ရာပြည့် ကျေးဇူးတင်လွှာ
ဒီဘလော့လေးထဲမှာ... ကျွန်မရဲ့စာရေးချင်တဲ့အိပ်မက် တကယ်ဖြစ်ခဲ့တယ်...
ဒီဘလော့လေးထဲမှာ... စာတွေရေးရင်း လာဖတ်ပေးသူတွေနဲ့ အတူ ရသတွေမျှဝေခံစား သုတတွေ အတူလေ့လာ မှတ်ယူခဲ့တယ်...
ဒီဘလော့လေးထဲမှာ... သိပ်တန်ဖိုးရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရခဲ့တယ်...
ဒီဘလော့လေးထဲမှာ... ပိုကောင်းတဲ့ ပိုတော်တဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့စိတ်ဓာတ်တွေ အင်အားတွေ ရခဲ့တယ်...
ဒီဘလော့လေးထဲမှာ... ဒီနေ့တော့... ပို့စ် (၁၀၀) ပြည့်ခဲ့ပါပြီ...
(၁၀၀)မြောက်ပို့စ်အဖြစ် ဒီ Blog လေး ရှင်သန်မှုအတွက် ကျေးဇူးတင်ထိုက်တဲ့သူအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ရေးပါရစေရှင်...
ကျွန်မ မြန်မာဘလော့တွေနဲ့ စထိတွေ့ခွင့်ရတာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာပါ။ အဦးဆုံးဖတ်ဖြစ်တဲ့ Blog တွေကတော့ မမအိမ့် (မအိမ့်ချမ်းမြေ့) နဲ့ မနိုင်းနိုင်းစနေတို့ရဲ့ Blog တွေပါ။ နောက်တော့ ဒီအစ်မနှစ်ယောက်ရဲ့ Blog တွေကပေးတဲ့ Inspiration ကြောင့်ပဲ Blog တစ်ခုလုပ်ပြီး စာရေးချင်စိတ် စဖြစ်လာပါတယ်။ အဲဒါကြောင့် မမအိမ့်နဲ့ မနိုင်းနိုင်းစနေတို့ကို ပထမဦးဆုံး ကျေးဇူးတင်ပါတယ်။ ကလောင်နာမည်ကို ရွေးတဲ့အခါမှာ အမိမြေရဲ့ အငွေ့အသက်ပါတဲ့ နာမည်မျိုးရွေးမယ်လို့ ဆုံးဖြတ်ပြီး စဉ်းစားရင်းနဲ့ ရွှေပြည်ကြီးဖြစ်တဲ့ မြန်မာနိုင်ငံသူ လို့ အဓိပ္ပါယ်ရတဲ့ ဒီ“ရွှေပြည်သူ”ဆိုတဲ့ နာမည်လေး ရလာပါတယ် (မှတ်မှတ်ရရ ရုံးမှာ နေ့လည် ထမင်းစားချိန် ဆိုင်ကိုအသွား လမ်းလျှောက်ရင်း စဉ်းစားမိတာပါး) အဲဒီနောက် Blog လေးတစ်ခု ကြိုးစားဆောက်ပြီး ပထမဆုံးတင်ဖြစ်တဲ့ ပို့စ်လေးက “ပျောက်ဆုံးခြင်း” ဆိုတဲ့ ကဗျာလေးပါ။
Blog လေး ဆောက်ခါစမှာ အရင်က ကျွန်မ၀ါသနာအရ ရေးတဲ့စာလေးတွေကို ဖတ်ပေးနေကျသူငယ်ချင်း အနည်းငယ်နဲ့ အတူနေတဲ့သူငယ်ချင်းတွေပဲ ကျွန်မ Blog လေး Web ပေါ်မှာ ရှိတယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အားပေးစကားတွေနဲ့အတူ ကျွန်မ Blog ကို အခုချိန်ထိ ဖတ်ပေးခဲ့ကြတဲ့ ချစ်သူငယ်ချင်း (အခန်းဖော်လေး) တသက်တာ၊ နေ့တိုင်းလိုလို ကျွန်မ Blog ကို အချိန်ပေးပြီး ပုံမှန်ဖတ်ပေးတတ်တဲ့ ချစ်သူငယ်ချင်း Thajin၊ ညီမငယ် သဲသဲ၊ ညီမငယ် CooLmooN၊ ညီမငယ် Serena၊ မမ CM၊ ချစ်သူငယ်ချင်း MK၊ တို့ကို ကျေးဇူးအရမ်းတင်ကြောင်း ပြောချင်ပါတယ်။ ဘယ်သူမှဖတ်မယ့်သူ မရှိခဲ့တဲ့ ကျွန်မ Blog ကို သူတို့သာ အားမပေးခဲ့ရင် ကျွန်မရေးဖြစ်တဲ့စာတွေ Blog ပေါ်မှာ ဆက်တင်ဖြစ်ချင်မှ တင်ဖြစ်မှာပါ။
ကျွန်မသူငယ်ချင်းတွေ အပြင် ကျွန်မ Cbox မှာ ပထမဆုံးအကြိမ် Message ချန်ခဲ့တဲ့ သူကတော့ အဘဦးကိုကိုကြီးပါ။ အဘရဲ့ message ကို ပထမဆုံးမြင်ရတဲ့အခါတုန်းက ကျွန်မBlog ကို သူငယ်ချင်းတွေသာ မကဘဲ တခြားဖတ်တဲ့လူတွေပါ ရှိပါသေးလားဆိုတဲ့ အသိနဲ့ အရမ်းဝမ်းသာခဲ့ရပါတယ်။ အဲဒီအချိန်ကနေ အခုချိန်ထိ ကျွန်မ Blog ကို အချိန်ပေးပြီး ဖတ်ပေးတဲ့ အဘဦးကိုကိုကြီးကိုလည်း အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ကျွန်မ Blog မှာ ပထမဆုံး Comment ရေးပေးခဲ့သူကတော့ နာမည်ဖော်ပြထားခြင်းမရှိတဲ့ Anonymous တစ်ယောက်ပါ။ “ခဏ” ဆိုတဲ့ ကဗျာလေးအတွက် ရေးပေးခဲ့တဲ့ အဲဒီ Comment လေးကို ကျွန်မ အကြိမ်ကြိမ် ကြည့်လို့မ၀ခဲ့ပါဘူး။ မောင်လေး တောင်ငူသားတင်စားသလို Comment ဆိုတာ Blog ရေးသူတွေအတွက် စာမူခနဲ့ တူတယ်လို့ ယုံကြည်တဲ့အတွက် ပထမဆုံးရတဲ့ စာမူခလေးဆိုရင်လည်း မမှားပါဘူး။ အဲဒီ Comment လေးရေးပေးခဲ့တဲ့ Anonymous ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
