်းများနှင့် ပျော်မွေ့ နိုင်ပါစေ။
ခင်မင်လျက်
တလနွန်
ပို့စ်ရှည်ရှည်မရေးနိုင်တာ နှောက်ယှက်တဲ့သူ ရှိလို့လည်းဖြစ်နိုင်တာပဲ။ :)
မရွှေပြည်သူရဲ့ ဘလောဂ့် (၂) နှစ်ပြည့်လေးမှသည် နှစ်ပေါင်းများစွာတိုင်အောင် မောင်နှမတွေနဲ့ စာဖတ်သူများအတွက် အခုလို အကျိုးပြုစာပေတွေနဲ့ ရဿ၊ သုတ စုံလင်တဲ့ စာပေးအလင်း ဆက်လက်ပေးစွမ်း နိုင်ပါစေလို့ ဆုမွန်ကောင်း ချွေလိုက်ပါတယ်ရှင်။
ခင်မင်လေးစားလျှက်
အမရေ အမဘလော့လေး နှစ်နှစ်ပြည့်မှသည် နောင်ရာစုတွေထိ တိုင်အောင် အမှတ်တရ မော်ကွန်း တစ်ခု အဖြစ် ကျန်ရစ်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ . . . မမရွှေပြည်သူ သို့ . . . .
ခင်မင်မှု အမှတ်တရ . . . .
ဗညားရှိန်. . . . .
(၂) နှစ်သမီးလေးရေ....။
ဒိထက်အများကြီးစာတွေရေးနိုင်ပါစေ....။
ဖြစ်ချင်တာတွေနဲ့ လုပ်နိုင်တာတွေ တထပ်တည်းကျပါစေလို့......။
ဒီဘလော့လေးက နှစ်နှစ်တောင် ပြည့်ပြီပေါ့။
နောင် နှစ်ပေါင်းများစွာတိုင် ပို ပို ကောင်းတဲ့ စာတွေ အများကြီး ရေးနိုင်ပါစေ ညီမလေး ရွှေပြည်သူရေ....
ညီမလေး ရွှေပြည်သူ
Happy blog birthday ပါ...
စိတ်ချမ်းသာစွာနဲ့ ဆက်လက် Blogging နိုင်ပါစေ...
Congradulation!!!!!!
Carry on my sis!!!!
Always Obey Mind
Moe Myint Tane
အမရေ ပျှော်ရွှင်စရာကောင်းသောနေ့လေးဖြစ်ပါစေ။ ဒီနေ့မှ စပြီးနောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းကျန်းမာမာနဲ့ စာတွေအများကြီးရေနိုင်ပါစေနော်အမ
၂ နှစ်ပြည့် အတွက် ဂုဏ်ယူပါတယ်။ စာပေတန်ခိုးနဲ့
အများအကျိုးကို ဆောင်ရွက်နိုင်ပါစေ။
အားလုံးအဆင်ပြေပါစေအမ။
မောင်လေး သုခ Gtalk ကနေ ထပ်ပေးတဲ့ မှတ်သားစရာ ကောမန့်လေးကို အမှတ်တရ သိမ်းယုံသက်သက်ပါ...
“အပ်ပေါက်သွားရာ အပ်ချည်ပါသလို အချိန်ကာလတွေ ဖြစ်ကျော်ပေါက်ထွက်လာတာနဲ့အမျှ ကိုယ်လုပ်ခဲ့တာတွေဟာ အရာထင်လာတာပါပဲ။ ဘ၀အတွက် အရေးပါပြီး လောကအတွက် အရာရောက်ဖို့ ပိုပြီးလိုအပ်တာပေါ့နော်အမ။ အရာဆိုတော့လည်း ဒဏ်ရာမဖြစ်ပဲ ကောင်းတဲ့အရာတွေပဲ အများကြီး ဖြစ်ပါစေအမ။”
သုခရိပ်
Happy Birthday ဘလော့လေးရေ... ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ပိုင်ဆိုင်ပါစေ...
