ဘက်
ညာဘက်မှာအချစ်
ဘယ်ဘက်မှာအမုန်း
ဘယ်ဘက်ကို ကိုယ်လုံးလုံးပါရမလဲ...?
မိုးဖွဲတွေအောက်က ထီးလေးတစ်ချောင်းလောက်က
မဖြောက်ဖျက်ပစ်ချင်စရာ အနစ်နာခံမှု ဟုတ်ပါ့မလား...
ဒါပေမယ့် လှလွန်းနေတာ ခက်သားကွယ်...
တောက်ပတဲ့ မျက်ဝန်းတစုံအောက်...
ယုံချင်လောက်စရာ ဆိုစကားတွေက အပိုစာသားတွေများ ဖြစ်နေမလား...
ဒါပေမယ့် ချိုလွန်းနေတာ ခက်သားကွယ်...
အို...
မမေ့နဲ့... ဘယ်တော့မှ မမေ့နဲ့
သူ့အပြုံးမီးလျှံအောက်က ခပ်အအပိုးဖလံဘဝရယ်
သိမ်းကျုံးယူမိတဲ့ အပြစ်တွေ တပွေ့တပိုက်နဲ့ ခေါင်းငိုက်စိုက်ကာလတွေရယ်
ဆူးအပြည့်နဲ့ ပန်းသီးတစ်လုံးကိုမှ ဆူးစူးရရုံသက်သက် မက်မောထိရှမိတာတွေရယ်...
ဒါတွေလည်း ရင်နဲ့အပြည့်
တဆစ်ဆစ် သိမ်းထားရဆဲလေကွယ်...
သံယောဇဉ်ကိုမှ လွန်ကြိုးလုပ်မိတဲ့ကိုယ်...
ဘာသာပျိုးမိတဲ့ မေးခွန်းတစ်ခုက...
ခေါင်းထဲ ခဏခဏပေါ်လာလေတိုင်း...
တုန့်ဆိုင်းဆိုင်း တွေးမိတာက...
ညာဘက်မှာအချစ်
ဘယ်ဘက်မှာအမုန်း
ဘယ်ဘက်ကို ကိုယ်လုံးလုံးပါရမလဲ...?
တခုခုဆုံးဖြတ်ဖို့
လက်တို့ ဆန့်တန်းမိတဲ့အခါ...
ကိုယ်ညာသန်ဆိုတာ... သိလိုက်ရပြန်တော့...
ဘယ်ဘက်လည်းမပါ
ညာဘက်လည်းမယိမ်း
အသာလေးထိန်းလို့
အလယ်တည့်တည့်မှာပဲ
ကိုယ်လေ...
ရပ်နေမိပြန်ရဲ့...
ဟိုး... အရင်နှစ်
အရင်နှစ်
အရင်နှစ် တွေကလိုပဲပေါ့...
ရွှေပြည်သူ
(နေ့လည် ၃း၀၂ နာရီ ~ ၁၉.၀၇-၀၉)


20 comments:
(သိတယ် သိတယ် သူ ညာသန်...:P)
ချစ်ခြင်းမုန်းခြင်းတွေကြားမှာပဲ ဘဝက မောပန်းလွန်းလို့ပါ...။
အလည်တည့်တည့်လေးမှာ သတိလေးနဲ့သာ ထိန်းနေပါညီမရေ..:P
အမရေ မောင်လေးသိနေသလိုပဲနော် အမကညာသန်ဟုတ်တယ်ဟုတ်။
ဘယ်ဘက်လည်းမပါ
ညာလည်းမရိမ်း
အလယ်တည့်တည့်မယ်ပဲရပ်နေတော့မှာလားဟုတ်လားအမ။ ကဗျာကောင်းလေးခံစားသွားတယ်နော် အဆင်ပြေပျော်ရွှင်ပါစေနော် အမရေ ။
ညာဘက်မှာ အချစ်
ဘယ်ဘက်မှာ အမုန်း
ဘယ်ဘက်ကို ကိုယ်လုံးလုံး ပါရမလဲ...။
သိတော့ဖူးဗျာ...း)
ညီမရွှေပြည်သူရေ
တစ်ခါတစ်လေကျတော့လည်း အလယ်တည့်တည့်မှာ နေရတာလည်း ရင်မောစရာ..
ခင်မင်စွာဖြင့်
သီဟသစ်
တခါတလေလည်း ဆုံးဖြတ်ရခက်သား နော်...
ဒီတော့ ဥပက္ခာ ပြုထားလိုက်ရင်ရော ...
ဒီလိုဆိုတော့လည်း နောင်တရ စရာတွေ ဖြစ်လာဦး မှာလား..