Blog စရေးတုန်းက မြန်မာ Blog နယ်ပယ်ထဲမှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်မှ မရှိခဲ့တဲ့ ကျွန်မ ပထမဆုံးခင်မင်ခဲ့တဲ့ Blogger ကတော့ မောင်မျိုးလေးပါ။ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ခင်မင်တတ်ပြီး ဟာသဥာဏ် အပြည့်နဲ့စာရေးတတ်တဲ့ မောင်လေးမောင်မျိုးကြောင့်ပဲ Blog လောကရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်အသစ်ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။ မောင်မျိုးလေးရေ အရမ်း ကျေးဇူးတင်ပါတယ်။
နောက်ထပ် ကျွန်မကျေးဇူးတင်ချင်တဲ့သူက အစ်ကိုရုပ်ဆိုးပါ။ အစ်ကိုရုပ်ဆိုးက ကျွန်မရဲ့ “Mayonnaise ပုလင်းနဲ့ ကော်ဖီ(၂)ခွက်” ဆိုတဲ့ ဘာသာပြန်ပို့စ်လေးကို သူ Email နဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ Forward လုပ်ချင်တဲ့ အကြောင်း ကျွန်မကို အသိပေးလာခဲ့ပါတယ်။ ကိုယ့်ပို့စ်လေးကို နှစ်သက်လို့ ပထမဆုံးအကြိမ် ပြန်မျှဝေ Forward လုပ်တာ ခံရတယ်ဆိုလို့ ကျွန်မ သိပ်ဝမ်းသာခဲ့သလို ကျွန်မကို အသိအမှတ်ပြုပြီး လှမ်းအသိပေးလို့ အရမ်းကို ကျေးဇူးတင်ရပါတယ်။ အဆင့်ဆင့် ပြန့်သွားတဲ့ အဲဒီ Forward Email လေးထဲမှာ သေချာပြန်ညွှန်းပေးထားတဲ့ အမည်နဲ့ Link ကြောင့်ပဲ ကျွန်မ Blog ကို လာဖတ်သူတွေ သိသိသာသာ ပိုတိုးလာခဲ့ပါတယ်။ ဘာသာပြန်ထားတဲ့ ပို့စ်တစ်ခုပေမယ့် စာရေးသူတစ်ယောက်ရဲ့ ကြိုးစားဖန်တီးမှုကို အသိအမှတ်ပြုပေးပြီး အလေးအနက်ထား လှမ်းပြောပေးခဲ့တဲ့အတွက် အစ်ကိုရုပ်ဆိုးကို အရမ်းကျေးဇူးတင်ပါတယ်။ အစ်ကိုရုပ်ဆိုးလိုပဲ ကျွန်မစာတွေကို ဖော်ပြမယ်ဆိုတိုင်း ကျွန်မကို သတိတရ အသိပေးခဲ့ကြတဲ့၊ အသိမပေးသော်လည်း Forward လုပ်တဲ့အခါမှာ ကျွန်မနာမည်ကို မမေ့မလျော့ ဖော်ပြပေးခဲ့ကြသူတွေ အားလုံးကိုလည်း ဒီနေရာကနေ လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
နောက်ပြီး ကျွန်မရဲ့ ဒီ Blog လေး Online မှာ ရှိနေနိုင်ဖို့ နေရာလေးတစ်နေရာ Free ပေးထားတဲ့ Blogspot ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
နောက်ထပ်ကျွန်မ ကျေးဇူးတင်မိတဲ့သူတွေကတော့ ကျွန်မဘာသာပြန်ခဲ့တဲ့ ပို့စ်တွေရဲ့ မူရင်းရေးသားသူတွေပါ။ ကျွန်မဘာသာပြန်ပို့စ်တွေကို ကောင်းတယ်လို့ လူတွေချီးကျူးအားပေးတိုင်း မူရင်းဇာတ်လမ်းကောင်းတာလို့ပဲ အပြည့်အ၀ ယုံကြည်ပါတယ်။ အများစုကို အမည်မသိပေမယ့် သူတို့ကျေးဇူးကြောင့်သာ အကြောင်းအရာ အင်မတန်ကောင်းတဲ့ ပို့စ်လေးတွေ ကျွန်မ Blog မှာ မျှဝေခွင့်ရလို့ သူတို့ကိုလည်း ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
အပေါ်ဆုံးမှာရေးခဲ့သလိုပဲ ကျွန်မ Blog ရေးရင်းကနေရခဲ့တဲ့ အဖိုးတန်အရာတွေထဲမှာ ခင်ဖို့ကောင်းတဲ့ မိတ်ဆွေ သူငယ်ချင်းတွေလည်း ထိပ်ဆုံးက ပါခဲ့ပါတယ်။ ကျွန်မစာတွေ လာဖတ်ပေးလေ့ရှိပြီး သိခွင့် ခင်မင်ခွင့်ရခဲ့တဲ့ Blogger မိတ်ဆွေ သူငယ်ချင်း မောင်နှမတွေကတော့ မောင်မျိုး၊ မြန်မာပြည်ကို လွမ်းတဲ့မေ၊ ကျွန်မကို ဓမ္မအေးရိပ်နဲ့ ပိုနီးစပ်စေခဲ့ပြီး ဓမ္မအလင်းတွေ ပေးခဲ့သော မောင်ငယ်လေးများ ဖြစ်ကြတဲ့ အောင်ဦး(ဓမ္မရသ) ၊ သုခရိပ်၊ တင်နွယ်မောင်(ဓမ္မရိပ်)၊ ဟိန်း၊ စကားဝါမြေ နဲ့ ညီမငယ် ဆုရည် ... နောက် ရွှေရောင်တောက်နေတဲ့ ကောင်းကင်ကြီး၊ ပြတိုက်ပိုင်ရှင်ကြီး ကိုအညတရ၊ ခင်ရတဲ့ ညီမငယ် Honey၊ မ Apprenticeship၊ မောင်လေးဝင်းဇော်၊ မွန်လူမျိုးလေး မောင်ငယ်မော်စီ၊ ညီမငယ်လေး ရွှန်းမီ၊ အစ်မလိုခင်ရတဲ့ မမနေညို၊ ကိုရွာသားလေး (YTU)၊ အစ်ကိုရုပ်ဆိုး၊ အစ်ကို ကိုရဲ၊ ကို Blue Phoenix၊ တယ်ရင်း Republic၊ အစ်ကို ငြိမ်းဇေဦး၊ အစ်ကို မိုးမြင့်တိမ်၊ ညီမငယ် မေမိုးလေး၊ ညီမငယ် ဝေလေး၊ အစ်မ၀ါဝါ၊ ကိုနေလင်း၊ ကျွန်မနဲ့ ပို့စ်ရေးဖို့ စိတ်ကူးတွေ မကြာခဏတူတတ်တဲ့ မောင်ငယ် Blackdream၊ အစ်ကိုမောင်မောင်၊ မောင်ငယ် လွမ်းလုင်၊ မောင်ငယ်လေး တည်ကြည်ရဲရင့်၊ မောင်ငယ်လေး ၀ိဥာဉ်၊ မောင်ငယ် ice၊ ညီမငယ် နတ်သမီးလေးမွန်၊ မောင်လေးမိုးသောက်၊ ညီမငယ် ယုယမြတ်နိုး၊ E-journal မှ ကိုတားမြစ်(ကိုသုခမိန်) နဲ့ ကိုတာတူး၊ ကို JulyDream၊ မောင်လေး တောင်ငူသား၊ မောင်လေး ဖြိုးငယ်၊ ကိုအဇ္ဈတ္တပြခန်း၊ ကိုဇင်ကိုလတ်၊ အစ်ကို ကိုသား၊ အစ်ကို ရှင်ရဲထွတ်၊ အစ်ကိုဇင်ယော်၊ ကိုဟန်သစ်ငြိမ်၊ ကိုသင်ကာ၊ မမရွှေဂျမ်း၊ ခရမ်းရင့်ရောင် ပန်းပွင့်လေး မချို၊ မခင်ဦးမေ၊ အစ်မ မသက်ဇင်၊ မောင်လေး မိုးပြေး၊ မောင်ငယ် သူရထွန်း၊ မောင်ငယ် servena၊ မောင်ငယ် ရာမည ဖိုးလပြည့်၊ မောင်လေး သံလုံငယ်၊ မောင်လေး ဖြိုးသက်အောင်၊ မောင်ငယ် ကနက်သီရိသားလေး၊ မောင်ငယ်လေး ဗီလိန်၊ ဥယျာဉ်မှူးလေး မောင်ငယ် ၀င်းမင်းဆန်း၊ မောင်ငယ် ကိုတိုးလေး၊ မောင်ငယ် သားစိုး၊ မောင်ငယ် နေမုန်း၊ မောင်ငယ် မောင်ခင်လေး၊ မောင်ငယ် ရဲဝင့်သူ၊ မောင်လေး wynn sun၊ မောင်ငယ် မျှော်လင့်ခြင်း၊ မောင်ငယ် ရွှေညာသား၊ မောင်ငယ် ဖားကြီး၊ မောင်ငယ် 4everlove၊ ကိုလူစိမ်း၊ မောင်ငယ် Tea၊ ပေဖူးလွှာနဲ့ မေသူပိုင်၊ ညီမငယ် ယမင်းဥမ္မာ၊ ညီမငယ် Dream၊ ညီမငယ် megumi၊ ညီမငယ် စိုးမြနန္ဒာသက်လွင်၊ မကြယ်စင်နတ်သမီး၊ မောင်ငယ် ဒေါင်းမြူးနွယ်၊ မောင်ငယ် မင်းကျန်စစ်၊ မောင်ငယ် နတ်သျှင်နောင် တို့ပါ။ သူတို့လိုပဲ ကျွန်မစာတွေကို လာဖတ်ပေးပြီး ခင်မင်ရင်းနှီးစွာ သေချာဝေဖန်ပေးခဲ့ကြတဲ့၊ Comment တွေ အချိန်ပေးပြီး ရေးပေးခဲ့ကြတဲ့ အခြားသော Blogger ညီအစ်ကို မောင်နှမ အပေါင်းကိုလည်း ကျေးဇူးသိပ်တင်ကြောင်း ပြောချင်ပါတယ်။ အပြန်အလှန် လေးစားနားလည်မှုတွေနဲ့ နွေးနွေးထွေးထွေး ခင်မင်တတ်ကြတဲ့ သူတို့ကြောင့်သာ ကျွန်မရဲ့ Blog ရေးတဲ့ကာလတွေဟာ ပိုပြီး သာယာစိုပြေခဲ့ပါတယ်။
Last, but (definitely) not least လို့ ပြောရမလား မသိဘူး။ ကျွန်မ ကျေးဇူးသိပ်တင်ရတဲ့ လူတွေ ကျန်ပါသေးတယ်။ သူတို့တွေကတော့ Blog မရေးပေမယ့် ကျွန်မ Blog ကို စာလာဖတ်ပေးပြီး Cbox မှာရော Comment မှာပါ ကျွန်မကို စာရေးဖို့ အားတွေဆက်ပေးတဲ့ Message တွေချန်ပေးခဲ့တဲ့ စာဖတ်ပေးသူတွေပါ။ အဲဒီလူတွေထဲက ကျွန်မခင်မင်ခွင့်ရခဲ့သူ တချို့ကတော့ အဘ ဦးကိုကိုကြီး၊ အစ်မများသဖွယ် ခင်မင်ရတဲ့ မမသစ်သစ်၊ မမ MMN၊ မမ Kate၊ နောက်ပြီး... ညီမငယ် ချိုမွန်၊ ညီမငယ် နေခြည်၊ ညီမငယ် စိုးယုနွယ်၊ ညီမငယ် မေလဲ့ရီလင်း၊ ညီမငယ် Faith Thandar (ညီမလေးရေ အခုထိ ရေးပေးဖို့ အကြွေးရှိသေးတာ မှတ်ထားပါတယ်း)၊ ညီမငယ် နွေးနွေး၊ မောင်ငယ်လေး မင်းသန့်၊ မောင်ငယ်လေး zawqatar၊ ညီမငယ် cutegirl009၊ မောင်ငယ်လေး ကျော်သူဟိန်း၊ မောင်လေး mgmg၊ မောင်ငယ် Arrow၊ မောင်ငယ် aungminswe၊ မောင်ငယ် thulay88 တို့ပါ။ (အခု ရေးနေတဲ့အချိန်မှာ တစ်ယောက်ယောက်ရဲ့နာမည် ကျန်ခဲ့မှာကို အရမ်းစိုးရိမ်နေပါတယ်။ ကျွန်မ ဆက်တိုက်တွေးရင်း ရေးရတာကြောင့် တစ်စုံတစ်ယောက်များ ကျန်နေခဲ့ရင် ကြိတ်ပြီး စိတ်ဆိုးမနေပါနဲ့နော်။ ချက်ချင်းသာလာပြီး ရန်တွေ့ပါ။ ချက်ချင်း ပြင်ပေးပါမယ်နော်း)))