..ဘလော့ဖန်တီးရှင် သဲလည်း အားမာန်အပြည့် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုအပြည့် နဲ့  ပို့ စ်များစွာ ရေးနိုင်ပါစေ ... ဘာတွေ ဘယ်လို ကြုံကြုံ ဘလော့လေးကို ခွဲခွာသွားဖို့  မဆုံးဖြတ်ပါနဲ့ နော်......... အားပေးနေပါတယ်... သဲရေ....
၂ နှစ်ပြည့်သွားပြီလား။ ဒီဘလော့လေးဆီ လာဖတ်တိုင်း တစ်ခုခုရခဲ့တာချည်းပါပဲ။ စာရေးကောင်းတဲ့ ရွှေပြည်သူရဲ့ မေတ္တာဖြင့်ရေးသော ဒီဘလော့လေးကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ဖတ်ချင်နေသေးတယ်။ အမြဲအားပေးနေမယ်နော်..
စာရေးဝါသနာပါလို့ ရေးထားတဲ့ ဘလော့ဂ်လေး ၂နှစ်ပြည့်ပြီလား။ စိတ်ရှိသလောက် စာတွေအများကြီး ပျော်ပျော်ရွှင်ရွှင် ဆက်ရေးနိုင်ပါစေ။
အစ်မရေ.....
ရောက်လာပါတယ်။အစ်မ ဘလော့ဒ်၂နှစ်ပြည့်ကို လာတက်ရောက်ပါတယ်။အစ်မ ဒီထက်ပိုပြီး စာရေးနိုင်ပါစေ(ခဏခဏ တဂ်ချင်လို့ စကားရှာတာ အဟဲ)
ပျော်ရွှင်ပါစေ။အစစအရာရာ အောင်မြင်ပါစေ။
အမရေ ဒိုင်ယာရီ စာအုပ်လေးတောင်း နှနှစ် ရှိသွားပြီနော်။
တကယ်လို့ စာအုပ်မှာသာ ချရေးထားမယ်ဆိုရင်
ဘယ်သူမှလဲ ကြည့်လို့ မရ၊ ဖတ်လို့မရနဲ့ ခုတော့
အားလုံးကို မျှဝေပေးခဲ့တာ ၂နှစ်ပြည့်သွားပြီနော်။
ဆက်လျှက်ပြီလည်း မျှဝေနိုင်ပါစေအမရေ။
ခင်တဲ့ ရီနို
အမရေ ၂ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာတွေလည်းဆက်လက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ် အမ။ အဆင်ပြေပျော်ရွှင်ပါစေနော်။
မမရွှေပြည်သူရေ....
နှင်းဟေမာ ဆိုတဲ့ သာမန် စာဖတ်သူ ကောင်မလေးတစ်ယောက်ကို ဘလော့ဂါလေးတစ်ယောက် ဖြစ်လာဖို့ အမြဲကမ်းလင့်ကြိုဆိုနေတဲ့ နေတဲ့ နေရာလေးတစ်ခုဖြစ်ခဲ့လို့ ရင်ထဲမှာ အမြဲတမ်း မှတ်မှတ်ရရ ရှိနေမိတယ် ။
ရွှေပြည်သူဆိုတဲ့ နုညံ့သိမ်မွေ့တဲ့ စာပေတွေ ဗဟုသုတ ရသ စာပေလေးတွေ ဘာသာပြန် ရေးသားမှုလေးတွေ စသည်ဖြင့် ကဏ္ဍစုံစုံကို ရေးသားတဲ့ မမရဲ့ အိမ်လေးတောင် ၂ နှစ်ပြည့်ခဲ့ပြီနော်.....
