Friday, October 2, 2009

“အဘိဓမ္မာနေ့မြတ်အခါ” တရားတော်


မနက်ဖြန်မှာ သတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မြတ် တဖန်ကျရောက်လာပြန်ပါပြီ။ ခုလိုနေ့မြတ် အခါသမယအတွက် မောင်ငယ်လေး အောင်ဦး (ဓမ္မရသ) က ဘလော့မှာလည်း တင်ချင်ရင် တင်နိုင်တယ်ဆိုပြီး ပေးပို့ဝေမျှလာတဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “အဘိဓမ္မာ နေ့မြတ်အခါ” တရားတော်ကို ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမတွေအတွက် တဆင့် ပြန်ဝေမျှလိုက်ပါတယ်။ အချိန်ရရင် နာဖြစ်အောင်နာဖို့ တိုက်တွန်းပါရစေရှင်။ သိမ်းလိုသူတွေလည်း (Right-Click နှိပ်ပြီး) Download ရယူနိုင်ပါတယ်။ တရားတော် ပေးပို့ပေးတဲ့အတွက် မောင်လေး အောင်ဦးကိုလည်း လေးလေးနက်နက် ကျေးဇူးအထူးတင်မိပါတယ်။

“အဘိဓမ္မာနေ့မြတ်အခါ” တရားတော်
(ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူပါတယ်။)

အားလုံး ကျက်သရေရှိတဲ့နေ့ထူးနေ့မြတ်ကို စိတ်နှလုံးရွှင်လန်း ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်တရားပွားများပြီး ဖြတ်သန်းနိုင်ကြပါစေရှင်...း)

13 comments:

purplemay said...

တရားတော့မနက်ဖြန်မှပဲနာတော့မယ် ..။
သီတင်းကျွတ်ကိုတောင်မေ့နေတယ်ဟယ်...။
တကယ်ပါပဲ...။
တင်ထားတဲ့ဓါတ်ပုံလေး အတော်သဘောကျမိတယ်..။

အနမ်း said...

ညီမရွှေပြည်သူရေ.. ရောက်ပါတယ်။ တရားတော်လည်းနာယူသွားတယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေ ညီမ။

ko said...

မရွှေပြည်သူခင်ဗျား၊ တင်ထားတဲ့တရားတော်ကိုနာယူသွား ပါတယ်။ သံဃံဘန္တေ ပဝါရာမိ(တပည့်တော်အားဆုံးမ၊ ပဲ့ပြင်၊ဝေဖန်တော်မူကြပါအရှင်သူမြတ်တို့ဘုရား)ဆိုတဲ့ သံဃကျင့်စဉ်ကိုလူ့လောကထဲမှာလည်းလက်တွေ့ ကျင့်သုံးပြီး mutually-assisting society တခုတည်ဆောက်သွားကြဖို့၊ တယောက်ကိုတယောက်ပြောပြောဆိုဆို၊ဖေးဖေးမမ နဲ့နေထိုင်သွားကြ ဖို့ဆရာတော်ဘုရားကတိုက်တွန်းတာ ကိုအထူးကြည်ညိုနှစ်သက်မိပါတယ်။

flowerpoem said...

အမရေ ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်

ဆောင်း said...

သာဓုသာဓု သာဓုပါရှင်

မောင်ကောင်း said...

အစ်မရေ.. စီဘောက်စ်မရှိလို့  ဒီမှာပဲမန့်သွားပါတယ်.. အစ်မတစ်ယောက် သီတင်းကျွတ်လပြည့်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် တန်ဖိုးရှိတဲ့ စာကောင်းပေမွန်များ ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေ...။

ကောင်းမွန်ဝင်း said...

ရွှေပြည်သူရေ၊ မင်္ဂလာကျက်သရေရှိလိုက်တာ၊
ကျေးဇူးတင်ပါတယ်နော်။

ကောင်းမွန်ဝင်း said...

ပြောဘို.မေ့သွားလို.၊ ဓါတ်ပုံ၊ ဓါတ်ပုံတော်တော်လှတယ်။ နောက်တစ်ခုက အခုလိုနေ.ကြီးမြတ်ကြီးမှာ ဒီလိုကုသိုလ်လုပ်တာကို သာဓုခေါ်ပါတယ်။ သာဓု၊ သာဓု၊ သာဓု ။ ။

သက်ဝေ said...

ကုသိုလ်တွေ အတွက် အမျှလာယူပါတယ်။
သာဓု သာဓု သာဓု ပါ ညီမရေ...။

yangonthar said...

အစ်မရေ လပြည့်နေ့ မို့ တပါတည်း ဂါရဝပြုသွား ပါတယ် .... အပြစ်များရှိရင် ခွင့်လွှတ်ပါ ....
မောင်ငယ်
ရန်ကုန်သား :))

Waing said...

ပျော်ရွှင်ငြိမ်းချမ်းစရာ သီတင်းကျွတ်အခါရက်မြတ်ဖြစ်ပါစေ။

အပြုံးပန်း said...

သီတင်းကျွတ်လပြည့်နေ့မှာ လာလည်ပါတယ် ရွှေပြည်သူရေ။

ရွှေပြည်သူ said...

Uncle Ko တရားနာဖြစ်သွားတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ကျန်းမာရွှင်လန်းပါစေ Uncle။