အပေါ်မှာ ရေးသွားတဲ့ နာမည်တွေထဲမှာ မပါပေမယ့်လည်း ဒီနေ့အထိ ကျွန်မစာတွေကို အချိန်ပေးဖတ်ပြီး ဆက်ရေးဖို့ အင်အားတွေကို Cbox က Comment တွေကတဆင့် အမြဲပေးနေတဲ့... ဘာမှမပြောပေမယ့်လည်း တိတ်တိတ်လေး စာလာဖတ်ပေးကြတဲ့ (Blog ကိုလာဖတ်တဲ့ Hit တွေတိုးတိုင်း စာဖတ်ပေးသူတွေ ရှိပါလားဆိုတဲ့အသိနဲ့ သိပ်ဝမ်းသာရလို့ပါ) တခြားသော စာဖတ်ပေးသူ (Blog ရေးသော/ Blog မရေးသော) သူငယ်ချင်း ညီအစ်ကို မောင်နှမ များကိုလည်း လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်ရှင်။ Blog ရေးနေတဲ့ကာလတလျှောက်မှာ ကျွန်မစိတ်ပျက်အားလျော့ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်မ ရခဲ့ဖူးတဲ့ အားပေးစကားတွေကို အမြဲသတိရပြီး အားဆက်မွေးရပါတယ်။ အဲဒီစကားတွေကို ကျွန်မသေချာတန်ဖိုးထားပြီး သေချာသိမ်းထားတာပါး) သူတို့ကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မဘယ်လိုနည်းနဲ့မှ ပို့စ်(၁၀၀) မြောက်ကို ရေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။
စာရေးရတာဟာ ကျွန်မရဲ့ ကြီးမားတဲ့အိပ်မက်တွေထဲက တစ်ခုပါ။ အဲဒီအိပ်မက်ကို ဒီ Web ပေါ်က http://shwepyithu.blogspot.com ဆိုတဲ့ Blog လေးတစ်ခုမှာ တကယ်ရှင်သန်ခွင့်ရဖို့ မေတ္တာမျက်စိတွေနဲ့ ကျွန်မစာတွေကို (လိုအပ်တာတွေကိုလည်း ဖြည့်စွက်နားလည်ပြီး) ဖတ်ပေးခဲ့တဲ့သူ အားလုံးကို အရမ်းကို ကျေးဇူးတင်ကြောင်း ဒီနေ့ပြောခွင့်ရလို့ ကျွန်မ အရမ်းဝမ်းသာပါတယ်။ ပို့စ်(၁၀၀) မြောက်အတွက် ဒီကျေးဇူးတင်လွှာထက် ပိုကောင်းတဲ့ ပို့စ်မရှိဘူးလို့ ယုံကြည်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ဘ၀အတွက် ရုန်းကန်ရင်းတဖက်ကနေ ရေးရတာကြောင့် Message တွေ Reply ပြန်ဖို့ ကြန့်ကြာတာ ပျက်ကွက်တာတွေရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။ လက်ရှိအလုပ်က အလုပ်ချိန်ထက် အများကြီးကျော်ပြီးမှ ပြန်ရတာများတာကြောင့် အရင်ကတည်းက ရေးအားသိပ်မကောင်းလှတဲ့ကျွန်မ ပိုလို့တောင် ရေးအားလျော့သွားတာကိုလည်း ကြိုးစားပြီးများများရေးနိုင်ဖို့ ကြိုးစားနေပါတယ် (ကျွန်မဦးနှောက်က စာရေးနိုင်လောက်အောင် လန်းဆန်းနေသေးသရွေ့ အိပ်ချိန်တွေနဲ့လဲပြီး ရေးပါတယ်း) ကျွန်မစာတွေအတွက် ဝေဖန်ထောက်ပြစရာတွေ ရှိခဲ့ရင်လည်း အချိန်မရွေး ပြောဆိုဝေဖန်နိုင်ပါတယ်ရှင်။
အားလုံးကပေးတဲ့အားနဲ့ ကျွန်မကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီး စာတွေ ဆက်ရေးပါဦးမယ်။
အားလုံးကို ကျွန်မရင်ထဲက တကယ်ကို လေးလေးနက်နက် ခင်မင် ကျေးဇူးတင်ပါတယ်ရှင်...



ရွှေပြည်သူ.ဆိုတဲ့ နာမည်လေးကိုကြိုက်တယ်။
ReplyDeleteရေးတဲ့စာသားတွေကလည်းသိပ်ကို ကောင်းပီး အနှစ်သာရရှိတယ်။
သူငယ်ချင်းတွေဆီကတဆင့်လည်း forward မေးလ်တွေရခဲ့တယ်။ အချင်းချင်းဖတ်ပီးလည်း အားပေးဖြစ်ခဲ့တယ်။
ရာပြည့်မှသည်.... နောင်နှစ်ပေါင်းများစွာအထိ..စာရေးနိုင်ပါစေ..နော်။
ps... ကိုယ့်နာမည်ပါသလားလို့ ရင်ခုန်စွာဖတ်သွားပါတယ်။ စုံနေအောင်ထည့်ပေးတဲ့ အတွက် တော်တော် အပင်ပန်းခံထားတယ်လို့ ထင်ပါတယ်။ အားလုံးသော ပရိသတ်တွေကျေနပ်ကြမှာပါ...
နောက်ထပ်စာကောင်းကောင်းလေးများကိုလည်းမျှော်လျက်...