ပရိတ်သတ်တစ်ဦးအနေနဲ့ ၁နှစ်ကျော်ဖြတ်သန်းလာခဲ့ပြီး
ဝါသနာတူ ဘလော့ညီအစ်မတွေအနေနဲ့လည်း မထင်မှတ်ပဲ နွေးထွေးစွာ ရင်းနှီးခင်မင်ခွင့် ရခဲ့ကြတယ် .....။ နောင်နှစ်ပေါင်း ရွှေရတု ငွေရတု နှစ်များစွာတိုင်သည်ထိ ခိုင်မြဲတဲ့ စိတ်ဓါတ်တွေနဲ့ ရွှေပြည်သူ ဆိုတဲ့ စာပေ မဏ္ဍိုင်လေးကို ဒီ့ထက်မကအောင်အောင်မြင်မြင် ဆင်လက်ပြီး လွှင့်တင်သွားနိုင်ပါစေလို့ ရင်ထဲက ဆန္ဒမှန်နဲ့ လှိုက်လှဲစွာ တောင်းဆုပြုလိုက်ပါတယ် .....။
ခင်မင်လေးစားစွာဖြင့်
ညီမလေး နှင်း
ဒီထက်မက စိတ်ရှိတိုင်း ရေးနိုင်တဲ့ "ရွှေပြည်သူ" ဖြစ်ပါစေ အစ်မရေ :)
မမရွှေပြည်သူ...
ဘလော့ဟတ်ပီးဘတ်ဒေးပါ...
၂နှစ်ပြည့်မှ သည်ရွှေရတုဆီသို့
အောင်မြင်မှုတွေနဲ့အတူ ခရီးဆက်နိုင်ပါစေ။
ဆက်လက်ဖတ်ရှု အားပေးနေပါဦးမယ်နော်
ဘလော့လောကမှာ ထာဝရ ရှင်သန် အောင်မြင်စွာ ရပ်တည်နိုင်ပါစေလို့.......
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လေးတစ်
နေ့ဖြစ်ပါတယ်။
အစ်မ (၂)နှစ်ပြည့်မှနောင်နှစ်ပေါင်းများစွာအထိ
စာပေများကိုဆက်လက်ရေးသားနိုင်ပါစေ။ကျွန်
တော်ဘလော့လောကကိုစတင်ဝင်ရောက်လာကတည်းကအစ်မရွေပြည်သူဘလော့ကိုအမြဲ
တမ်းဖတ်ရှု့အားပေးခဲ့ပါတယ်။နောင်လည်းအမြဲတမ်းဖတ်ရှု့နေမှာပါ။အစ်မလည်းဒီထက်မကရေးသားပြီးဘ၀ကိုပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ။
ဟမ်... မေတ္တာပဲ ရတာလား... ဟိုနေ့က ကွမ်းသီး ပေးလိုက်သေးတယ်လေ... ဘယ်သွားထားခဲ့သလဲ... လမ်းမှာ ကျပျောက်သွားလို့လား...
ဆက်ဖက်နေချင်သေးတာ...နောက်ထပ် နှစ် 20 ၊တိုင်အောင်... 200 လို့တော့ မရေးတော့ပါဘူးနော်.. ပိုတယ်ဖြစ်သွားမှာစိုးလို့...း)
မင်္ဂလာမွေးနေ့ပါ
သူက မွေးဖွားလာရပြီဆိုတော့
သူတကယ် သေရဦးမှာပေါ့
သူမိုက်ကနဲ့ မဖြစ်ခင်လေး
သူ့ လက်အစုံ
သူ့ နှလုံးခုန်သံ
သူ့ အတွေ့အကြုံတွေနဲ့
လူတိုင်းရင်ထဲမှာ သူ့လက်နဲ့ အလင်းအိမ်လေးတွေ
ဖန်းတီးပေးစွမ်းနိုင်ပါစေ ခင်ဗျာ ...
နောင်နှစ်များစွာတိုင်..စာဖတ်သူတွေအတွက် တစ်ခုခု ကျန်ရစ်ခဲ့စေမယ့် သုတ၊ ရသတွေ ကျန်းမာချမ်းသာစွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေဗျား
နှစ်နှစ်မှ... နှစ်ပေါင်းများစွာ...
ရင်ခုန်သံတွေ မွှေးဖွားရှင်သန်နေနိုင်ပါစေ ညီမလေးရေ...