ခေါင်း ၊ ပန်း .. သာ လှန် လိုက်ပါတော့ ။။
စိတ် ခိုင် ဖို့ တော့ လို လိမ့်မယ် ..
ဟို ရီစရာ ကာတွန်းလေး တပုဒ် သတိရ မိတယ်..
ဘုန်းကြီး ဆွမ်းစားသွားပင့်တာ ..သူဌေး နဲ့  ဆင်းရဲသား တကာ ၂ယောက် ဟိုဘက် ဒီဘက် အပြိုင်ဆွဲ ခိုင်းတာလေ ။
ဘုန်းကြီး က သူဌေး တကာ ဆီလိုက်ချင်လို့  ခြေကန် ပြီး သူဌေးဘက် ယိမ်းနေတာ ဆင်းရဲသား က သတိပြုမိသွားတော့ ပြောလိုက်တဲ့ စကားလေး ...
"ချဉ်ပေါင် ကာပြန်လို့ 
ဝက်သားထံ ခြေကန်ရုန်းတယ်
သွားရော့ ဂတုံး "
ဆိုပြီး သူဆွဲ နေတဲ့ဘုန်းကြီး လက်ကို လွှတ်ပေးလိုက်တာ ...
ဟိဟိ ။
အဲလို ဖြစ်နေမှာလည်း စိုးရသေးတယ် နော...
ခင်မင်လျှက် ..
ကိကီ ။
အစ်မရေ ကဗျာလေး ဖတ်လို့ကောင်းတယ်.......... :)
ကိုယ်ကချစ်မိလို့ကတော့ ညာဘက်မှာသာ ရဲရဲကြီးရပ်လိုက်ပါ အစ်မရယ် :) ကဗျာလေးက ကောင်းတယ် ဆူးအပြည့်နဲ့ပန်းသီးလို့ သုံးထားတာ သဘောကျတယ် အစ်မ
ညာဖက်မှာ CM ဗယ်ဘက်မှာ MK ဘယ်ဘက်ယိမ်းယိမ်း ၃ ယောက်လုံးတူတူပဲ...ဟီးဟီး...Harry Potter ကြည့်တော့ နင်အလည်မှာ ထိုင်တာကို သတိရလို့...
ဥပက္ခာ ကို ကိုင် စွဲ နိုင် ပြီလား...အမုန်း မဲ့ ချစ် ခြင်း များ နဲ့  ဥပက္ခာ ကို သာ ကိုင် စွဲ နိုင် ပါစေ
Hi Ma Shwe Pyi Thu, u composed it so beautifully (emotionally). It means a real human emotion is beautiful. What I believe about human emotion is if one's emotion is real n not worsening others, it deserves to be allowed n followed. One shouldn't restrain too much in human matters if he/she is a layperson n eligible for n really appreciate it. So, go ahead to any side! Don't be neutral, Shwe Pyi Thu, ha..ha!
အော်... သူလဲညာသန်ပဲကိုးးးး
ဘယ်သန်ဆို ဘယ်လိုလုပ်မလဲ(ဖြေပေးပါနော့)
လိမ်ညာနေတယ်ဆို
သိလျက်နဲ့
ပျော်ဝင်ချင်နေမိတယ်
ဘယ်ဘက်ကိုလိုက်ရမလဲ
ဟဟ..အမတို့ကတော့ လုပ်ချလိုက်ပြန်ပြီ
ဧကန္တ တွေ့နည်းပြီထင်တယ်
ဟီး၂
ကဗျာလေး လာရောက်ခံစားသွားတယ်နော် မ ....ပျော်ရွှင်ပါစေ....
အလယ်တည့်တည့်မှာပဲရပ်နေတုန်းလား
မြင်နေပါတယ် မမ ညာဘက်ကို ယိမ်းနေတာ ...
လိမ်နဲ့နော်
- အရင်နှစ် တွေလိုပဲဆိုတော့ ဘယ်လိုလဲဟင် ???
တစ်ခါ တစ်လေ ဘယ်ကို တစ်ခါ တလေ ညာကို ဖြစ်နေလား..မမ... .... :)
အလယ်တည့်တည့် မှာ နေတာပဲ ကောင်းပါတယ်...
အစ်မရေ.. အရင်နှစ်တွေကလို အလယ်တည့်တည့်မှာ အေးဆေးနေတာပဲ အေးချမ်းပါပေတယ်...း)
အစ်မစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
အမ အလယ်တည့်တည့် မှာ ပဲနေနော်
ဘေးထွက်လာရင်တော့ သားက ဂါလိထိုးလွှတ်မှာ
ဟဟ
အရင်နှစ်တွေတုန်းကတော့ အလယ်မှာရပ်နေတယ်ဆိုတော့ ခုနှစ်တော့ ညာသန်လိုက်ပီဟုတ် :)
Post a Comment