အရှုံး
မျက်လုံးတွေ ပိတ်ထားမိကာမှ
ပိုမြင်နေရ
နားတွေ ပိတ်ထားမိကာမှ
ပိုကြားနေရ
အာရုံတွေလည်း ရှုပ်လှပါပြီကွယ်။
မလွမ်းဘူး ဆုံးဖြတ်ပြီးလည်း
မျက်ဝန်းတွေက တမ်းတဆဲ
မတွေးဘူး ဆုံးဖြတ်ပြီးလည်း
ခေါင်းထဲမှာ စွဲသထက်စွဲမြဲ
ကိုယ့်ကိုကိုယ်လည်း မုန်းလှပါပြီကွယ်။
ဘယ်လောက်ပြေးပြေး မဝေးမဲ့အတူတူ
ဘယ်လောက်လှမ်းလှမ်း တမ်းတနေမဲ့အတူတူ…
တော်ပါပြီကွယ်
ရှုပ်တယ်…
မင်းအကြောင်းပဲ… ဆက်စဉ်းစားမယ်…
ရွှေပြည်သူ


အင်းနဲ့နဲ့စီလွမ်းပေါ့ :P
ReplyDelete