ခင်မင်လေးစားလျှက်..
မမအိမ့်
ညီမ ရေ "ရွှေပြည်သူ" ဘလော့ဂ် လေး ၂ နှစ်ပြည့် မွေးနေ့ မှာ ပျော်ရွှင်နိုင်ပါစေလို့  ဆုမွန်ကောင်းချွေခဲ့ပါတယ်။ ၂ နှစ်ပြည့်မှ သည် နှောင်
နှစ်ပေါင်းများစွာ စေတနာ မေတ္တာတွေ ထည့်ထားတဲ့
စာကောင်းပေမွန် များကိုဆက်လက်ရေးသားနိုင်ပါစေလို့ 
မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။
၂နှစ်သက်တမ်း
တစ်လှမ်းချင်းနဲ.
အောင်ပန်းဆင့်ယူ
ရွှေပြည်သူရေ၊
စာကောင်းတွေနဲ.
မိတ်ကောင်းဆွေဖွဲ.
သိခွင့်ရခဲ့တာလည်း
(ကျွန်မ)ဂုဏ်ယူပါတယ်။
ဘ၀၊ဘလောက်
ရှေ.ဆက်တောက်ပ
ပျော်ရွှင်ရစေ
တောင်းဆုချွေတယ်၊
ရာဆယ်နှစ်တွေတိုင်ပါစေ။
၂နှစ်ပြည့်မှာေ၇ာက်လာခဲ့ပေမယ့် ကော့မမန့်နိုင်ခဲ့ဘူး ညီမလေးေ၇.. နောက်ကျဆုတောင်းလေးကို လက်ခံ၇င်း ခွှင့်လွှတ်ပေးပါဦးနော်...
နှလုံးသွေးတစ်ချက်ခုန်တိုင်း ကလောင်စွမ်းထက်ပြီး..
ကလောင်စွမ်းရှိသရွေ့ စာကောင်းပေမွန်များကို ၂နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်..ဆက်လက်ေ၇းသားမျှဝေနိုင်သော ရွှေပြည်သူလေး ဖြစ်ပါစေ...
ပန်းချီး)
God bless you.
BINO
ma
Wish you all the best....:)
အပေါ်ကလူတွေ အတိုင်းပဲ
အထွေအထူးတော့ ပြောစရာ မရှိပါဘူး..
စိတ်ရင်းကောင်း ခင်တတ်မင်တတ် ကူညီတတ်သော
ဘလော်ဂါညီမလေး အစ်မကြီး ရွှေပြည်သူ ဒီထက်ပိုပြီး...စာကောင်းလေးတွေ ရေးနိုင်ပါစေ...။
ညီမလေးဆိုတာ ငယ်လို့..:P
အစ်မကြီးဆိုတာ တခါတလေ စာတွေ ဖတ်ရတာ လာဆုံးမသလို ခံစားရလို့ (နောက်တာနော်..:P)
ညီမလေးရေ ...
မအားတာနဲ့ ခုမှရောက်ဖြစ်တယ် .. ညီမလေးရေ .. နှစ်နှစ်ပြည့် ဘလော့ဂ်လေးနဲ့ အတူ စာကောင်းပေမွန်တွေ ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော် .....
အစ်မလင်း
ရွှေရတုမြောက်ကော်မန့်ကိုလာရေးပြီ အစ်မရေ...။ နှစ်နှစ်ပြည့်မှာ ကျွန်တော့်ကိုပေးထားတဲ့ ကတိ မမေ့ဖို့ ထပ်ပြီး သတိပေးပါရစေ...။ နှစ်နှစ်ပြည့် အမှတ်တရစကားအနေနဲ့ပြောရရင်...။ အစ်မ ဒီ့ထက်အောင်မြင်သင့်တယ်လို့ ကျွန်တော်ထင်တယ်...။ အားမရဘူးဗျာ...။
Black
ဂုဏ်ယူပါတယ်...။ ဆက်လက်ရေးသားနိုင်ပါစေ....။
Post a Comment