ညီမရွှေပြည်သူ..ရေ.
ReplyDeleteပို့စ် ၁၀၀ ပြည့်မြောက် ကလေးကိုလည်း သေခြာဖတ်
ပြီး လာအားပေးသွားပါတယ် ညီမရေ...
ညီမ ရဲ့ ပို့စ်တွေတိုင်းက ဖတ်လို့အလွန်ကောင်းပါ
တယ် ညီမလေး ရေ...အမ ကတော့ ရေးအားအလွန်ကောင်းတဲ့ ညီမကို အရမ်းပဲ အားကျပါတယ်။ အမ ရဲ့ ဘလော့ဂ်လေးကလည်း
ညီမရဲ့ Mayonnaise ပုလင်း နဲ့ ကော်ဖီ ၂ခွက် Forward mail လေးကတဆင့် ညီမဆီ ရောက်ရှိ
လာခဲ့ပြီးမှ အသက်ဝင်လာခဲ့တာပါ ။ညီမ ကိုလည်း
ကျေးဇူးတင်ပါတယ် ညီမလေးရေ...
အမ က စာအရေးအသားမကောင်းဘူး.. ဒါပေမယ့်
လာလည်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းလေး
တွေ အထိုက် အလျှောက်ရခဲ့တဲ့အတွက် စာရေးချင်စိတ်
ပိုရှိပြီး ကြိုးစားပြီး ရေးနေပါတယ်ညီမလေး ရေ.
ညီမလေး အားတိုင်းလာလည်အားပေးတာ ကျေးဇူး
တင်ပါတယ်နော်။
အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ ညီမရေ။
ဘာပဲပြောပြော မှတ်တိုင်တခု ကိုတော့ ကျော်ဖြတ်နိုင်ခဲ့ ပြီ။
ReplyDeleteပိုစ့် ၁၀၀ မြောက် ဆိုတဲ့ မှတ်တိုင်တခုပေါ့ ။ ဒီကနေပြီး
ရာပေါင်းများစွာ ၊ပြီးတော့ ပုံနှိပ်စက်တင် ပြီးစာအုပ်ထုပ်
နိုင်တဲ့အထိ နိုင်ငံကျော် စာရေးဆရာမကြီး တယောက်
ဖြစ်ပါစေ လို့  ဆုတောင်းပေးခဲ့ပါတယ်။
အရေးအသား နဲ့ အတွေးအခေါ်ကောင်း
တာရယ် ကြောင့် ရှေ့ ဆက် အောင်မြင်မှာပါ။
အမြဲအားပေးနေပါ့မယ်။
စာရေးကောင်းတဲ့ အမရွှေပြည်သူ . . .
ReplyDelete၁၀၀ မြောက်ကနေ
၁၀၀၀
၁၀၀၀၀
များစွား များစွာ . . . ဆက်လက်ရေးသားနိုင်ပါစေ
အဆင်ပြေချမ်းမြေ့ပါစေ ညီမရေ.
ReplyDeleteရွှေပြည်သူရဲ့ အနှစ်သာရရှိတဲ့ ပို့စ်တွေကို အမြဲတမ်းလာဖတ်ပါတယ်။ ၁၀၀မြောက်ပို့စ်မှသည် ၂၀၀...၃၀၀ ....၁၀၀၀၀ အထိ ရေးနှိုင်ပါစေ။
ReplyDeleteဒီထက် ပိုမိုအောင်မြင်မှာပါ..ယုံကြည်တယ် ..တယ်ရင်း ၊၊
ReplyDeleteခင်မင်စွာဖြင့် ..
Republic
အရေးအသားလေးတွေကောင်းလွန်းလှတဲ့ မမရွှေပြည်သူ
ReplyDeleteရဲ့ ၁၀၀ မြောက်ပို့စ်ကို မောင်လေးလဲ လာအားပေးသွား
ပါတယ်။ မမရွှေပြည်သူရဲ့ပို့စ်လေးကို ကျွန်တော် စ ပြီး
အားပေးတဲ့အချိန်က ကျွန်တော်မှတ်မိတယ်။ ကျွန်တော့ ကျောင်းသားလေးသူရထွန်းက မအားလို့မမရွှေပြည်သူကို
တင်ပေးဖို့တောင်းဆိုတဲ့ ပို့စ်လေးက စ လို့ ကျွန်တော်
အားပေးခဲ့တယ်။ ကျွန်တော့ တပည့်လေး သူရထွန်းက
တဆင့် မမရွှေပြည်သူရဲ့ဘလော့လေးကို ရောက်ရှိခဲ့တာ
ပေါ့။ အခု ၁၀၀ မြောက်ပို့စ်လေးကို အမဘယ်
လောက်အားခဲထားခဲ့မယ်ဆိုတာ သိသာပါတယ်။ လင့်
တွေကိုလည်း ချိတ်ထားလိုက်တာ နည်းမှမနည်းပဲ။
ဘယ်ပို့စ်ကိုမဆို ရင်ထဲကထွက်ကျလာတဲ့ စကားလုံး
တွေနဲ့ တန်ဆာဆင်တတ်တဲ့ အမရဲ့ပို့စ်လေးတွေကို
တန်ဖိုးထားပြီး ဖတ်ခဲ့ပါတယ်။ အမရဲ့ အခု ၁၀၀
မြောက်ပို့စ်လေးမှသည် ၁၀၀၀ မြောက် ပို့စ်တိုင်တိုင်
ရေးသားရင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ
လို့ ကျွန်တော် ဆုတောင်းပေးပါတယ်ဗျာ။
မရွှေပြည်သူဆိုတဲ့နာမည်လေးနဲ့လိုက်ပါတယ်နော်။ စာအရေးအသားလည်းကောင်းတယ်နော်။ စာရေးတဲ့နေရာမှာ အနှစ်သာရရှိရှိရေးနိုင်တဲ့ အစ်မရွှေပြည်သူ။ နှစ်ပေါင်းများစွာအထိ စာရေးနိုင်ပါစေ အောင်မြင်ပါစေ အစ်မရေ။
ReplyDelete၁၀၀ ပြည့်သွားပြီပေါ့..
