ကြိုးညှိစကား
မာယာလို့ ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို…
အပြစ်လည်း မတင်ချင်တော့ပါဘူး...
မင်းလျှောက်တဲ့ လမ်းတလျှောက်မှာ
ကိုယ်က...
မင်းမောမှ
အလောတကြီး ခပ်ခပ်သောက်တဲ့
ခပ်နောက်နောက် ရေတခွက်လည်း ဖြစ်နေနိုင်တာပဲ...
ပြီးတော့…
ကောင်မလေးတွေ အများကြီးကို
ပါးစပ်ဖျားလေးနဲ့တင် ထိန်းထားတာလို့လည်း
ခပ်ကြွားကြွား ပြောတတ်သေးတယ်
ဘယ်လိုမုန်းမှန်း မသိဘူးကွယ်…
ချစ်မိတာလေး တစ်ခုထဲအတွက်
အတုမဟုတ်တဲ့ (လှောင်)ပြုံးတစ်ခုရဲ့ အနောက်
ဟိုးရင်ဘတ်အောက်ဆုံးထဲကပါ
ကိုယ့်ရဲ့မိန်းမသိက္ခာကို ထပ်ပြီး လှောင်ပြုံး ပြုံးမပြလိုက်စမ်းပါနဲ့...
တကယ်တော့ မင်းတို့နဲ့ သဘာဝချင်း ကွဲပြားခြားနားတဲ့
လူသားနောက်တမျိုးရဲ့ ရင်ဘတ်ထဲမှာ...
မင်း မသိတာတွေ
မကြားဖူးတာတွေ
မ... ခံ... စား... ဖူးတာတွေ
အများကြီးမှ အများကြီးကွယ့်...
ပြီးတော့လည်း…
ချစ်တာကတခြား...
မုန်းတာကတခြား...
ကိုယ်တို့ နှလုံးသားက
နှစ်မျိုးနှစ်စားလုံးကိုလည်း
တပြိုင်ထဲ သိမ်းထားနိုင်သေးတယ်…
ဟယ်… ကြည့်…
နားမလည်ပြန်ဘူး မဟုတ်လား…
ကဲကဲ
ကိုယ်လည်း နားလည်ဖို့ မကြိုးစားဘူး
မင်းလည်း နားလည်ဖို့ ကြိုးစားပြီး
အချစ်က ခါးတယ်ခါးတယ်လို့
ခပ်လွယ်လွယ် (ညာ) မပြောနဲ့…
နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို ရှာမယ့်အစား…
ကိုယ်တို့တတွေ တော်တော်လေး ခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ စွဲပြီးမှတ်ထား ကြရအောင်လား…
အနည်းဆုံးတော့
မင်းရောကိုယ်ပါ…
ခဏ…
အေးချမ်းသွားလိမ့်မယ်…
ရွှေပြည်သူ
(နေ့လည် ၁း၃၃ နာရီ ~ ၀၃.၀၄.၀၉)


12 comments:
ကဗျာလာဖတ်သွားတယ် အစ်မရေ
မင်း မသိတာတွေ
မကြားဖူးတာတွေ
မ... ခံ... စား... ဖူးတာတွေ
အများကြီးမှ အများကြီးကွယ့်...
ဒါလေးကို သဘောကျမိတယ် ......
“ပြီးတော့လည်း…
ချစ်တာကတခြား...
မုန်းတာကတခြား...
ကိုယ်တို့ နှလုံးသားက
နှစ်မျိုးနှစ်စားလုံးကိုလည်း
တပြိုင်ထဲ သိမ်းထားနိုင်သေးတယ်…”
ဒါကတော့ လူသား နှစ်မျိုးနှစ်စားလုံး အတူတူပဲ ထင်ပါတယ်..။
“နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို ရှာမယ့်အစား…
ကိုယ်တို့တတွေ တော်တော်လေး ခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ စွဲပြီးမှတ်ထား ကြရအောင်လား…
အနည်းဆုံးတော့
မင်းရောကိုယ်ပါ…
ခဏ…
အေးချမ်းသွားလိမ့်မယ်…”
မတူညီတဲ့အခြေအနေကို ဒီလိုလေး ကြိုးညှိမယ်လို့ပြောတာလေး သဘောကျတယ်..။
မင်္ဂလာပါ ၊၊ ကဗျာလေး လာရောက် ခံစားသွားပါတယ် ၊၊ အေးချမ်း ရင်တော. ကောင်းတာပေါ.ဗျာ ၊၊ သို.သော် ...
အင်း မဆုံဖြစ်တာပဲကောင်းတယ်လို့ သတ်မှတ်လိုက်ပါဗျာ။ နှစ်ဖက်လုံးအေးချမ်းသွားမယ်ဆိုရင်ပေါ့....
မင်းလျှောက်တဲ့လမ်းတလျှောက်မှာ
ကိုယ်က...
မင်းမောမှ
အလောတကြီး ခပ်ခပ်သောက်တဲ့
ခပ်နောက်နောက်ရေတခွက်လည်း ဖြစ်နေနိုင်တာပဲ...
အဲဒီအပိုဒ်လေးက တိုက်ဆိုင်မှုများစွာကို ဖြစ်စေပါတယ်....။
အဲဒီလိုပဲ မှတ်ထားတာပဲ အကောင်းဆုံးပဲနော်။ ဇူးလည်း ခဏလေး အေးချမ်းချင်လို့....
ဒီကဗျာလေးဖတ်ပြီးတော့ ကျွန်တော် တော်တော်သဘော ကျပြီးတော့ ပြုံးမိသွာတယ်ဗျာ...။
ချစ်တာရော ၊ မုန်းတာရော တပြိုင်တည်းသိမ်းထားလို့ရတာတော့ အမှန်ပဲ...
ဆုံမှတ်ဟာ
အနန္တမှာ
ဆိုတဲ့ သီချင်းခေါင်းစဉ်လေးကို
သတိရသွားသလိုပဲ။
ဦးဆုံး အလည်ရောက်ပါတယ်။
ကြိုးညှိစကား မှာ ပြောချင်တာတွေ ထပ်တူကြနေပါတယ်။
“မာယာလို့ ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို…
အပြစ်လည်း မတင်ချင်တော့ပါဘူး...
မင်းလျှောက်တဲ့ လမ်းတလျှောက်မှာ
ကိုယ်က...
မင်းမောမှ
အလောတကြီး ခပ်ခပ်သောက်တဲ့
ခပ်နောက်နောက် ရေတခွက်လည်း ဖြစ်နေနိုင်တာပဲ...““
ဒီအပိုဒ်လေးလည်း ကြိုက်တယ်။
“နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို ရှာမယ့်အစား…
ကိုယ်တို့တတွေ တော်တော်လေး ခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ စွဲပြီးမှတ်ထား ကြရအောင်လား…
အနည်းဆုံးတော့
မင်းရောကိုယ်ပါ…
ခဏ…
အေးချမ်းသွားလိမ့်မယ်…”
အေးတော့အေးချမ်းသွားတယ် ထင်လိုက်တာပဲ...။
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲရင် ဝေးပြီဝေးပြီဝေးပြီ။
(မျိုးကြီး)အချိန်မှီပြင်ဆင်နိုင်ပီး နီးနိုင်ပါစေဗျာ။
နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို ရှာမယ့်အစား…
ကိုယ်တို့တတွေ တော်တော်လေး ခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ စွဲပြီးမှတ်ထား ကြရအောင်လား…
တကယ်ပဲအေးချမ်းပါလိမ့်မယ်။
မညီတာကိုညှိတာပင်ပန်းပါလိမ့်မယ်။
Post a Comment