Thursday, April 2, 2009

April လရိပ်

ရေကန်ထဲက လရိပ်ကိုမှ
ဒီည...
ကိုယ်က...
လိုချင်လှသတဲ့...

မိုက်မဲမိသလားတော့... မသိချင်တော့ဘူးကွယ်

ပြောမပြတတ်ပေမယ့်
စိတ်မှာလည်း မောလျနေခဲ့ပြီ...

မေ့ဖို့ကိုတောင် မေ့တတ်တဲ့ လရိပ်ညိုကိုမှ
ကိုယ်က...
ပိုပိုပြီး... တမ်းတနေမိတော့...

April Fool ရယ်...
သူရှိရင် မင်းမလိုဘူး...
ကိုယ်လေ...
ရူးပြီးသားပါကွယ်...

ရွှေပြည်သူ
(ည ၁၂း၁၁ နာရီ ~ ၀၂.၀၄.၀၈)

ခုတလော ဘာကြောင့်မှန်းမသိဘဲ ကဗျာတွေချည်းပဲ ဆက်တိုက်ရေးချင်နေမိပါတယ်။ လာဖတ်ပေးကြတဲ့သူတွေအတွက် ကဗျာတွေချည်း ဆက်တိုက်ဖြစ်နေလို့ ပျင်းသွားရင်လည်း တောင်းပန်ပါတယ်နော်း) တခြားစာတွေ ရေးပါဦးမယ်။

17 comments:

Heartmuseum said...

ကဗျာတွေ အရေးစိတ်နေပါ့လားဟ......
တယ်ဆိုတဲ့ စာပါလား......
မေ့ဖို့ကိုတောင် မေ့တတ်တဲ့ လရိပ်ညိုကိုမှ
ကိုယ်က...
ပိုပိုပြီး... တမ်းတနေမိတော့...
April Fool ရယ်...
သူရှိရင် မင်းမလိုဘူး...
ကိုယ်လေ...
ရူးပြီးသားပါကွယ်...တဲ့.....

ဖိုးစိန် said...

ကျနော်ကတော့ ရူးပါတယ် ...ဧပရယ်ဖူးကြောင့်တော့မဟုတ်
သူမ ကြောင့်

mgnge said...

ဧပြီရောက်ကာနီးမှထွက်လာတဲ့ ကဗျာတွေဆိုတော့........................................

?????

khin oo may said...

ကိုယ့်ကိုကိုယ်ထောက်ခံသွားတယ်နော်။

ရွာသားလေးဝိုင်တီယူ said...

တစ်ခြားစာတွေ ဆိုပါလား အဟမ်း အဟမ်း
စတာပါဗျာ အတည်ပြောတော့မယ် ဖတ်ရချည်သေးရဲ့ စောင့်မျှော်လျက်

လင်းဒီပ said...

ချစ်မိသူလောက် ဘယ်သူမှ လူမိုက်မမည် တဲ့ တာရာမင်းဝေ ကဗျာတစ်ပုဒ်မှာ ။
ဒီလိုပါပဲ မေ့ဖို့တောင်မေ့နေတတ်တဲ့ လရိပ်ညိုကို တမ်းမက် နေမိခဲ့တယ်..။

မိုးခါး said...

ကြိုက်တယ် အမရေး)

Phyo Evergreen said...

ရေးလိုက်တိုင်း အမိုက်စားလေးတွေချည်းဘဲ..

Welcome said...

ခံစားခွင့်ရှိမှ ရေးဖြစ်တဲ့ ကဗျာတွေမို့
ဘယ်လိုဖြစ်ဖြစ် နှစ်သက်တယ်။

ခရောင်းလမ်း said...

ခံစားချက်တွေ ပြင်းထန်နေပါလား

ရဲဝင့်သူ said...

မေ့ဖို့ကိုတောင် မေ့တတ်တဲ့ လရိပ်ညိုကိုမှ
ကိုယ်က...
ပိုပိုပြီး... တမ်းတနေမိတော့...


အေးအေးလေးနဲ့ကောင်းသဗျာ။
လေးစားစွာဖြင့်
ရဲဝင့်သူ

BLACK DREAM said...

နောက်ဆုံးအပိုဒ်ကတော့ တော်တော်တာသွားတယ် အစ်မရေ...။

သီဟသစ် said...

မရွှေပြည်သူရေ

April Fool ရယ်...
သူရှိရင် မင်းမလိုဘူး...
ကိုယ်လေ...
ရူးပြီးသားပါကွယ်...

ဒီစာလေးတော့ အကြိုက်ဆုံးပဲ။
good luck

ဝါ၀ါမောင် said...

အစ်မက ဒီလို ကဗျာရိုးရိုးရှင်းရှင်းလေးတွေကို ကြိုက်
တယ်.. ကောင်းတယ် ညီမလေးရေ..
ပျော်ရွှင်ပါစေ.

စိတ်စမ်းရေ said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ်...။

Mhu Darye said...

ညိမ့်ညိမ့်လေး နဲ့ ရင်ထဲရောက်လာတယ်။
တိုက်ဆိုင်နေလို့လားတော့ မသိဘူး။
း)

Htoo said...

ကြိုက်ပါတယ်ကဗျာလး..........ကို