ReplyDeleteဂုဏ်ယူပါတယ် မသူရေ..။
ရေးတဲ့စာတွေကနေ ဗဟုသုတတွေ ရသတွေ ပျော်ရွှင်မှုတွေ ပေးဝေနေကျမို့ ကျေးဇူးတင်လျက်ပါ။
ပြီးတော့ .. အများကြီး ဆက်ရေးပေးဦးမယ် လို့ ယုံကြည်လျက်.. အားပေးလျက်ပါ..။
အစ်မသူ ပျော်ရွှင်ပါစေ :-)
အစ်မရေ့ ပို့ စ် ၁၀၀ တောင်ပြည့်သွားပြီလား ပျော်စရာကြီးပေါ့ ဖတ်ရတဲ့ စာတိုင်း ရသတစ်ခုခုရပြီး ဆွဲဆောင်မှုတစ်မျိုးစီရှိတယ် ဘာသာပြန်ပို့ စ်လေးတွေ ဗဟုသုတရစရာလေးတွေကို တင်ပေးတာလည်း ကျေးဇူးပါ ဟဲဟဲ ဟာသညဏ်အပြည့်မဟုတ်ဘူး ၅ မူးလိုနေတယ် ဂေါက်လိုလို ဘာလိုလိုနဲ့  အဲ့ မောင်မျိုးဆိုတဲ့ ကောင်ပေါ့း) စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ အစ်မရေ့ ပျော်ပျော်ပါးပါး ချီတက်ကြတာပေါ့ ။
ReplyDeleteမရွှေပြည်သူ... Link ချိတ်ရတာတော်တော်မောသွားမှာပဲနော်။ အစ်မပရိသတ်က များကြီးပဲ။ ရသပြည့်တဲ့ Blog လေး ဆက်လက်အောင်မြင်နိုင်ပါစေဗျာ။
ReplyDeleteညီမရေ ပိုစ့်၁၀၀ပြည့် အထိမ်းအမှတ် ပိုစ့်လေးကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ လာလည်ဖတ်ရှုအားပေးပါတယ် ညီမရေ ညီမရဲ့ ၁၀၀မြောက်ပိုစ့်မှသည် နောက်ပိုစ့်ပေါင်း မြောက်များစွာကို ရေးသားနိုင်ပါစေလို့ အကိုလှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ် ညီမရဲ့ စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်တဲ့ အရေးအသားလေးတွေနဲ့ ရသတွေပြည့်ဝတဲ့ ပိုစ့်လေးတွေကို အမြဲတမ်းအားပေးနေမှာပါ ညီမရေ (တစ်နေ့တစ်ခေါက်အမြဲရောက်တယ် ဆိုတဲ့ အကိုပြောခဲ့တဲ့ စကားကို ညီမမှတ်မိမယ်ထင်ပါတယ်) ညီမအလုပ်တွေမအားမလပ်လို့ ပိုစ့်အတင်ကြဲလည်း အကိုကတော့ အမြဲအားပေးနေမှာပါညီမရေ
ReplyDeleteCongrats!!
ReplyDeleteFrom Posts 100 to millions continue to happy blogging.
All the best.
SMNTL
အစ်မရေ အစ်မရဲ့ အောင်မြင်မှု မှတ်ကျောက်လေးအတွက်
ReplyDeleteဂုဏ်ယူပါတယ် .. အစ်မရင်ထဲက စာတွေ ကဗျာတွေ
ခံစားမှုတွေကို ခုထက်မက ဆက်လက် မျှဝေပေးသွားနိုင်ပါစေလို့ ....
ယုံကြည်ပါတယ် အစ်မရေ ..
စာရေးသူတစ်ယောက်ရဲ့ ရင်ခွင်ဟာ တစ်သွင်သွင် စီးနေတဲ့ စိမ့်စမ်းရေလို အေးမြပြီး ဘယ်တော့မှ ခမ်းခြောက်သွားမှာ မဟုတ်ပါဘူး ..
ခင်မင်လေးစားတဲ့
မောင်လေး မိုးသောက်
၁၀၀ ပြည့်မြောက်ပို့စ်လေးအတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကော်မန့်ပွတ်ခဲ့ပါတယ်.
ReplyDeleteဒီ့ထက်ပိုပြီး အောင်မြင်ပျော်ရွှင်စွာနဲ့ စာကောင်းပေမွန်တွေ ရေးသားပြုစုနိုင်ပါစေ.. မရွှေပြည်သူ...
ခင်မင်လေးစားလျက်
ရန်အောင်
ညီမရေ .... ၀မ်းသာ လှိုက်လဲစွာ ရာပြည့်အခမ်းအနားလေးအား ဂုဏ်ယူပါ၏။
ReplyDeleteရေးလိုက်တဲ့  ပို့ စ်တိုင်းမှာ ရသ၊ဗဟုသုတ တခုခုရအောင် ဂရုတစိုက်နဲ့  ရေးသားခဲ့ တာ ခုဆို ပို့ စ်၁၀၀မြောက်ဆိုတဲ့  မှတ်တိုင်လေးတစ်ခုကို ရောက်ခဲ့ပြီပေါ့။ ၀မ်းသာဂုဏ်ယူမိပါတယ် စာရေးကောင်းတဲ့  ညီမ ရွှေပြည်သူရေ..။ နောင်ကိုလည်း ပို.စ်ကောင်းလေးတွေ မကြာခဏ ရေးသားနိုင်ပါစေဗျာ။
ReplyDeleteအမရွှေပြည်သူရဲ့ ရာပြည့်လေးမှ သည် နောင်ရာစုပေါင်း
ReplyDeleteများစွာ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ပို့စ် ၁၀၀ မှသည် ပို့စ် ၁၀၀၀၀၀ကျော်အောင် ရေးနိုင်ပါစေရှင်း)
ReplyDeleteGreenGirl ဆီကိုလည်း လာဦးနော် Hits ၁၀၀၀၀ ပြည့်ရှိတယ် :)
ရွှေပြည်သူရေ အွန်လိုင်းနဲ့ ဝေးနေတာကြာပေမယ့် တစ်ပါတ်လောက်လှည့်လာရင်း ရာပြည့်နဲ့ကြုံတယ်ဗျာ... စာရေကောင်းသလို နာမည်ကို ကြားလိုက်တာနဲ့ မှတ်မိချင်စရာကောင်းအောင်တွေးတတ်တဲ့ ရွှေပြည်သူရေ.. နောင်လည်း ထာဝရ စာပေနဲ့အောင်မြင်သလို ၀ါသနာတွေနဲ့အဆုံးသတ်နိုင်ပါစေသား...
ReplyDeleteမရွှေပြည်ရေ.....
ReplyDeleteပို့(စ်) ၁၀၀ တောင်ပြည့်သွားပြီလား။
အချိန်တွေကလဲ မြန်လိုက်တာ......
မနေ့တနေ့ကလိုပဲ...
ဂုဏ်ယူပါတယ် မရွှေပြည်ရေ......
ဆထက်တပိုး တိုးတိုးပြီး
အကြောင်းအရာစုံ အတွေးစုံ ရေးနိုင်ပါစေ။
Shwe Phyi,
ReplyDeleteCongratulations!
I am really proud of you.
When I first read your blog,I noticed the hits from Jamaica were about 11 and now it went up to 79. I believe that the hits from other countries are increasing too. So Keep it up sis. You have huge fans.
အယင်ကရောက်ဖူးတယ်ဆိုတာ မှတ်မိနေတယ်။ blog ကမ္ဘာမှာ ခြေဦးတည့်ရာ လျှောက်သွားနေသူ တစ်ယောက် ရာပြည့်မှတ်တိုင်ကို မှတ်သွားတယ်။
ReplyDeleteCongratulations!
ReplyDeletePlease carry on your hope and belief.
I like ur artworks not bcoz of our friendship but just bcoz of ur talent. i m hoping to see more posts(especially short stories ;)).
I am glad that my comment meant something to you.(That was my very first comment too :P )
i m really proud for being a friend of yours.
ရာပြည့် ပို့စ်ဆိုတော့ အမှတ်တရလည်းဖြစ် အားလည်း အားကျစွာပေါ့လေ အမှတ်တရ ခြေရာ ချန်ခဲ့ ချင်ပါသည်။
ReplyDeleteရွှေပြည်သူရေ ရာပြည့် ပို့စ် မှသည် နောင် ပို့စ်ပေါင်း များစွာအထိ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ။
ခင်မင် လေးစားစွာဖြင့်
မမရွှေပြည်သူရေ ပို့စ် တရာ မှသည် နောင် ပို့စ်ပေါင်း များစွာအထိ အောင်မြင်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်ပါ ။
ReplyDeleteညီမလေးရေ .........
ReplyDeleteအများကြီး ဂုဏ်ယူပါတယ်...
စာတွေ အများကြီးရေးနိုင်ပါစေ
မရွှေပြည်သူ။
ReplyDeleteကျွန်တော်ကတော့ အစီစဉ်ကျစွာ လွဲချော်မှုတွေနဲ့ ဒီဘလော့ဂ်ကို ရောက်တာထင်တယ်။ ဘယ်တုန်းက ဘယ်လိုရောက်လည်း မမှတ်မိပေမဲ့ နာမည်ကို စမှတ်မိတယ်၊ ပြီးတော့ ဝတ္ထုပုံစံလေးတွေ အရမ်းဖတ်ကောင်းတာ မှတ်မိတယ်။ အွန်လိုင်းဆင်းရဲသူဆိုတော့ ပိုစ့်တင်တိုင်းမရောက်ပေမဲ့ အွန်လိုင်းရောက်တယ်ဆိုရင် လာချောင်းဖြစ်တယ်။
တစ်ရာပြည့်ပြီဆိုတော့ နောက်ထပ်တစ်ရာပေါ့ဗျာ။ မှတ်တမ်းလေးမှာ သတိတရ ထည့်ရေးပေးတာလည်း ကျေးဇူးပါ။ စာလာဖတ်တာကို သူကလည်း အသိအမှတ်ပြုပါလားလို့ တွေးပျော်မိလို့ပါ။
ပျော်ရွှင်အဆင်ပြေပါစေ။
သုခမိန်(E-Journal)
ရွှေဂျမ်းဆီမှတဆင့်သိပြီး ရွှေပြည်သူဆီကို စာလာဖတ်ဖြစ်ပါတယ်။
ReplyDeleteပို့စ်တစ်ရာ ရေးဖို့ဆိုတာကမလွယ်ပါဘူး။ အရေးအသားကောင်းကောင်းနဲ့ ဆက်ပြီး ပို့စ်ပေါင်းများစားရေးသားနိုင်ပါစေ။
အားပေးလျက်ပါ….
စိတ်ကူးတူဆို မောင်နှမတွေပဲ အစ်မရာ...။ ကျွန်တော် တိုက်ဆိုင်လို့ တစ်ခုပြောပြအုံးမယ်..။ အစ်မရဲ့ ပို့စ်တွေ FWD ကျွန်တော့် မေးလ်ထဲကိုလည်း ခဏခဏရောက် ဖူးတယ်..။ အစ်မတော့မသိဘူး... ကာယကံရှင်မဟုတ်တဲ့ ကျွန်တော်တောင် အဲ့ဒီ့ ပို့စ်တွေရရင် တော်တော်ပျော်မိတယ်။ ဒါတွေက အားဆေးတွေပဲလေ။ ကျွန်တော့်ပို့စ်တွေ တစ်ခါမှ အဲလို FWD အလုပ်မခံဖူးဘူး..။ ဒါပေမယ့် အဲ့လိုအလုပ်ခံရတဲ့ ကာယကံရှင်တစ်ယောက် ဘယ်လိုပျော်မယ် ဆိုတာခံစားလို့ရတယ်..။ ဂုဏ်ယူပါတယ် အစ်မရာ..။ နောက်ထပ်တင်မဲ့ ပို့စ်တွေနဲ့ ကျွန်တော့်ဆီ ၀င်လာမယ့် FWD မေးတွေကို မျှော်နေပါ့မယ် :)
ReplyDeleteအစ်မ ဒီထက်ပိုပြီး စာတွေများများရေးနိုင်ပါစေ....
ReplyDelete(သြော် သမီးနာမည်ကို သတိတရနဲ့ ထည့်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင်... ဒါနဲ့ သမီးနာမည်မှာ click နှိပ်လိုက်ရင် blog မပေါ်လာဘူး ဖြစ်နေတယ် အစ်မ....:)
အစ်မ blog မှာ post တစ်ရာပြည့်သွားပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်နော် ...
ဆက်ကြိုးစားသွားပါ....
အားပေးနေမယ်နော်...
:)
ရွှေပြည်သူရေ---- စာအရေးအသားတွေကို
ReplyDeleteကြိုက်လို့ မကြာခဏ ရောက်ပါတယ်။
တခါတရံ ခြေရာမချန်မိခဲ့တာများပါတယ်။
ရှားပါးတဲ့ မိန်းကလေးကလောင်ရှင်ကောင်း
တယောက်ပါပဲ-----
မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှု ကိုချစ်တဲ့
ရွှေပြည်သူကို ချစ်ခင်တန်ဘိုးထားလျက်ပါ
ခင်မင်လျက်
မသက်ဇင်
ညီမရေ…
ReplyDeleteမမအိမ့် (ညီမခေါ်သလို ကိုယ့်ကိုကိုယ်ခေါ်လိုက်တာပါ .. ) ကတော့ ညီမရဲ့ ခုံတန်းပေါ်က နေ့စွဲများ နဲ့ ကျွန်မမုန်းတဲ့သူမ က စပြီး ညီမစာတွေကို စွဲမိတော့တာပါပဲရှင်…
ပိုစ်၁၀၀မှစပြီး ပိုစ်ပေါင်းများစွာကို စိတ်လွတ်လပ်စွာ၊ အရောင်တွေစွန်းထင်းမှု ကင်းမဲ့စွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေလို့ မမအိမ့် ဆုတောင်းလိုက်ပါတယ်နော်…
အောင်မြင်ပါစေနော် ညီမ..
ခင်မင်လျှက်..
http://thoughts-of-a-seagull.blogspot.com/
ReplyDeleteရဲ့ အညွှန်းအရ ပထမဆုံးအကြိမ်
လာလည်ဖြစ်ပါတယ်..ပို့စ် (100)မြောက်ကို
တိုက်တိုက်ဆိုင်ဆိုင်ဖတ်သွားပါတယ်..
ကျန်တဲ့အဟောင်း 99 ခုနဲ့ နောက်ထပ်ရေးမယ့်အသစ်တွေကိုလာဖတ်မယ်နော်
မမရေ.. ပို့စ်တစ်ရာတောင်ပြည့်သွားပြီကိုးး..
ReplyDeleteဂုဏ်ယူပါတယ်နော်... နောက်ထပ်ရေးမယ့်စာတွေလည်းမျှော်နေပါ့မယ်. ဝေလေးနာမည်ထည့်ထားပေးလို့ကျေးဇူးများကြီးတင်ပါတယ်.. မမရွှေပြည်သူတစ်ယောက် နောက်ထပ် ပို့စ်ကောင်းတွေများကြီးရေးနိုင်ပါစေနော်...
Congratulations!တီတီရွှေပြည်သူရေ..
ReplyDeleteပို့စ်100မှသည်အမြှောက်100000ထိရေးနိုင်သော
အစ်မဖြစ်ပါစေလို့ဆုတောင်းပါတယ်။
တီတီဆီကိုလည်းအမြဲတမ်းလာပါတယ်။တီတီ
ရေးတဲ့ပို့စ်တွေကိုလည်းဖတ်ပါတယ်။
စာရေးကောင်းတဲ့တီတီရွှေပြည်သူရေ..
အာဝါး.... နော်.. ဟီးဟီး....
မမရေ၊ ဒီထက်ပိုပြီးအောင်မြင်ပါစေနော်။ :P :P
ReplyDeleteရွှေပြည်သူရေ..
ReplyDeleteစာပေ၀ါသနာပါပြီး စိတ်ကောင်းရှိတဲ့ သူလေး...
(ပိုက်ဆံချီးလို့ပြောတာဟုတ်ဘူးနော်)..
ဒီနိုင်ငံမှာအလုပ်တစ်ဖက်နဲ့ စာတွေရေးနိုင်တာ အရမ်းအားကျမိပါတယ်..
အမရဲ့ဝါသနာတွေတော့ အဝေးမှာကျန်ခဲ့ပါပြီ...
ဟိုးတုန်းက အိမ်မက်တွေနဲ့တူတူပေါ့...
အမအားတာနဲ့ ၀င်ပြီးဖတ်ဖြစ်ပါတယ်...
အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့မို့ မတွေ့ဖြစ်ပေမယ့် မမေ့ပါဘူး...
အရင်အချိန်တွေကိုလဲပြန်သတိရတယ်နော်....
စိတ်ချမ်းသာစွာနဲ့ စာတွေဆက်ရေးနိုင်ပါစေ။
cm
ကျွန်တော့်နာမည် ကျန်ခဲ့တယ် :D။ နောက်တာပါ ကျွန်တော်က နောက်မှရောက်တာပဲ:D။ နေကောင်းအောင်နေနော်။
ReplyDeleteကျွန်တော်ဘလော့နဲ့ အဆက်အသွယ်ပြတ်သွားတာ တော်တော်ကြာသွားပါတယ်။ ဒါပေမယ့် ဒီဘလော့လေးကိုတော့ လေးလေးစားစား၊ မြတ်မြတ်နိုးနိုးနဲ့ လာဖတ်လေ့ရှိပါတယ်။ ခုလည်း မရောက်တာကြာလို့ လာဖတ်သွားပါတယ်။
ReplyDeleteပို့စ်တွေရဲ့ ဆွဲဆောင်မှုကြောင့် တစ်ပုဒ်ချင်းဖတ်လာရာက ရာပြည့်ကျေးဇူးတင်လွှာ အရောက်မှာတော့ အစ်မရွှေပြည်သူကို ကျေးဇူးတင်စကားလေး ပြောချင်လာပါတယ်။ အမှန်တော့ ပို့စ်တစ်ခုချင်း ဖတ်ပြီးတိုင်း တစ်စုံတစ်ခုသော အတွေးအခေါ်၊ ခံစားချက်လေးကို ပီပီပြင်ပြင် ပေးထားတဲ့ အစ်မရွှေပြည်သူကို ကျေးဇူးတင်မိပါတယ်။ အခုလည်း ပို့စ်တစ်ရာတိုင်တိုင် အွန်လိုင်းပေါ်က စာဖတ်သူတွေကို စိတ်နှလုံးပျော်ရွှင်၊ ဥာဏ်အလျင်တိုးပွားစေခဲ့တဲ့ အစ်မရွှေပြည်သူကို ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။
အစ်မရွှေပြည်သူ.. ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဆက်လက်ဖန်တီးမျှဝေပေးနိုင်ပါစေခင်ဗျာ။